၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်
Image

၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်

၁။      မူဝါဒနှင့်ဥပဒေလုပ်ထုံးလုပ်နည်းများရေးဆွဲပြဋ္ဌာန်းခြင်း။

          (က) တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကို တိုင်းဒေသကြီးနှင့်ပြည်နယ်တို့ရှိတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီများ၏ အကူအညီဖြင့် တိုင်းရင်းသားဘာသာ ၅၂ မျိုးသို့ ပြန်ဆိုနိုင်ခဲ့ပြီး နည်းဥပဒေကို တိုင်းရင်းသားဘာသာ ၅၁ မျိုးသို့ ဘာသာပြန်ဆို ဖြန့်ဝေနိုင်ခဲ့ပါသည်။

          ()      ၂၉-၁၂-၂၀၂၀ ရက်နေ့တွင် ရွှေ့ပြောင်းတောင်ယာမြေ စိုက်ပျိုးခြင်းနှင့်ပတ်သက် သည့် ပြဌာန်းချက်(မူကြမ်း)နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးပွဲကို မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ()     တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဌာနတွင်းဥပဒေဆိုင်ရာအငြင်းပွားမှု ကိစ္စရပ်များ၊ စာချုပ်စာတမ်းဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုးများနှင့် ပတ်သက်၍ ဥပဒေဆိုင်ရာလိုအပ်သည့်အကြံဉာဏ်များ ပံ့ပိုးဆောင်ရွက်နိုင်ရေး အတွက် ဖွဲ့စည်းသည့် ဥပဒေအကြံပေးအဖွဲ့တွင် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ရုံးမှ အရာထမ်း ဦးက အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။

          (ဃ)    ၂၅--၂၀၂၁ ရက်နေ့တွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ကြီးမှူးကျင်းပသည့် အမုန်းတရားများ ကာကွယ် တားဆီးရေး ဥပဒေ(မူကြမ်း)အပေါ် သဘောထားမှတ်ချက်ပြုနိုင်ရန်အတွက် Online Virtual စနစ်ဖြင့်ပြုလုပ်သည့် ဆွေးနွေးပွဲသို့ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။

          ()      တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်နည်းဥပဒေများ အခန်း()အထွေထွေ၊ နည်းဥပဒေ ၃၀ တွင် ဝန်ကြီးဌာနသည် ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသည့် ဒေသများအား ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အခါအားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်နိုင်သည်ဟုပါရှိပြီး ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသည့်ဒေသများကို ထုတ်ပြန်သတ်မှတ်နိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် အဆိုပြုလိုသည့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် ဒေသများ ဦးစားပေးအဆင့်-၁ ခရိုင် ၃၆ ခရိုင်၊ မြို့နယ် ၆၃ မြို့နယ်နှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့၏ သဘောထား မှတ်ချက်များအပေါ် ပြန်လည်စိစစ် ဆောင်ရွက်လျက်ရှိပါသည်။

          ()     တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ များကို စကောကရင်၊ ပလောင်၊ တီးတိန်၊ ဟွာလ်ငို၊ မွန်၊ ရဝမ် ဘာသာများဖြင့် ပြန်ဆို၍ မြန်မာ+တိုင်းရင်းသားဘာသာပြန်စာအုပ် ထုတ်ဝေနိုင်ခဲ့ပါသည်။

          ()    ၂၂--၂၀၂၁ ရက်နေ့တွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ Zoom Meeting ဖြင့် ကျင်းပပြုလုပ်ပြီး “မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ(ပဉ္စမ မူကြမ်း)အား အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၃။      စည်းလုံးညီညွတ်မှု ချစ်ကြည်လေးစားမှုနှင့် ရိုင်းပင်းကူညီမှုတို့ တိုးတက်ဖြစ်ထွန်းစေရေး ဆောင်ရွက်ခြင်း

                      တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု၊ ချစ်ကြည်လေးစားမှုနှင့် ရိုင်းပင်းကူညီမှု တို့ ပိုမိုတိုးတက်ဖြစ်ထွန်းစေလျက် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အပေါ် အထောက်အကူဖြစ်စေရေးအတွက် တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရာတွင် အားပေးကူညီခြင်း လုပ်ငန်းများကိုလည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှစက်တင်ဘာလ) ကာလအတွင်း အောက်ပါ အတိုင်း ဆောင်ရွက်နိုင်ခဲ့ပါသည်-         

          (က)    ၇-၁၀-၂၀၂၀ ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ စိတ္တသုခပရဟိတ ကျောင်းတိုက်ရှိ မိဘမဲ့နှင့်ဆင်းရဲနွမ်းပါးသော တိုင်းရင်းသားကလေးငယ် ၈၆ ဦးတို့ အတွက်ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ၏လစာငွေဖြင့် ဖိနပ်နှင့်နို့မှုန့်များ ဝယ်ယူ၍ သွားရောက်လှူဒါန်းပေးခဲ့ပါသည်။

