၂၀၁၈ -၂၀၁၉
ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်
၁။ စာအုပ်စာတမ်းနှင့် မှတ်တမ်းများ စုဆောင်းထိန်းသိမ်းခြင်း။
(က) တိုင်းရင်းသားမျိုးနွယ်စုများ၏
ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ သမိုင်းကြောင်းများ၊ အထင်ကရနေရာများ၊ ရိုးရာအစားအသောက်များ၊ ပွဲတော်များနှင့်
နေ့ထူးနေ့မြတ် များအစရှိသည့် အချက်အလက်များအားစုစည်း၍ လက်ကမ်းစာစောင်များ
ပြုစုခြင်း ကိုဆောင်ရွက်ခဲ့ရာ တိုင်းရင်းသားမျိုးနွယ်စု ၆၄ စုတို့၏
အချက်အလက်များကို ပြုစု နိုင်ခဲ့ပါသည်။
(ခ) တိုင်းရင်းသားစာပေနှင့်
ယဉ်ကျေးမှုဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊
ကလောမြို့နယ်၊ တောင်ပို့လှရွာရှိ ထနော့လူမျိုးများ၏ ကထိန် ပွဲတော်ကျင်းပပုံများ၊
လူနေမှုဘဝနှင့် ဓလေ့ထုံးစံများကိုလည်းကောင်း၊ ကယား ပြည်နယ်၊ ဖားဆောင်းမြို့နယ်၊
ဝမ်အောင်းကျေးရွာနှင့် ဘော်လခဲမြို့နယ်၊ စလဲလုံ ကျေးရွာများရှိ ယင်းတလဲလူမျိုးများ၏ လူနေမှုဘဝနှင့် ဓလေ့ထုံးစံများအား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်ရှိ ကွယ်ပျောက်လုနီးပါး
ဖြစ်နေသည့် ကဒူးနှင့် ကနန်းတိုင်းရင်းသား မျိုးနွယ်စုများ၏ လူနေမှုဘဝနှင့် ဓလေ့ ထုံးစံများအားလည်းကောင်း Documentary များအဖြစ် ရိုက်ကူးမှတ်တမ်း
တင်ခြင်း ကိုဆောင်ရွက်ခဲ့ပါသည်။
(ဂ) ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျင်းပခဲ့သည့် ချင်း၊ ရှမ်း၊ ကဒူး၊ ကနန်းနှင့်
နာဂတိုင်းရင်းသားလူမျိုးများ၏ နှစ်သစ်ကူးပွဲတော် ကောက်သစ်စားပွဲတော်၊ အမျိုးသားနေ့
မှတ်တမ်းဓာတ်ပုံများကို စုစည်းမှတ်တမ်း တင်နိုင်ခဲ့ပါသည်။
(ဃ) ၂၅-၁၁-၂၀၁၈ ရက်နေ့တွင်
မြောက်ဦးမြို့နယ်၊ မောင်နှမကျေးရွာ၌ ကျင်းပသည့် ခမီအမျိုးသား ကောက်သစ်စားပွဲတော်
ကျင်းပပုံများကို မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးနိုင်ခဲ့ပါသည်။
၂။ တိုင်းရင်းသားစာပေနှင့် ဘာသာစကားတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။
(က) မြန်မာဘာသာစကားမှသည်
တိုင်းရင်းသားဘာသာစကားဆီသို့ စကားပြောစာအုပ် နှင့်တိုင်းရင်းသားများ၏
ရိုးရာပုံပြင်များ၊ စကားပုံနှင့် စကားထာများကို စုဆောင်း၍ စာအုပ်အဖြစ်စုစည်းနိုင်ခဲ့ပါသည်။
(ခ) မော်ကယ်(ဆလုံ) စာပေသင်ကြားခွင့်ပြုနိုင်ရေးအတွက် ဒေါ်နော်စေးဘေ၏ ဘာသာ ဗေဒနည်းများဖြင့် မြန်မာစာအခြေပြု၍
ရေးသားထားသော သင်ရိုးညွှန်းတမ်း စာအုပ်များတင်ပြမှုအပေါ်
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
(ဂ) ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တိုင်းရင်းသားဘာသာစာပေဖြင့် ကူညီ သင်ကြားပေးရန် နေ့စားလပေး ဆရာ၊ ဆရာမများ Teaching Assistant နှင့် တိုင်းရင်းသား ဘာသာစကား သင်ကြားပေးရန် Language Teacher များ ခန့်ထား နိုင်ရေးအတွက် အဆိုပြုလျှောက်ထားလာသည့်
၁၂၆၅၂ ဦးတို့အား ပညာရေး ဝန်ကြီးဌာနသို့ ထောက်ခံပေးပို့ခဲ့ရာ ၂-၉-၂၀၁၉ ရက်နေ့တွင် Teaching Assistant ၆၉၃၅ ဦးနှင့် Language Teacher ၁၇၅ ဦး၊ စုစုပေါင်း ၇၁၁၀ ဦးတို့ကို ခန့်အပ်ခဲ့ပြီး ဖြစ်ပါသည်။
