၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်
Image

၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်

၁။      စာအုပ်စာတမ်းနှင့်မှတ်တမ်းများ စုဆောင်းထိန်းသိမ်းခြင်း

          (က)    ညွှန်ကြားရေးမှူးချုပ်ရုံးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများ တွင် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်းများ၊ လူနေမှုဘဝများနှင့် စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာ စာအုပ်စာတမ်းများနှင့် သုတစာတမ်းများကို စုဆောင်းထိန်းသိမ်း၍ ရုံးတွင်းစာကြည့်တိုက်ငယ်များကို စနစ်တကျ ထားရှိနိုင်ခဲ့ ပါသည်။

          ()      တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအရ ဆောင်ရွက်သော ပွဲတော်များ၊ အခမ်းအနားများနှင့်နေ့ထူးနေ့မြတ်များကျင်းပပုံနှင့်ဖြစ်ပေါ်လာပုံသမိုင်း များအား စုစည်းခြင်း၊ ကြေးမုံသတင်းစာပါ တိုင်းရင်းသားရေးရာ အချပ်ပိုများကို သိမ်းဆည်းခြင်းတို့ဖြင့် အချက်အလက်များစုဆောင်း၍ စာအုပ်များအဖြစ် ထုတ်ဝေ ခဲ့ရာနဝမအကြိမ်မြောက်အထိ ထုတ်ဝေနိုင်ခဲ့ပြီး ဆက်လက်၍ ဿမအကြိမ်မြောက် တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားနေ့နှင့်နေ့ထူးနေ့မြတ်များ၊ ရိုးရာဓလေ့ထုံးတမ်း များဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းစာအုပ်ကို ထုတ်ဝေနိုင်ရေး  စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

          ()     မြန်မာနိုင်ငံအတွင်းတွင် ပျံ့နှံ့နေထိုင်လျက်ရှိသော တိုင်းရင်းသားလူမျိုးများ၏ အမည်နာမမှည့်ခေါ်ပုံများကိုစုစည်း၍ စာအုပ်ထုတ်ဝေနိုင်ရေး ပြုစုဆောင်ရွက် လျက်ရှိရာ စာအုပ်မူကြမ်းအပေါ် ပြင်ဆင်ဖြည့်စွက်နိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိပါသည်။

          ()    ပြည်ထောင်စုတိုင်းရင်းသားမဂ္ဂဇင်း ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မဂ္ဂဇင်းထုတ်ဝေရေး အယ်ဒီတာအဖွဲ့က ပြုစုတင်ပြလာသည့် စာမူများတွင် တိုင်းရင်းသားများအကြား အမုန်းပွားစေနိုင်သည့် အကြောင်းအရာများပါဝင်ခြင်း မရှိစေရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် စိစစ်မှုများဆောင်ရွက် လျက်ရှိပါသည်။

          ()      မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများ၏ လူနေမှုဘဝ၊ ရိုးရာ ဓလေ့ထုံးတမ်းနှင့် ၎င်းတို့ဒေသရှိ အထင်ကရ သဘာဝအလှအပများကို ဗဟုသုတ အဖြစ် သိရှိနိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ မှတ်တမ်းတင် ထားသည့် အစီအစဉ်များကို ညှိနှိုင်းတောင်းခံရယူပြီး DVD အခွေများဖြင့် ပြန်လည်ကူးယူ၍ ရုံးချုပ်ရှိ ဦးစီးဌာနခွဲများနှင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ညွှန်ကြားရေးမှူး ရုံးများသို့ ပေးပို့ခဲ့ပါသည်။

၂။       တိုင်းရင်းသားစာပေနှင့်ဘာသာစကားတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း

          (က)    ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တိုင်းရင်းသားဘာသာရပ် စာပေသင်ကြားရေး  ဆရာ/ဆရာမများနေရာတွင် တိုင်းရင်းသားဘာသာရပ်စာပေ သင်ကြားနိုင်သည့် ပြင်ပပုဂ္ဂိုလ် Teaching Assistant(TA) ၁၂၁၂ ဦးနှင့် Language Teacher (LT) ၂ ဦး တို့ကို ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ခန့်ထားပေးနိုင်ခဲ့ပါသည်။ ထို့အပြင် တိုင်းရင်းသားဘာသာရပ်စာပေ အသစ်များဖြစ်ကြသည့် (တိုင်းခမ်းတီ၊ မော်ကယ် (ဆလုံ)၊ တောင်ရိုး၊ ခမီ၊ သက်) ၅ မျိုးအတွက်လည်း Teaching Assistant(TA) ၁၂၇ ဦးနှင့် Language Teacher (LT) ၃ ဦးတို့ကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ခန့်ထားပေးနိုင်ခဲ့ပါသည်။

