၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်
Image

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်

လူမှုဘဝမြှင့်တင်ရေး

၁။ ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသည့် တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့၏ ဒေသများ၌ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး စသည့်ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ ဆက်စပ်ပတ်သက်သူများနှင့် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ပေးခြင်းတို့ကို အောက်ပါအတိုင်း ဆောင်ရွက်နိုင်ခဲ့ပါသည်-

(က) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်ဖြင့် မှတ်ပုံတင်မရရှိသေးသည့် တိုင်းရင်းသားဒေသများတွင် မှတ်ပုံတင်ရရှိရေးအတွက် သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

(ခ) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တိုင်းရင်းသားဘာသာ စာပေသင်ကြားရေး အထောက်အကူပြု ဆရာ၊ ဆရာမများ(Teaching Assistant-TA) ၁၄၅၈ ဦး နှင့် တိုင်းရင်းသား စာပေသင် ဆရာ၊ ဆရာမ (Language Teacher-LT)၂၀ ဦး၊ စုစုပေါင်း ၁၄၇၈ ဦး တို့အား ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ခန့်ထားပေး နိုင်ခဲ့ပါသည်။

(ဂ) နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကရင်ပြည်နယ် (မြောက်ဖက်ခြမ်း) သံတောင်ကြီးဒေသဝန်းကျင် နှင့် လိပ်သိုအနီးဝန်းကျင်ရှိ လျှပ်စစ်မီးအခက်အခဲ ကြုံတွေ့နေရသည့် ကျေးရွာ ပြည်သူများအား မီးရရှိရေးအတွက် 90W ဆိုလာပြားနှင့် ဆက်စပ် ပစ္စည်း ၁၀၀စုံ အား ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါသည်။

(ဃ) ရခိုင်ပြည်နယ်ရှိ ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားဒေသများတွင် လိုအပ်လျက်ရှိသော အခြေခံပညာအလယ်တန်းကျောင်း၊ မူလတန်းလွန် ကျောင်းဆောင်သစ်များ၊ သောက်သုံးရေလုံလောက်မှုရရှိနိုင်ရန် ရေတွင်း ရေကန်များ ၊ ကျေးလက်ဆေးပေးခန်း မြေသားလမ်းများ ပေ (၆၀)၊ ကွန်ကရစ် တံတား ပေ (၁၀၀) စသည့်များကို သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြခဲ့ပြီး ဖြစ်ပါသည်။

(င) တိုင်းရင်းသားရေးရာကိစ္စရပ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရန် တိုင်းရင်းသားလူမျိုးများ၏ လူမှုရေးအသင်းအဖွဲ့များမှတ်ပုံတင်ခွင့်ရရှိရေးအတွက် တည်ဆဲဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်၍ အသင်းအဖွဲ့ ၄၁ ခု အား သဘောထားမှတ်ချက် ပြန်ကြားပေးခဲ့ပြီးဖြစ်ပါသည်။

(စ) ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝဒီရေတော ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးနိုင်ရန် ဆိပ်ခံဗောတံတား (၁) စင်း တည်ဆောက်လျက်ရှိပါသည်။

(ဆ) တိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝမြင့်မားရေးအတွက် သင်တန်းများဖွင့်လှစ် ဆောင်ရွက်ပြီးစီးမှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်         သင်တန်းအမည် ဦးရေ

(ကက) အစားအစာချက်ပြုတ်သင်တန်း (ကရင်၊ ဆလုံ(မော်ကယ်)၊ ထားဝယ်၊ မွန်စသည့် တိုင်းရင်းသားများ၊ တနင်္သာရီတိုင်းဒေသကြီး) သင်တန်းသား (၂၂)ဦး

(ခခ) အဆင့်မြင့်စက်ချုပ်နှင့် ရိုးရာဖက်ရှင်ဒီဇိုင်းသင်တန်း (ရခိုင် ပြည်နယ်၊ စစ်တွေမြို့) သင်တန်းသား(၂၀)ဦး

(ဂဂ) ဆောက်လုပ်ရေးသင်တန်း၊ လက်ကိုင်ဖုန်းပြင် သင်တန်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်း၊ ဂဟေသင်တန်းနှင့် လျှပ်စစ် (အဲယားကွန်း/ ရေခဲသေတ္တာ)၊ စားသောက်ကုန်လုပ်ငန်း သင်တန်း၊ ချည်မျှင်အထည်အလိပ် ကျွမ်းကျင်သူ (၁)နှစ်  သင်တန်း၊ ပထမအကြိမ် လက်ရက်ကန်း (၆)လ သင်တန်း (မြို၊ လောက်တူချင်း၊ လေးတူချင်း၊ ခမီ တိုင်းရင်းသားများ- ရခိုင်ပြည်နယ်၊ စစ်တွေမြို့) သင်တန်းသား(၁၂၆)ဦး

(ဃဃ) ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း ဆောင်ရွက်သည့် အထည်ပုံရိုက်နှင့် ဆေးရေး နည်းပညာသင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းရေး သင်တန်းနှင့်အခြေခံစက်ချုပ်သင်တန်း၊ (ကချင်ပြည်နယ်) သင်တန်းသား(၆၀)ဦး

