၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်
Image

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်

အသိပညာပေးခြင်း

(က) ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပညာပေးအချက်အလက်များကို တိုင်းရင်းသားဘာသာ (၁၁၆) မျိုးသို့ ဘာသာ ပြန်ဆိုထားပြီး သက်ဆိုင်ရာ ဒေသအသီးသီးတွင် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။  

(ခ) မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြခြင်း အခမ်းအနားသို့ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

(ဂ)  တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့်ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်ဆန်းစစ်စီမံခြင်း အစီအစဉ်ကို တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် (၂၉) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။

(ဃ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ အသိပညာပေးဟောပြောခြင်း အစီအစဉ်(ပထမအကြိမ်)ကို ၁-၆-၂၀၂၂ ရက်နေ့တွင်လည်းကောင်း၊ (ဒုတိယအကြိမ်) ကို ၂၄-၈-၂၀၂၂ ရက်နေ့တွင် လည်းကောင်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။

(င) ၈-၆-၂၀၂၂ ရက်နေ့မှ ၁၀-၆-၂၀၂၂ ရက်နေ့ထိနှင့် ၂၃-၃-၂၀၂၃ ရက်နေ့မှ ၂၅-၃-၂၀၂၃ ရက်နေ့ထိတို့တွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ သိရှိနားလည်စေရန်နှင့် မဆုံးရှုံးစေရန် ရည်ရွယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ (ဖိုရမ်) ကို တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

(စ) ၁၆-၉-၂၀၂၂ ရက်နေ့တွင် ဝန်ကြီးဌာန၏ ရုံးလုပ်ငန်းဌာနများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန် (Version-4.0) အား လိုက်နာနိုင်ရေးအတွက် ရှင်းလင်းဟောပြောခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

(ဆ)  ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သော “ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေပေးအပ်ခြင်းနှင့် တိုင်းရင်းသား ပုံပြ/ ပုံပြင် စာအုပ် ပေးအပ်ပွဲအခမ်းအနား” တွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေများကို တိုင်းရင်းသား ဘာသာ ပြန်ဆိုထားသည့် စာအုပ်များခင်းကျင်းပြသခဲ့ပါသည်။


Image