          (ခ)     ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာသင်ကျောင်းများရှိ မူလတန်းပြဆရာ အတတ်သင် စာပေးစာယူသင်တန်း အမှတ်စဉ်(၃၇)တက်ရောက်အောင်မြင်ပြီးသူ တိုင်းရင်းသားဘာသာသင် နေ့စားလပေး TA ဆရာ/ဆရာမ ၂၁၂ ဦးအား မူလတန်းပြ ဆရာ/ဆရာမများအဖြစ် ခန့်ထားနိုင်ရေးအတွက်လည်းကောင်း၊ ရခိုင်ပြည်နယ်၊ အခြေခံပညာကျောင်းများရှိ TA/LT ဆရာ/ဆရာမများ၏ အချက် အလက် အမှန် ပြင်ဆင်နိုင်ရေးအတွက်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် ခဲ့ပါသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့မှ ကရင်၊ အရှိုချင်း၊ ဥ(ပ်)ပူးချင်း တိုင်းရင်းသားစာပေသင် နေ့စား လပေး(TA) ဆရာ၊ဆရာမ အဖြစ် လျှောက်ထားသူ ၁၈ ဦးတို့အား ခန့်ထားနိုင်ရေးအတွက် (SOP)နှင့်အညီ စိစစ်၍ ပညာရေးဝန်ကြီးဌာနသို့  ပေးပို့ဆောင်ရွက်ခဲ့ပါသည်။

          ()     တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများသို့ သင်ကြားခွင့်ရရှိပြီးသည့်   တိုင်းရင်းသားဘာသာရပ်သင်ရိုး(၆၈)မျိုး စာရင်းကိုပေးပို့ခဲ့ပြီး ကျန်ရှိနေသေးသော တိုင်းရင်းသားဘာသာရပ်များ သင်ကြားခွင့်ရရှိရေးအတွက် ပညာရေးဝန်ကြီးဌာနသို့ ပေးပို့ညှိနှိုင်းခဲ့ရာ ယခုအခါ တိုင်းရင်းသားဘာသာရပ်သင်ရိုး (၇၁) မျိုးအထိ သင်ကြားခွင့်ရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

          (ဃ)    အာဆီယံနိုင်ငံများရှိ တိုင်းရင်းသားလူမျိုးများစာအုပ် (ပထမ)အကြိမ် ထုတ်ဝေ ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ပါသည်။

          ()   မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများ၏ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင် ထုံးဖွဲ့မှု မှတ်တမ်းစာအုပ်ကို ပထမအကြိမ် ထုတ်ဝေနိုင်ခဲ့ပြီးဖြစ်ပါသည်။

          ()     တိုင်းရင်းသား ပုံပြ/ပုံပြင်စာအုပ် ၆၆ မျိုးဖြင့် ထုတ်ဝေထားသော တိုင်းရင်းသား ပုံပြ/ပုံပြင် စာအုပ်များကို ၂၀၂၂-၂၀၂၃၊ ၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် များတွင် ပုံနှိပ်ဖြန့်ဝေနိုင်ရန်နှင့် နောက်ထပ်ပုံနှိပ်လိုသော ပုံပြ/ပုံပြင် စာအုပ်များ ရှိပါက   ထပ်မံပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

         ()    ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း တိုင်းရင်းသားစာပေ ကျောင်းသုံးပုံနှိပ်စာအုပ် များ ထုတ်ဝေနိုင်ရန်အတွက် တိုင်းရင်းသားစာပေ ၁၅ မျိုးကို ပညာရေးဝန်ကြီး ဌာန၊ အခြေခံပညာဦးစီးဌာနသို့ ပေးပို့ခဲ့ပါသည်။

