၂၀၂၁
-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လအတွင်း
လုပ်ငန်းဆောင်ရွက်ချက်
၁။ မူဝါဒနှင့်ဥပဒေလုပ်ထုံးလုပ်နည်းများရေးဆွဲပြဋ္ဌာန်းခြင်း
(က) တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကို တိုင်းရင်းသားဘာသာ ၅၂ မျိုးသို့ ပြန်ဆိုနိုင်ခဲ့ပြီး
နည်းဥပဒေကို တိုင်းရင်းသား ဘာသာ ၅၁ မျိုးသို့ ဘာသာပြန်ဆို ဖြန့်ဝေနိုင်ခဲ့ပါသည်။
(ခ) တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်
ဥပဒေနှင့် နည်းဥပဒေများကို ရှမ်းနှင့် ပိုးကရင်(အနောက်ပိုး)
ဘာသာများဖြင့် ပြန်ဆို၍ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးများသို့
ဖြန့်ဝေခဲ့ပါသည်။
(ဂ) “မြန်မာနိုင်ငံ
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ (ပဉ္စမ
မူကြမ်း)ကို အတည်ပြုနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
(ဃ) သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ၊
ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊
ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေတို့တွင်
တိုင်းရင်းသားရေးရာကဏ္ဍပါဝင်မှု
ရာခိုင်နှုန်းဆန်းစစ်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
(င) တိုင်းရင်းသားလူမျိုးများ၏
အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ ၂(စ)နှင့်
နည်းဥပဒေ ၃၀ တို့အရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသည့်ဒေသများအဖြစ် ထုတ်ပြန်သတ်မှတ်နိုင်ရေး
စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။
၂။ အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာအခြားလုပ်ငန်းများ
လူနည်းစုဖြစ်သော တိုင်းရင်းသားမျိုးနွယ်စုများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းတို့ကို
ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်း၊ စောင့်ရှောက်ခြင်း၊ အခွင့်အရေးဆုံးရှုံးနစ်နာမှုများမဖြစ်ပေါ်စေရန်
ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ အောက်ပါလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါသည်-
(က) လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင် ရွက်လျက်ရှိသည့်
လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည့် အသက် ၈၅ နှစ်နှင့်အထက်
သက်ကြီးရွယ်အိုများကို ၃ လ တစ်ကြိမ် ထောက်ပံ့ သည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင်
သက်ကြီးရွယ်အိုများအားလုံး ထောက်ပံ့ ကြေးရရှိနိုင်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းများမှတစ်ဆင့် အသိပေးခြင်းများ
ဆောင်ရွက်ခဲ့ပါသည်။
(ခ) တိုင်းရင်းသားလူမျိုးများနေထိုင်ရာဒေသတွင်
စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက် သည့် ဥပဒေနှင့်နည်းဥပဒေများနှင့်အညီဆောင်ရွက်နိုင်ရန်အတွက် အစီရင်ခံကာလ
အတွင်း ဝန်ကြီးဌာန(၃)ခုမှ နားလည်မှုစာချွန်လွှာ(မူကြမ်း)(၁၀)ခုနှင့် ဝန်ကြီးဌာန
(၃)ခုမှ စီမံကိန်းများ၏ ထုတ်လုပ်မှုဆိုင်ရာကိစ္စရပ်များ(၉)ခု၊ စုစုပေါင်း(၁၉)ခု
အား စိစစ်၍ သဘောထားမှတ်ချက်ပြု ပြန်ကြားပေးခဲ့ပါသည်။
(ဂ) ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊
မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊
ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့်
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာနမှ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအဖြစ်
လျှေက်ထားလာသော မြေနေရာ များအား ဥပဒေပုဒ်မ ၃၀-က၊ ပုဒ်မခွဲ ငယ်(ခ)နှင့်(ဂ)အရ “တိုင်းရင်းသားလူမျိုး များ၏ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း
