၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်
Image

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်

ကာကွယ်စောင့်ရှောက်ခြင်း 

၁။ မူဝါဒနှင့်ဥပဒေလုပ်ထုံးလုပ်နည်းများရေးဆွဲပြဋ္ဌာန်းခြင်း။ 

(က) တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကို တိုင်းရင်းသားဘာသာ ၅၂ မျိုးသို့ ပြန်ဆိုနိုင်ခဲ့ပြီး နည်းဥပဒေကို တိုင်းရင်းသား ဘာသာ ၅၁ မျိုးသို့ ဘာသာပြန်ဆို ဖြန့်ဝေနိုင်ခဲ့ပါသည်။

(ခ) အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းနှင့် စပ်လျဉ်း၍ စီမံဆောင်ရွက်ထားရှိမှုအခြေအနေနှင့် တိုးတက်မှုအခြေအနေများ ကိုလည်းကောင်း၊ လူမျိုးပြုန်းစေမှုကို တားဆီးရေးနှင့်ပြစ်ဒဏ်ပေးရေး နိုင်ငံ တကာ သဘောတူစာချုပ်ကို လိုက်နာဆောင်ရွက်ရန်ကိစ္စများကိုလည်းကောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ သက်သေအထောက်အထားနှင့် ပစ္စည်းများကို ထိန်းသိမ်းထားရှိနိုင်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း (၃) လပတ်အလိုက် အစီရင်ခံစာပြုစုတင်ပြခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

(ဂ) တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများစာအုပ် (မြန်မာ + လီဆူ (မြန်မာအက္ခရာ)၊ မြန်မာ + ဥ(ပ်) ပူးချင်း၊ မြန်မာ + စကောကရင်၊ မြန်မာ + ပအိုဝ်း (မြေပြန့်)နှင့် မြန်မာ + ပိုးကရင် (အနောက်ပိုး)) ဘာသာစာအုပ်များအား တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများသို့ ဖြန့်ဝေခဲ့ပါသည်။

(ဃ) တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေ စာအုပ်များအား ဘာသာပြန်ဆိုရန်အတွက် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ကော်မတီများက မျိုးနွယ်စုအလိုက် တင်ပြ သော ကချင် (၆) မျိုးနှင့် ရှမ်း (၅) မျိုးအား မြန်မာဘာသာမှ တိုင်းရင်းသား ဘာသာသို့ ပြန်ဆိုပြီးဖြစ်ပါသည်။

(င) တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်း ဥပဒေ၂(စ)နှင့် နည်းဥပဒေ ၃၀ တို့အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် ဒေသများစာရင်း သတ်မှတ်နိုင်ရေးကိစ္စရပ် များနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ သဘောထားမှတ်ချက်များ ပြန်လည်ရရှိလာမှု အခြေအနေများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ ပယ်ဖျက်/  ပြင်ဆင်/ တိုးချဲ့ဖွဲ့စည်းမှုနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ (၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အထိ) ထွက်ရှိပြီးဖြစ်သော အမိန့်ကြော်ငြာစာများ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ) ထွက်ရှိပြီးဖြစ်သော အမိန့်ကြော်ငြာစာများ နှင့်တိုက်ဆိုင်စိစစ်၍ ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် ဒေသများစာရင်း ထုတ်ပြန် သတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

(စ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီသို့ လျှောက်ထားလာ သောလုပ်ငန်းစာတွဲများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဆောင်ရွက်သော စီမံကိန်းများ၊ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးဆောင်ရွက်မည့် လုပ်ငန်း များနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သဘောထားမှတ်ချက် ပြန်ကြားပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ 

၂။ အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာအခြားလုပ်ငန်းများ။ 

လူနည်းစုဖြစ်သော တိုင်းရင်းသားမျိုးနွယ်စုများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် ရိုးရာ ဓလေ့ထုံးတမ်းတို့ကို ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်း၊ စောင့်ရှောက်ခြင်း၊ အခွင့်အရေးဆုံး ရှုံးနစ်နာ မှုများမဖြစ်ပေါ်စေရန် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ အောက်ပါ လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါသည်-

(က) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ ဆောင်ရွက်လျက်ရှိသည့် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများကို ၃ လတစ်ကြိမ် ထောက်ပံ့သည့်လုပ်ငန်းများ ဆောင်ရွက် ရာတွင် တိုင်း ဒေသ ကြီးနှင့်ပြည်နယ်များရှိ သက်ကြီးရွယ်အိုများ အားလုံးပါဝင်နိုင်ရန် အတွက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ပါသည်။

(ခ) တိုင်းရင်းသားဘာသာပြန်ဆိုထားသည့် ဟွာလ်ငို၊ မွန်၊ ပလောင်၊ စကော ကရင်၊ ဥ(ပ်)ပူး၊ ရဝမ်၊ တီးတိန်(ဇိုမီး) ၊ ရှမ်း၊ ပိုးကရင် (အနောက် ပိုး)နှင့် လီဆူ (မြန်မာအက္ခရာ) တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့် ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ စာအုပ်(၁၀၁) အုပ်ကို  ဖြန့်ဝေပေးခဲ့ပါသည်။

(ဂ) ယူနန်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး တို့အကြား တရုတ်မြန်မာ စီးပွားရေး စင်္ကြံမူဘောင်အောက်တွင် ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာဖော်ဆောင်ရေးဆိုင်ရာလုပ်ငန်း (မူကြမ်း) နှင့်စပ်လျဉ်း၍တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် သက်ဆိုင်သည့် အချက်အလက်များအပေါ် သဘောထားမှတ်ချက်နှင့် အကြံပြုချက်များ ပေးပို့ခဲ့ပါသည်။