          (ခ)      ၂၅-၁၁-၂၀၂၀ ရက်နေ့တွင် လွိုင်ကော်မြို့၊ ပစ္ဆိမာရုံကျောင်းတိုက်၌ ကယားပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၃၁) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာတွင် ဌာနဆိုင်ရာများ၏ မိသားစုပဒေသာပင်အား ဆက်ကပ် လှူဒါန်းခဲ့ရာ ကယားပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများက ပူးပေါင်းပါဝင်လှူဒါန်းခဲ့ပါသည်။

          (ဂ)     ၂၆-၁၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဒဿမအကြိမ် စုပေါင်းမဟာဘုံကထိန် အခမ်းအနားကို ပဲခူးမြို့၊ ကျီးတောင် ကျောင်းတိုက်၌ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများက ပူးပေါင်းပါဝင်လှူဒါန်းခဲ့ပါသည်။

          (ဃ)    ၂၉-၁၁-၂၀၂၀ ရက်နေ့တွင် မုံရွာမြို့၊ ဉာဏလင်္ကာရကျောင်းတိုက်တွင် ကထိန် သင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ စစ်တွေမြို့၊ ကဝိရတနာကျောင်းတိုက်၌ ကထိန်သင်္ကန်းနှင့်ပဒေသာပင် ဆက်ကပ်လှူဒါန်းခဲ့ရာ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများက ပူးပေါင်းပါဝင် လှူဒါန်းခဲ့ပါသည်။

          (င)       ၁၅-၁၂-၂၀၂၀ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ရုံး၌ကျင်းပပြုလုပ်သော ပအိုဝ်းအမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားသို့ ကရင် ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း ၁ ဦး တက်ရောက်ခဲ့ပါသည်။

          (စ)     ၁၃-၁-၂၀၂၁ ရက်နေ့တွင် ကျိုက်မရောမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် ကျင်းပပြု လုပ်သည့် (၈၃) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားများသို့ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း ၂ ဦး တက်ရောက်ခဲ့ပါသည်။

          (ဆ)    ၂၆-၁-၂၀၂၁ ရက်နေ့တွင် ဘားအံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ် သည့် “UNESCO သို့တင်သွင်းမည့် ဒုံးအကတင်ဆက်ကပြသည့် အခမ်းအနား” သို့ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း ၁ ဦး တက်ရောက်ခဲ့ပါသည်။

          (ဇ)     ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ မြို့/ဝင်ထွက် စစ်ဆေးရေးဂိတ်များတွင် နေ့စဉ် စစ်ဆေးကြပ်မတ်နိုင်ရေးအတွက် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ အား အလှည့်ကျစနစ် တာဝန်ခွဲဝေချထားရာ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ၃၁-၁-၂၀၂၁ ရက်နေ့တွင် တာဝန်ချထားခြင်းခံရပါသဖြင့် ပြည်နယ်တာဝန်ခံမှပါဝင် ဆောင်ရွက်ခဲ့ပါသည်။

          (ဈ)     ၁၂-၂-၂၀၂၁ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်သည့် “ပြည်ထောင်စုနေ့အခမ်းအနား” သို့ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း ၁ ဦး တက်ရောက်ခဲ့ပါသည်။

          (ည)    ၂၀-၂-၂၀၂၁ ရက်နေ့တွင် ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးစီးကျင်းပ ပြုလုပ်သည့် “(၇၃) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား” သို့ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း ၁ ဦး တက်ရောက်ခဲ့ပါသည်။

          (ဋ)      ၂၇-၂-၂၀၂၁ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ရှိ မွန်ဓမ္မာ ရုံ၌ကျင်းပပြုလုပ်သည့် (၇၄)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားသို့ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း ၁ ဦး တက်ရောက်ခဲ့ပါသည်။

          (ဌ)      ၁၉-၃-၂၀၂၁ ရက်နေ့တွင် မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပ ပြုလုပ်သည့် (၄၇)နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြခန်းဖွင့်လှစ်ပြသနိုင်ခဲ့ပြီး မွန်ပြည်နယ် ညွှန်ကြား ရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။

          (ဍ)      ၂၀-၃-၂၀၂၁ ရက်နေ့တွင် မွန်ပြည်နယ်ရှိ ကျိုက်ထိုမြို့နယ်နှင့်ဘီးလင်းမြို့နယ် တို့ တွင် ကျင်းပပြုလုပ်သည့် မွန်ပြည်နယ်နေ့အထိမ်းအမှတ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဆက်ကပ်ပူဇော်ခြင်း အခမ်းအနားသို့ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း  ၁ ဦး တက်ရောက်ခဲ့ပါသည်။

          (ဎ)     ၂၇-၃-၂၀၂၁ ရက်နေ့တွင် သထုံမြို့နယ်၊ နောင်ကုလားကျေးရွာ၌ ကျင်းပပြုလုပ် သည့် (၇၂) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားသို့ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း ၁ ဦး တက်ရောက်ခဲ့ပါသည်။