အစဉ်အလာအရ သတ်မှတ်မြေများ” နှင့် “အများပြည်သူနှင့်
တိုင်းရင်းသားများဆိုင်ရာ ဘာသာရေး၊ လူမှု ရေး၊
ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်း ဆက်သွယ်ရေးတို့အတွက်
လက်ရှိအသုံးပြုထားသည့် မြေများ"နှင့် သက်ဆိုင်ခြင်း ရှိ/မရှိ စိစစ်ဆောင်ရွက်ရန်
ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
၃။ စည်းလုံးညီညွတ်မှု
ချစ်ကြည်လေးစားမှုနှင့် ရိုင်းပင်းကူညီမှုတို့ တိုးတက်ဖြစ်ထွန်းစေရေး
ဆောင်ရွက်ခြင်း
တိုင်းရင်းသားအချင်းချင်း
စည်းလုံးညီညွတ်မှု၊ ချစ်ကြည်လေးစားမှုနှင့်ရိုင်းပင်းကူညီမှု
တို့ပိုမိုတိုးတက်ဖြစ်ထွန်းစေလျက် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အပေါ် အထောက်အကူဖြစ်စေရေးအတွက်
တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရာတွင်
အားပေးကူညီခြင်း လုပ်ငန်းများကို အောက်ပါ အတိုင်း ဆောင်ရွက်နိုင်ခဲ့ပါသည်-
(က) တိုင်းရင်းသားတို့၏ ရိုးရာဝတ်စား ဆင်ယင်ထုံးဖွဲ့မှုပုံစံများ၊
တိုင်းရင်းသားတို့၏ တူရိယာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများကို တစ်နေရာ
တည်းတွင်စုံလင် စွာဖြင့် လေ့လာကြည့်ရှုနိုင်စေရန် ဝန်ကြီးဌာနပြခန်းတွင် ခင်းကျင်းပြသခြင်း
လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
(ခ) ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဝင်းအတွင်းရှိ အင်းလေးကန်တွင် ပွင့်လင်းရာသီ ဝန်ဆောင်မှုမြှင့်တင်ခြင်းအနေဖြင့် မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ် နှင့်ပူးပေါင်း၍ မီတာ(၂၀၀) လှေလှော်ပြိုင်ပွဲကြီး ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ရခိုင်နှင့်ကရင် (တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု)အဖွဲ့တို့မှ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပါသည်။
(ဂ) ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာ ဝတ်စားဆင်ယင်မှု အသုံးအဆောင်ပစ္စည်းများနှင့်
တူရိယာပစ္စည်းများတို့ကို စုစည်း၍ ပြခန်းများ၊ နေအိမ်များတွင် ခင်းကျင်းပြသထားရန်အတွက် တိုင်းဒေသ
ကြီးနှင့်ပြည်နယ်ရုံးများသို့ ဆက်သွယ်အလှူခံ၍ ပေးပို့လာသော တိုင်းရင်းသား
မျိုးနွယ်စုများ၏ ဝတ်စုံများကို လက်ခံထိန်းသိမ်းပြီး ပေးပို့လှူဒါန်းသော အလှူရှင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား
ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။
(ဃ) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုကျိကျေးရွာတွင် ကျင်းပပြုလုပ်သည့်
ကရင်ရိုးရာ လက်ချည်ပွဲ အခမ်းအနားနှင့် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၁ ခုနှစ်၊
သာသနာတော်ဆိုင်ရာ သာသနာ နုဂ္ဂဟဘွဲ့တံဆိပ်တော် ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားသို့
သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရှိ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။
(င) တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့်
တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊
မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသ ကြီးရှိ
ညွှန်ကြားရေးမှူးရုံးများတွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်တိုင်းရင်း
သားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်း
ဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသားလူမျိုးများ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ
ထိန်းသိမ်းဖော်ထုတ်မြှင့်တင်နိုင်ရန် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များသို့ ထောက်ပံ့
ငွေများ ပေးအပ်ခဲ့ပါသည်။