၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်
Image

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်

 e - Government 

(က) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန သင်တန်းကျောင်း၌ ဖွင့်လှစ်ပို့ချခဲ့သည့် e-Government နှင့် ICT ဆိုင်ရာ သင်တန်း အမျိုးအစား ၁၀ ခု (၁၀ ကြိမ်) သို့ ဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်း ၁၈ ဦး တက်ရောက်ခဲ့ပါသည်။

(ခ) ၂၄-၈-၂၀၂၂ ရက်နေ့နှင့် ၄-၁၀-၂၀၂၂ ရက်နေ့တို့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဖွင့်လှစ်ခဲ့သည့် Civil Service Personal Database Management System အသုံး ပြုခြင်းဆိုင်ရာသင်တန်းသို့ ဝန်ကြီးဌာနမှ အရာထမ်း (၄) ဦး တက်ရောက်ခဲ့ပါသည်။

(ဂ) တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် GPMS (Government Personal Management System) တွင် ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ၏ ကိုယ်ရေးအချက်အလက်များကို Data Entry ပြုလုပ်ထားရှိပါသည်။

(ဃ) ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် သတင်းအချက်အလက်များ၊ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးခရီးစဉ်များနှင့် ဆောင်ရွက်ချက်များကို ဝန်ကြီးဌာန၏ Official Website ဖြစ်သည့် portal.moea.gov.mm တွင် ၁၄-၁၁-၂၀၂၂ ရက်နေ့မှ စတင်၍ လွှင့်တင်ခဲ့ပါသည်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် Myanmar National Portal ၏ Website ဖြစ်သော https://myanmar.gov.mm တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပတ်သက်သည့် သတင်းများနှင့် ကြေညာချက်များကို အချိန်နှင့် တစ်ပြေးညီ ထုတ်လွှင့်ဖော်ပြနိုင်ရန် အဆိုပါ Website အား တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ Website ဖြစ်သည့် https://portal.moea.gov.mm နှင့် API ချိတ်ဆက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။

(င) တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတွင် Networking တိုးချဲ့တပ်ဆင်ရန် ထပ်မံ လိုအပ်လျက်ရှိသော Access Point (၅၀) ခုကို Cable ဖြင့် သွယ်တန်းခဲ့ပြီး Networking တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းနှင့် CCTV (16) Channel တပ်ဆင်ခြင်းလုပ် ငန်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။

(စ) ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Web page ရှိ E-Service ကဏ္ဍတွင် နိုင်ငံခြားပညာသင် /ကိုယ်စားလှယ် စေလွှတ်ခြင်း၊ ဝန်ထမ်းထုတ်ပစ်၊ ထုတ်ပယ်စာရင်း၊ ဦးစီးအရာရှိ ရာထူးတိုးမြှင့်ခြင်း စသည့်ကိစ္စရပ်များကို ယခင် Hard Copy ဖြင့် ပေးပို့သည့်အစား Data များ ထည့်သွင်းခြင်းဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါသည်။

(ဆ) ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အစည်းအဝေးများခေါ်ယူ၍ ဝန်ကြီးဌာနများသို့ ဦးစီး အရာရှိ ရာထူးတိုးမြှင့်ခြင်းကိစ္စများအတွက် Promotion Management System Software သုံးစွဲရန် User Account များကို ပေးပို့ခဲ့ပါသည်။

(ဇ) ၇-၃-၂၀၂၃ ရက်နေ့မှ ၈-၃-၂၀၂၃ ရက်နေ့အထိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊     e-Government ဌာနခွဲတွင် ဖွင့်လှစ်ခဲ့သည့်  EDMS USER Guide သင်တန်းသို့ ဝန်ကြီး ဌာနမှ အရာထမ်း/အမှုထမ်း ၄ ဦး တက်ရောက်ခဲ့ပါသည်။


Image