၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်
Image

၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်

၁။      စာအုပ်စာတမ်းနှင့် မှတ်တမ်းများ စုဆောင်းထိန်းသိမ်းခြင်း

                    ညွှန်ကြားရေးမှူးချုပ် ရုံးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ညွှန်ကြားရေးမှူးရုံးများ တွင်ရုံးတွင်းစာကြည့်တိုက် ငယ်များကို စနစ်တကျထားရှိ၍ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်းများ၊ လူနေမှုဘဝများနှင့် စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာ စာအုပ် စာတမ်းများနှင့် သုတစာတမ်း များကို စုဆောင်းထိန်းသိမ်းခဲ့ရာ စုစုပေါင်း ၃၇၀၉ အုပ် ထိန်းသိမ်းထားရှိနိုင်ခဲ့ပါသည်။

၂။       တိုင်းရင်းသားစာပေနှင့် ဘာသာစကားတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း

          (က)    ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် တိုင်းရင်းသားဘာသာစာပေ ဆရာဖြစ် သင်တန်းကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြား ရေးမှူးရုံး၌ ၂၄-၁၀-၂၀၁၉ ရက်နေ့မှ ၂၈-၁၀-၂၀၁၉ ရက်နေ့အထိ ဖွင့်လှစ်ပေးနိုင် ခဲ့ပါသည်။

         ()      မူကြိုအရွယ် ကျောင်းသားများကို သင်ကြားရန် ရည်ရွယ်၍ Unicef နှင့် ပူးပေါင်း ထုတ်ဝေသည့် တိုင်းရင်းသား ပုံပြ/ပုံပြင်စာအုပ် ၆၆ မျိုးကို ၂၀၂၀-၂၀၂၁ ပညာသင် နှစ်တွင် ဖြန့်ဝေနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ အုပ်ရေ ၄၅၂၉၆၈ အုပ်ပေးပို့နိုင်ခဲ့ပြီး အများပြည်သူများ လေ့လာဖတ်ရှုနိုင်ရန်အတွက်လည်း စာပေ ဗိမာန်စာကြည့်တိုက်(ရန်ကုန်) အမျိုးသားစာကြည့်တိုက် နေပြည်တော်နှင့် အမျိုး သားစာကြည့်တိုက် ရန်ကုန်တို့သို့ ပေးပို့လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

         ()      ချင်းပြည်နယ်တွင် ချင်းတိုင်းရင်းသားစာပေ၊ ဘာသာစကား သင်ကြားရေးနှင့် သင်ရိုး စာအုပ်ပုံနှိပ်ရေးတို့အတွက် ဝန်ကြီးဌာနက ဦးဆောင်ကာ ပညာရေးဝန်ကြီးဌာန၊ ချင်းပြည်နယ် အစိုးရအဖွဲ့တို့နှင့်  ညှိနှိုင်းအစည်းအဝေး (Online Meeting) တစ်ရပ် ကျင်းပခြင်းနှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် သတ္တမတန်း မြန်မာစာကျောင်းသုံးစာအုပ်ပါ နောင်အင်းလေးကို လာဖို့ဖိတ်ခေါ်တယ် ခရီးသွား ဆောင်းပါး (သုတရသ စကားပြေ)ပါ  ပြန်လည်ပြင်ဆင်သင့်သည့် အချက်များနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။

၃။      ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဓလေ့ထုံးစံများ ထိန်းသိမ်းစောင့်ရှောက်ခြင်း

          (က)    စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကွယ်ပျောက်လုနီးပါးဖြစ်သော ကတူး၊ ကနန်း တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် လူနေမှုဘဝများအား ရုပ်သံမှတ်တမ်းတင်ခြင်းကို ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်းရှိ စက်တောရွာ နှင့်ဗန်းမောက်မြို့နယ်၊နန်းဇားကျေးရွာများသို့ကွင်းဆင်း၍ ဆောင်ရွက်နိုင်ခဲ့ပါသည်။

          (ခ)      ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် ရခိုင်ပြည်နယ်ရှိ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် မျိုးနွယ်စုများနှင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား လူမျိုးများ၏ပစ္စည်းများ လှူဒါန်းနိုင်ရေး သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း၊ အဖွဲ့ကော်မတီများနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။

          (ဂ)     ဆလုံလူမျိုးများ၏ လူနေမှုဘဝများကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက်  ကော့သောင်းခရိုင်၊ မကြုံဂလက်ကျွန်း၊ ညောင်ဝိကျွန်း နှင့်လမ်ပိကျွန်းများသို့ ၂၃-၂-၂၀၂၀ မှ ၂-၃-၂၀၂၀ အထိ ကွင်းဆင်း လေ့လာခြင်းကို  ဆောင်ရွက်ရာ၌ တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး တာဝန်ခံအနေဖြင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီအဖွဲ့ဝင်အဖြစ် လိုက်ပါ၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

Image