(ဃ) သက်ဆိုင်ရာ ပုဂ္ဂလိကအဖွဲ့အစည်းများမှ ၎င်းတို့ဆောင်ရွက်မည့် လုပ်ငန်း အမျိုးအစားအလိုက် ပြုစုထားရှိသော ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း (Environmental Impact Assessment-EIA) အစီရင်ခံစာများနှင့် စပ်လျဉ်း ၍ အစီရင်ခံကာလအတွင်း (၆၂) ခုကို စိစစ် ဆောင်ရွက်ပေးခဲ့ပါသည်။

(င)  တိုင်းရင်းသားလူမျိုးများနေထိုင်ရာဒေသတွင်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ တိုင်းရင်းသားအခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရန် အတွက် ဝန်ကြီးဌာန(၁)ခုမှ သဘောထားမှတ်ချက် တောင်း ခံလာသည့် စမ်းသပ်တိုင်း တာမှုဆိုင်ရာကိစ္စရပ်များ (၁)ခု၊ ဝန်ကြီးဌာန (၂) ခုမှ သဘော ထားမှတ်ချက် တောင်းခံလာသည့် စီမံကိန်းထုတ်လုပ်မှု ဆိုင်ရာကိစ္စ ရပ်များ (၈)ခု၊ဝန်ကြီးဌာန(၅)ခုမှသဘောထားမှတ်ချက်တောင်းခံလာသည့် နားလည် မှုစာချွန်လွှာ (မူကြမ်း) (၂၁)ခု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဝန်ကြီးဌာန (၁) ခုမှသဘောထားမှတ်ချက်တောင်းခံလာသည့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်း (၄)ခု၊ ဝန်ကြီးဌာန (၃)ခုမှ သဘောထားမှတ်ချက် တောင်းခံလာသည့် သဘော တူစာချုပ် Contract Agreement (မူကြမ်း) (၇) ခု၊  စုစုပေါင်း(၄၁)ခု အား စိစစ်၍ သဘောထားမှတ်ချက်ပြု ပြန်ကြားပေးခဲ့ပါသည်။

၃။ စည်းလုံးညီညွတ်မှု၊ ချစ်ကြည်လေးစားမှုနှင့် ရိုင်းပင်းကူညီမှုတို့ တိုးတက်ဖြစ်ထွန်းစေရေး ဆောင်ရွက်ခြင်း။ 

တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု၊ ချစ်ကြည်လေးစားမှုနှင့် ရိုင်းပင်းကူညီမှုတို့ ပိုမိုတိုးတက် ဖြစ်ထွန်းစေလျက် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအပေါ် အထောက်အကူဖြစ်စေရေးအတွက် တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရာတွင် အားပေးကူညီခြင်း လုပ်ငန်းများကို အောက်ပါအတိုင်း ဆောင်ရွက်နိုင်ခဲ့ပါသည်-

(က) ၉-၄-၂၀၂၂ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးပတ်ဝန်းကျင်၌ မီးတားလမ်းဖောက်လုပ်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ပါသည်။

(ခ) ၁၄-၄-၂၀၂၂ ရက်နေ့မှ ၁၆-၄-၂၀၂၂ ရက်နေ့အထိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မြန်မာ့ရိုးရာမိသားစုသင်္ကြန်ရေသဘင်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစောဒန်နီရယ် တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

(ဂ) ၁၇-၄-၂၀၂၂ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားကို ဒုတိယဝန်ကြီး ဦးဆောင်၍ ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

(ဃ) တိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ်အခမ်းအနားများတွင် တင်ဆက်နိုင်စေရန် ရည်ရွယ်၍ ဝန်ကြီးဌာနမှ အကဝါသနာပါသူ ဝန်ထမ်း ၂၂ ဦးအား အမျိုးသား အခြေခံကဗျာလွတ်ပထမအဆင့် (၁၇)ကွက်နှင့် အမျိုးသမီး အခြေခံကဗျာလွတ် ပထမအဆင့်(၄၀)ကွက် တို့ကို သင်ကြားပေးခဲ့ပါသည်။

(င) ၁၆-၆-၂၀၂၂ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲတော်နှင့် ငါးမျိုးစိတ်ထည့်ပွဲ အခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

(စ) ၁၈-၁၂-၂၀၂၂ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုခြင်းနှင့် ခရစ်စမတ် အကြိုကံစမ်းမဲဖောက်ခြင်း၊ ဝန်ထမ်းများနှင့် မိတ်ဆုံစားပွဲအခမ်းအနား အစီအစဉ်များကို ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။

(ဆ) (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ချီတက်အလေးပြုမည့်အဖွဲ့၊ ပြခန်းခင်းကျင်းပြသရေးအဖွဲ့နှင့် အလှပြယာဉ်ပြသရေးအဖွဲ့တို့တွင် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

(ဇ) ၁၇-၂-၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သော တတိယအကြိမ်မြောက် မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ဝန်ကြီးဌာနမှ ဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိခဲ့သည့် အဖွဲ့များအားဆုများ အသီးသီးချီးမြှင့်ခဲ့ပါသည်။

(ဈ) ၃၀-၃-၂၀၂၃ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန (၇) နှစ် မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကိုဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ပါသည်။ 


Image