(ငင) ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) တွင် ဖွင့်လှစ်သည့် လေအေးပေးစက်သင်တန်း၊ ဂဟေ သင်တန်း၊ကွန်ပျူတာအခြေခံသင်တန်း၊လူသုံးကုန်ပစ္စည်းများထုတ်လုပ် မှုနည်းပညာသင်တန်း၊ ရေခဲမုန့် အဖျော် ယမကာလုပ်ငန်း၊ သီးနံအခြခံယိုဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့် နည်းပညာသင်တန်း၊ Bakery & Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်း၊ အသုံးချကွန်ပျူတာဆရာဖြစ်သင်တန်း၊ (မွန်၊ ရခိုင်နှင့် ကရင် တိုင်းရင်းသားများ) ရန်ကုန်တိုင်းဒေသကြီး သင်တန်းသား(၄၇၃)

(စစ) အခြေခံပန်းအလှပြင်သင်တန်း (ချင်း၊ တိုင်းလျမ်(ရှမ်းနီ)၊ နာဂ၊ ဗမာ) စစ်ကိုင်းတိုင်းဒေသကြီး သင်တန်းသား(၂၀)ဦး

(ဆဆ) လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှုနည်းပညာသင်တန်း၊ (နေပြည်တော်) သင်တန်းသား(၂၀)ဦး

စုစုပေါင်း တက်ရောက်သည့် (ဦးရေ) ၇၄၁ ဦး

(ဇ) ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့၏ဒေသများ၌ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့် ကဏ္ဍ များတွင် လူမှုဘဝမြင့်မားရေးအတွက် ထောက်ပံ့ငွေများပေးနိုင်မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ် တိုင်းဒေသကြီး/ပြည်နယ် ကျင်းပသည့် အခမ်းအနားများ ထောက်ပံ့ငွေ (ကျပ်)

(ကက) ရှမ်းပြည်နယ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့သို့ ထောက်ပံ့ခြင်း ၂,၄၀၀,၀၀၀.၀၀

(ခခ) တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့သို့ ထောက်ပံ့ခြင်း ၁,၀၀၀,၀၀၀.၀၀

(ဂဂ) တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ထားဝယ်စလုံ(မော်ကယ်) ကရင်နှင့်မွန်ယဉ်ကျေးမှုအဖွဲ့သို့ ထောက်ပံ့ခြင်း ၉၀၀,၀၀၀.၀၀

(ဃဃ) ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့သို့ ထောက်ပံ့ခြင်း ၅,၀၀၀,၀၀၀.၀၀

(ငင) တနင်္သာရီတိုင်းဒေသကြီး နှင့်ရန်ကုန်တိုင်း‌‌ဒေသကြီး ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားများသို့‌ ထောက်ပံ့ခြင်း ၆,၀၀၀,၀၀၀.၀၀

(စစ) မကွေးတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့သို့ ထောက်ပံ့ခြင်း ၅,၀၀၀,၀၀၀.၀၀

(ဆဆ) ရှမ်းပြည်နယ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့သို့ထောက်ပံ့ခြင်း ၃,၀၀၀,၀၀၀.၀၀

(ဇဇ) ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့သို့ ထောက်ပံ့ခြင်း ၅,၀၀၀,၀၀၀.၀၀

(ဈဈ) ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ထောက်ပံ့ခြင်း ၂,၀၀၀,၀၀၀.၀၀

(ညည) ကရင်ပြည်နယ် (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားအတွက် ထောက်ပံ့ခြင်း ၃,၀၀၀,၀၀၀.၀၀

(ဋဋ) ရှမ်းပြည်နယ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့သို့ ထောက်ပံ့ခြင်း ၇၅၀,၀၀၀.၀၀

(ဌဌ) ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့သို့ ထောက်ပံ့ခြင်း ၅,၀၀၀,၀၀၀.၀၀

(ဍဍ) ကချင်ပြည်နယ်(၇၅) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားအတွက် ထောက်ပံ့ခြင်း  ၄,၂၀၀,၀၀၀.၀၀

(ဎဎ) ကယားပြည်နယ် ကယားပြည်နယ်နေ့ အခမ်းအနားအတွက်ထောက်ပံ့ခြင်း ၃,၅၀၀,၀၀၀.၀၀

(ဏဏ) ရှမ်းပြည်နယ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့သို့ ထောက်ပံ့ခြင်း ၃,၀၀၀,၀၀၀.၀၀

(တတ) ချင်းပြည်နယ် (၇၅) နှစ်မြောက် ချင်းပြည်နယ်နေ့ အခမ်းအနားအတွက် ထောက်ပံ့ခြင်း ၅,၀၀၀,၀၀၀.၀၀

(ထထ) ကချင်ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့သို့ ထောက်ပံ့ခြင်း ၆,၁၀၀,၀၀၀.၀၀

(ဒဒ) မွန်ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့သို့ ထောက်ပံ့ခြင်း ၃,၀၀၀,၀၀၀.၀၀

(ဓဓ) တနင်္သာရီတိုင်းဒေသကြီး၊ ဒုတိယအကြိမ် ဖိုရမ် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာဖိုရမ် အခမ်းအနားသို့ ထောက်ပံ့ခြင်း ၁,၁၅၀,၀၀၀.၀၀

(နန) ကယားပြည်နယ် ယာယီတိုက်ပွဲရှောင် တိုင်းရင်းသားများသို့ ထောက်ပံ့ခြင်း ၁၄,၀၀၀,၀၀၀.၀၀

စုစုပေါင်း ၇၉,၀၀၀,၀၀၀.၀၀



Image