(ဃ) မူလတန်းအရွယ် တိုင်းရင်းသား ကလေးငယ်များအား
ပညာသင်ကြားရာတွင် အထောက်အကူဖြစ်စေရေးအတွက် ပုံပြ/ပုံပြင်စာအုပ်များကို တိုင်းရင်းသားဘာသာ ၆၆ မျိုးဖြင့်
ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အလိုက်
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှတဆင့် ဖြန့်ဝေ ပေးခဲ့ပါသည်။
(င) စာပေ၊
ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် တိုင်းရင်းသားတို့၏အသင်းအဖွဲ့များ ဖွံ့ဖြိုးလာစေရေး
အတွက် ကချင်ပြည်နယ်မှစာပေနှင့်ယဉ်ကျေးမှုအဖွဲ့
၁၂ ဖွဲ့၊ ကယားပြည်နယ်မှ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ၁၃ ဖွဲ့၊ ချင်းပြည်နယ်မှ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ၁၃ ဖွဲ့ နှင့် တနင်္သာရီတိုင်းဒေသကြီးမှ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ၄ ဖွဲ့တို့အား တစ်ဖွဲ့လျှင် ကျပ် ၅၀၀၀၀ဝိ/ (ကျပ်ငါးသိန်း) နှုန်းဖြင့် ထောက်ပံ့ငွေစုစုပေါင်း ၂၁၀၀၀၀၀ဝိ/ (ကျပ်သိန်း နှစ်ရာ့တစ်ဆယ်) ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ နယ်မြေရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ၈ ဖွဲ့အတွက် ထောက်ပံ့ငွေစုစုပေါင်း ၁၀၅၀၀၀ဝိ/ (ကျပ် တစ်ဆယ်သိန်းငါးသောင်း)ကိုလည်းကောင်း အသီးသီးပေးအပ် ခဲ့ရာ စုစုပေါင်း ၅၀ ဖွဲ့ အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ငွေကျပ် ၂၂၀၅၀၀၀ဝိ/ (ကျပ်သိန်းနှစ်ရာ့ နှစ်ဆယ်ငါးသောင်းတိတိ) ကို ထောက်ပံ့ပေးအပ် နိုင်ခဲ့ပါသည်။
(စ) တိုင်းရင်းသားဒေသ သင်ရိုးစာအုပ် မိတ်ဆက်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး ခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့တွင် မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကျင်းပခဲ့ပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ တိုင်းရင်းသားစာပေ ပညာ ရှင်များ ပြုစုထားသည့် တိုင်းရင်းသားဒေသ သင်ရိုးစာအုပ် ၂၅ မျိုးကို ပုံနှိပ်ထုတ်ဝေ နိုင်ရေး ကိစ္စရပ်များအပေါ် ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပါသည်။
၃။ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဓလေ့ထုံးစံများ ထိန်းသိမ်းစောင့်ရှောက်ခြင်း။
(က) ၈-၁၁-၂၀၁၈ ရက်နေ့တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်သော
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း မြှင့်တင်ရေးကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးသို့
တက်ရောက်၍ ပဲခူးတိုင်း ဒေသကြီးအတွင်း
စာရင်းကောက်ယူထားသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်း ၂ ခုကို အမျိုးသားအဆင့်မှ
နိုင်ငံတကာအဆင့်သို့ တင်သွင်းရန် ရွေးချယ်ရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
(ခ) တိုင်းရင်းသားလူမျိုးများနှင့်
ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၊ ရိုးရာအက အလှ သဘာဝ မှတ်တမ်းဓာတ်ပုံများနှင့်
အဓိကလူမျိုးကြီး ၈ မျိုး အပါအဝင် တိုင်းရင်းသား မျိုးနွယ် ၅၀ တို့၏
ဝတ်စားဆင်ယင်မှုများကို ဝန်ကြီးဌာနပြခန်းအတွင်း ခင်းကျင်း ပြသနိုင်ခဲ့ပါသည်။