၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်
Image

၁။ စာအုပ်စာတမ်းများ စုဆောင်းထိန်းသိမ်းခြင်း။

(က) ညွှန်ကြားရေးမှူးချုပ်ရုံးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးရုံး များတွင် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်းများ၊ လူနေမှုဘဝများ နှင့်စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာ စာအုပ်စာတမ်းများ၊ သုတ/ရသ စာအုပ် စာတမ်းများကို စုဆောင်းထိန်းသိမ်း၍ ရုံးတွင်းစာကြည့်တိုက်ငယ်များကို စနစ်တကျထားရှိနိုင်ခဲ့ပါသည်။

(ခ)     မြန်မာနိုင်ငံအတွင်းတွင် ပျံ့နှံ့နေထိုင်လျက်ရှိသော “တိုင်းရင်းသားလူမျိုးများ၏ အမည်နာမမှည့်ခေါ်ပုံများ” စာအုပ်ကိုထုတ်ဝေနိုင်ရေးအတွက် အချက်အလက်များ စုစည်းဆောင်ရွက်ထားရှိပါသည်။

(ဂ)   တိုင်းရင်းသားလူမျိုးများ၏ ဆောင်ရန်၊ ရှောင်ရန် ရိုးရာဓလေ့များနှင့်  အတိတ် နိမိတ်များစာအုပ်နှင့် ပြည်ထောင်စုတိုင်းရင်းသားမဂ္ဂဇင်း (ပထမစာအုပ်)ကို ထပ်မံပုံနှိပ်၍ ဒုတိယအကြိမ် ထုတ်ဝေနိုင်ခဲ့ပါသည်။

(ဃ)  တိုင်းရင်းသားများနှင့်သက်ဆိုင်သော ရိုးရာယဉ်ကျေးမှု၊ ပုံပြ/ပုံပြင် စာအုပ်များ၊ စကားထာ၊ စကားပုံ၊ ဆိုရိုးစာအုပ်များကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်  စာအုပ်ပေါင်း (၇၃၀,၇၇၈) ကို ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။

(င) ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၌ ၁၀-၆-၂၀၂၂ ရက်နေ့မှ ၁၈-၆-၂၀၂၂ ရက်နေ့ထိ တိုင်းရင်းသားရိုးရာ အစားအစာချက်ပြုတ်နည်း အစီအစဉ် တတိယအကြိမ်မြောက် ဟင်းလျာ (၈) မျိုးနှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်) တေးသီချင်းများအတွက် MTV ရိုက်ကူးခြင်း ကို ဝန်ကြီးဌာနမှ ဝန်ထမ်းများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

(စ) တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရ ဆောင်ရွက်သော ပွဲတော်များ၊ အခမ်းအနားများနှင့် နေ့ထူးနေ့မြတ်များ ကျင်းပပုံနှင့် ဖြစ်ပေါ် လာပုံ သမိုင်းများအား စုစည်းခြင်း၊ ကြေးမုံသတင်းစာပါ တိုင်းရင်းသားရေးရာ အချပ်ပိုများကို သိမ်းဆည်းခြင်းတို့ဖြင့် အချက်အလက်များ စုဆောင်း၍ နဝမ အကြိမ်မြောက်သမိုင်းအကျဉ်းစာအုပ် ထုတ်ဝေနိုင်ခဲ့ပြီးဖြစ်ပါသည်။

၂။ တိုင်းရင်းသားစာပေနှင့်ဘာသာစကားတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။

(က)  တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ သင်ကြားခွင့်ရရှိပြီး ဖြစ် သည့် တိုင်းရင်းသားဘာသာရပ်သင်ရိုး ၇၂ မျိုးကို သင်ကြားခွင့်ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။  

(ခ)  ဟွာလ်ငို၊ တီးတိန်(ချင်း)၊ ဖလမ်း၊ ပိုးကရင်နှင့် စကောကရင် စသည့် တိုင်းရင်း သားဘာသာများဖြင့်ရေးသားထားသည့်ခရစ်ယာန်ဘာသာရေးစာအုပ်များတွင် တိုင်းရင်းသားလူမျိုးအချင်းချင်း၊ နိုင်ငံသားအချင်းချင်း လူမျိုး ရေး/ဘာသာ ရေး နှင့်ယဉ်ကျေးမှုတို့အရ ထိခိုက်နစ်နာစေမည့်အကြောင်းအရာများ ပါဝင်မှုရှိ/ မရှိ စိစစ်ပေးနိုင်ပါရန်သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များသို့ ညှိနှိုင်းပေးခဲ့ပါသည်။