          (ဏ)    ၂၇-၃-၂၀၂၁ ရက်နေ့တွင် လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပ ပြုလုပ်သည့် ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော် များနှင့်သီလရှင်တို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းပွဲသို့ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကယားပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ လှူဖွယ်ဝတ္ထုငွေများ ပါဝင်လှူဒါန်းခဲ့ပါသည်။

          (တ)    --၂၀၂၁ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍လည်းကောင်း၊ --၂၀၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံ၍လည်းကောင်းဝန်ထမ်း များ လိုအပ်ချက်များ၊ ရုံး၏လိုအပ်ချက်များကို မေးမြန်းဆွေးနွေး ဖြည့်ဆည်းပေး ကာရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် လိုအပ်သည်များကို လမ်းညွှန်မှု ပြုခဲ့ပါသည်။

          (ထ)    မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ တာဝန်ပေးချက်အရ ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီနှင့်ပေါင်းစပ်၍ မွန်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော (မွန်၊ ဗမာ၊ ပအိုဝ်း၊ ကရင်) စသည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ကို တစ်နေရာတည်း မြင်တွေ့နိုင်မှုရှိစေရန်နှင့် ယဉ်ကျေးမှုများစဉ်ဆက်မပြတ် ထိန်းသိမ်းရန်အတွက် တိုင်းရင်းသားယဉ်ကျေးမှုဗဟိုဌာန (Ethnic Cultural Center)တည်ဆောက်ဖွင့်လှစ်နိုင်ရေးအတွက် ကော်မတီ()ရပ်ဖွဲ့စည်း၍ လုပ်ငန်း များဆောင်ရွက်လျက်ရှိပါသည်။

          ()      ၁၇--၂၀၂၁ ရက်နေ့တွင် မော်လမြိုင်မြို့၊ ကမ်းနားလမ်းတွင် ကျင်းပပြုလုပ် သော ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားသို့ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း ဦးနှင့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ် သော သက်ကြီး ပူဇော်ပွဲအခမ်းအနားနှင့် ကန်သာယာရေကန်အတွင်း ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း ဦး တက်ရောက်ခဲ့ပါသည်။

          ()     ၂၅--၂၀၂၁ ရက်နေ့တွင် မော်လမြိုင်မြို့၊ မဟာမြတ်မုနိဘုရားဝင်းတွင် ကျင်းပ ပြုလုပ်သည့် ညောင်ရေသွန်းပွဲတော် အခမ်းအနားသို့ မွန်ပြည်နယ် ညွှန်ကြား ရေးမှူးရုံးမှ ဝန်ထမ်းများနှင့်စစ်တွေမြို့၊ ကုန်သည်လမ်း၊ ကျောင်းတက်လမ်း ရပ်ကွက်၊ မဟာဗောဓိဓမ္မာရုံ၊ မရာမာကြီးကျောင်းဟောင်းပရိယတ္တိ စာသင်တိုက် တွင် ကျင်းပပြုလုပ်သည့်()ကြိမ်မြောက် မရာမာကြီးအမျိုးသားနေ့ အခမ်းအနား သို့ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း ဦး တက်ရောက်ခဲ့ပါသည်။

          ()      --၂၀၂၁ ရက်နေ့တွင် မော်လမြိုင်မြို့နှင့်ချောင်းဆုံမြို့သို့ ဆက်သွယ်တည် ဆောက်ထားသော ယခင်(ဗိုလ်ချုပ်အောင်ဆန်း)တံတားမှ သံလွင်တံတား (ချောင်းဆုံ)အဖြစ် အမည်ပြောင်းလဲဖွင့်လှစ်ခြင်း အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း ဦး တက်ရောက်ခဲ့ပါသည်။

          ()     --၂၀၂၁ ရက်နေ့တွင် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်အခမ်းအနားသို့ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း ဦး တက်ရောက်ခဲ့ပါသည်။

          ()     ၂၃--၂၀၂၁ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပ ပြုလုပ်သည့် (၁၈)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲသို့ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း ဦး တက်ရောက် ခဲ့ပါသည်။

          ()     စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် လွိုင်ကော်မြို့နယ် မှုံပြာကျေးရွာ၊ မှုံပြာကျေးရွာ နတ်ကွန်းအနီး၊ ဘီလူးချောင်း သဘာဝရေပြင်နှင့် လွိုင်ကော်မြို့၊ နောင်ယားကန် ရေပြင် အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားတွင် ကယား ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှပါဝင်၍ ငါးမျိုးစိုက်ထည့်ခဲ့ပါသည်။

          (ဘ)    ၁၇--၂၀၂၁ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်သည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့်ဆန်အိတ် ထောက်ပံ့ခြင်းအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း ဦး တက်ရောက်ခဲ့ပါသည်။

Image