၃။      ယဉ်ကျေးမှုအမွေအနှစ်များနှင့်ဓလေ့ထုံးစံများ ထိန်းသိမ်းစောင့်ရှောက်ခြင်း

          (က)    မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု များကိုတိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ကော်မတီများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့၏ ပံ့ပိုးကူညီမှု ဖြင့်မှတ်တမ်းဓာတ်ပုံစာအုပ်(ပထမအကြိမ်)ထုတ်ဝေနိုင်ခဲ့ပြီးဖြစ်ပါ၍ တိုင်းဒေသကြီး နှင့်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများသို့ ၁ အုပ်စီ ပေးပို့နိုင်ခဲ့ပြီး ဖြစ်ပါသည်။

          ()      တိုင်းရင်းသားလူမျိုးများ၏ထင်ရှားပြီး လူကြိုက်များသော တိုင်းရင်းသားရိုးရာအစားစာများကို အများပြည်သူများ ပိုမိုသိရှိလေ့လာနိုင်ရန်အတွက် မှတ်တမ်းတင် Documentary ရိုက်ကူးခြင်းလုပ်ငန်းအား ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် MRTV နှင့်ပူးပေါင်း၍ ရိုက်ကူးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          (ဂ)     တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ထုံးတမ်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ညီနောင် သွေးချင်းမောင်နှမများနှင့်အတူ လက်တွဲဆောင်ရွက်နိုင်ရေးရည်ရွယ်၍ ဦးစီးဌာန (ရုံးချုပ်)မှ ညီယှဉ်တွဲ….တို့မခွဲတေးသီချင်းနှင့် ရေရှည်တည်ဖို့ထိန်းသိမ်းစို့တေးသီချင်းများအား ရေးစပ်သီကုံး အသံသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ပေးပို့၍ ဘာသာပြန်ဆိုခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          (ဃ)    ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာ ဝတ်စားဆင်ယင်မှု အသုံးအဆောင်ပစ္စည်းများနှင့် တူရိယာပစ္စည်းများတို့ကို စုစည်း၍ ပြခန်းများ၊ နေအိမ်များတွင် ခင်းကျင်းပြသထားရှိနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများမှ သက်ဆိုင်ရာ စာပေနှင့်ယဉ်ကျေးမှုကော်မတီ အသင်းအဖွဲ့များထံ ဆက်သွယ်အလှူခံ၍ ပေးပို့လာသော တိုင်းရင်းသားမျိုးနွယ် စုများ၏ ဝတ်စုံများကို လက်ခံထိန်းသိမ်းခြင်းနှင့် ပေးပို့လှူဒါန်းသော အလှူရှင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ()      တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပပြုလုပ်မည့် တတိယ အကြိမ်မြောက် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်ကို Virtual Festival အဖြစ် ကျင်းပနိုင်ရန်အတွက် ဝန်ကြီးဌာန ပြခန်းခင်းကျင်းပြသထားရှိမှုအား ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းနှင့် ပူးပေါင်း၍ ၂၁--၂၀၂၁ ရက်နေ့တွင် ရိုက်ကူးရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

          ()     မြန်မာနိုင်ငံ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ပွဲတော် ဖြစ်သည့်သွေးချင်းတို့ရဲ့ပွဲတော်ဆီပွဲတော်ကို တတိယအကြိမ်မြောက် ကျင်းပ နိုင်ရေးအတွက် ကျပ် ၅၀,၀၀၀,၀၀၀/-(ကျပ်သိန်းငါးရာ)ကို ထောက်ပံ့ပေးအပ်နိုင် ခဲ့ပါသည်။

          ()    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ကျင်းပပြုလုပ်သည့် (၇၄) ကြိမ်မြောက် မွန်အမျိုးသား နေ့အခမ်းအနားကျင်းပရေးအတွက် ကျပ် ၅,၀၀၀,၀၀၀/-(ကျပ်သိန်းငါးဆယ်) ကို ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါသည်။

          ()     တိုင်းရင်းသားအဖွဲ့အစည်းများ၏ အသင်းအဖွဲ့ဆိုင်ရာလုပ်ငန်းများ ပိုမိုအားကောင်း လာစေရေးအတွက် ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား စာပေယဉ်ကျေးမှု အသင်းအဖွဲ့ ၁၂ ဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအသင်းအဖွဲ့ ၄၄ ဖွဲ့တို့အား ကျပ် ၁၂,၃၀၀,၀၀၀/- (ကျပ်တစ်ရာနှစ် ဆယ့်သုံးသိန်း) ကို ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါသည်။

Image