(ဂ) လူမှုရေးဆိုင်ရာ အကြောင်းအရာများပါဝင်ရေးလမ်းညွှန် (Social Content Guideline-SCG) ဖြင့် Grade-6 အခြေခံသင်ရိုးညွှန်းတမ်းသစ် ဆန်းစစ်ချက် အပေါ် ဖြည့်စွက်အကြံပြုချက်များကို ပညာရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့ပါသည်။

(ဃ)  တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုများ၊   ရိုးရာဓလေ့ထုံးတမ်းများနှင့် နေ့ထူး နေ့မြတ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီများမှ ပေးပို့သော ရိုးရာဓလေ့ ထုံးတမ်းများ၊ ကြေးမုံသတင်းစာ အထူးကမှ တိုင်းရင်းသားရေးရာများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ညွှန်ကြားရေးမှူးရုံးများမှ ပေးပို့သော ဆောင်းပါး များအား မှတ်တမ်းထားရှိ အသုံးပြုနိုင်ရန် စုဆောင်းထားရှိပြီး စာအုပ် (၁၈) အုပ် မြောက်အထိ ထုတ်ဝေနိုင်ခဲ့ပါသည်။

(င) ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးအနေဖြင့်  “ကရင်တိုင်းရင်းသားလူမျိုးတို့ ၏ ကိုင်းမြေနှင့် ငါးရှာခြင်းအကြောင်းဆောင်းပါး၊ စစ်ကိုင်းတိုင်းဒေသကြီး၊  ညွှန်ကြားရေးမှူးရုံးအနေဖြင့် “မြောက်ပိုင်းချင်းတိုင်းရင်းသားတို့၏ ဂီတနှင့် အကအခုန်” ဆောင်းပါး၊ မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအနေဖြင့် “ရိုးရာယဉ်ကျေးမှုအစဉ်အလာများကို တည်တံ့အောင်ထိန်းသိမ်းစောင့်ရှောက် နိုင်ရေး” ဆောင်းပါး၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးအနေဖြင့် “ ဓမ္မရာဇာမင်း (ကျန်စစ်သား) နန်းတည်မွန်ကျောက်စာ အကြောင်းအရာနှင့် မွန်ဓလေ့သိမှတ် ဖွယ်ရာများ” အကြောင်းစသည့်တို့အား ရေးသားပြုစုခဲ့ပါသည်။

၃။ ယဉ်ကျေးမှုအမွေအနှစ်များနှင့်ဓလေ့ထုံးစံများ ထိန်းသိမ်းစောင့်ရှောက်ခြင်း။ 

(က)   တိုင်းရင်းသားလူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာအရ ဆောင် ရွက်သော အခမ်းအနားများ၊ နေ့ထူးနေ့မြတ်များနှင့် ပွဲတော်များ၊ နှစ်သစ်ကူး ပွဲတော်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

(ခ)     တိုင်းရင်းသားမျိုးနွယ်စု (၇၆) မျိုး၏ ရိုးရာဝတ်စား ဆင်ယင်ထုံးဖွဲ့မှုများ၊ တူရိယာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများကို တစ်နေရာတည်းတွင် စုံလင်စွာဖြင့် ဝန်ကြီးဌာန ပြခန်း၌ ခင်းကျင်းပြသထားရှိပါသည်။

(ဂ)   တိုင်းရင်းသားလူမျိုးစုများ၏ ခေတ်အလိုက် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုမှတ်တမ်း ဓာတ်ပုံစာအုပ်ကို ပထမအကြိမ် ထုတ်ဝေခဲ့ပြီးဖြစ်၍ ကျန်ရှိနေသေးသည့် တိုင်းရင်းသားလူမျိုးစုများ၏ မှတ်တမ်းဓာတ်ပုံစာအုပ်ကို ဒုတိယအကြိမ် ထုတ်ဝေနိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ထားရှိပါသည်။

(ဃ)   ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးအနေဖြင့် (၇၅) နှစ်မြောက် စိန်ရတု ချင်း အမျိုးသားနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ကျပန်းစကား ပြိုင်ပွဲဆုနှင့် ယဉ်ကျေးမှုအဖွဲ့အား ဂုဏ်ပြုဆုတို့အတွက် ချင်းပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် တွန်းဇံစာပေနှင့် ယဉ်ကျေးမှုအဖွဲ့သို့ ပေးအပ်ခဲ့ပါသည်။

Image