၂၀၁၉ -၂၀၂၀
ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်
၁။ မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများ
ရေးဆွဲပြဋ္ဌာန်းခြင်း
(က) လွှတ်တော်နှစ်ရပ်က အတည်ပြုခဲ့သည့် ပြင်ဆင်ချက်များအတိုင်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ အတည်ပြုခဲ့ပါသဖြင့် ၁၀-၇-၂၀၂၀ ရက်နေ့တွင် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်နည်းဥပဒေများ ပြင်ဆင်ချက် ပထမအကြိမ်ကို အတည်ပြု ထုတ်ဝေနိုင်ခဲ့ပါသည်။
(ခ) တိုင်းရင်းသားလူမျိုးများ၏
အခွင့်အရေးကာကွယ်စောင့််ရှောက်သည့် နည်းဥပဒေကို တိုင်းရင်းသားစာပေနှင့်
ယဉ်ကျေးမှုအဖွဲ့များ၏ အကူအညီဖြင့် တိုင်းရင်းသား ဘာသာ ၅၁ မျိုးသို့
ဘာသာပြန်ဆိုဖြန့်ဝေနိုင်ခဲ့ပါသည်။
(ဂ) တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး
ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ ရည်ရွယ်ချက်များနှင့် မြန်မာနိုင်ငံ၏
ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအတိုင်း
ပြည့်ဝအောင်မြင်နိုင်ရေးကို ရှေ့ရှုလျက် မြန်မာ နိုင်ငံ တိုင်းရင်းသားလူမျိုးများ၏
အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ(၂၀၂၀-၂၀၃၁) တတိယမူကြမ်းအား
ရေးဆွဲအတည်ပြုနိုင်ခဲ့ပါသည်။
၂။ အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာအခြားလုပ်ငန်းများ
လူနည်းစုဖြစ်သော တိုင်းရင်းသားမျိုးနွယ်စုများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းတို့ကို ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်း၊
စောင့်ရှောက်ခြင်း၊ အခွင့်အရေး
ဆုံးရှုံးနစ်နာမှုများမဖြစ်ပေါ်စေရန် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများကိုလည်း
ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အောက်ပါလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပါသည်-
(က) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင် ရွက်လျက်ရှိသည့်
လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည့် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို
၃ လ တစ်ကြိမ် ထောက်ပံ့သည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင်
သက်ကြီးရွယ်အိုများအားလုံး ထောက်ပံ့ကြေး ရရှိနိုင်ရန် တိုင်းဒေသကြီး ပြည်နယ်အသီးသီးရှိ
တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းများမှတစ်ဆင့် အသိပေးခြင်းများ
ဆောင်ရွက်ခဲ့ပါသည်။
(ခ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ကိုယ်ဝန် ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးသူငယ်များအား ငွေကြေး ထောက်ပံ့သည့် အစီအစဉ်တွင်အသုံးပြုရန် လက်ကမ်းစာစောင်များအား ချင်းပြည် နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် အဓိက အသုံးပြုလျှက်ရှိသည့် တိုင်းရင်းသား ဘာသာစကားများဖြင့် ဘာသာပြန်ဆိုပေးခြင်းကို ဆောင်ရွက်နိုင်ခဲ့ ပါသည်။
(ဂ) တိုင်းရင်းသားအခွင့်အရေးများ
ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေကို တိုင်းရင်းသားဘာသာများသို့
ပြန်ဆိုနိုင်ရေးအတွက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ချင်းပြည်နယ်၊
ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ သက်ဆိုင်ရာ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့်
တွေ့ဆုံဆွေးနွေးခြင်းကို ၁-၁၁-၂၀၁၉ ရက်နေ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်နိုင်ခဲ့ ပါသည်။
(ဃ) အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကယန်း တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း၊ ဇန်နီယက်(ချင်း) စာပေနှင့်ယဉ်ကျေးမှု အသင်း၊
ဒါးရင်ဒူး(ချင်း) စာပေနှင့်ယဉ်ကျေးမှုအသင်း၊ ဒင်ဒီးဒရင်းမ်(ဒင်ဒီးအိမ်မက်) အသင်း၊ ခိုလုံလီရှော တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်၊ ဂလိုဘယ်(လ်)ပရဟိတ လူမှုရေးအသင်း(G.C)၊ သျှမ်းတိုင်းရင်းသားများအသင်း(နေပြည်တော်)နှင့် တိုင်းရင်း သားလူသားချင်း စာနာမှုကူညီရေးအသင်း(ကချင်ပြည်နယ်)တို့အား မှတ်ပုံတင်ခွင့် တို့နှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့သို့ သဘောထားမှတ်ချက်ပေးခြင်းကို ဆောင်ရွက်နိုင်ခဲ့ပါသည်။
(င) တိုင်းရင်းသားလူမျိုးများနေထိုင်ရာဒေသတွင် ဖော်ဆောင်မည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနများမှ ပေးပို့လာသည့် နားလည်မှုစာချွန်လွှာ(မူကြမ်း) ၂၇ စောင်၊
စမ်းသပ်တိုင်းတာရေးနှင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးအပါအဝင် လုပ်ငန်းစီမံကိန်း
၂၂၁ ခု တို့အပေါ်စိစစ်၍ တိုင်းရင်းသားလူမျိုးများ၏ အခွင့်ရေး
ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရေး အတွက် သဘောထားမှတ်ချက်
ပြန်ကြားပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။
၃။ စည်းလုံးညီညွတ်မှု
ချစ်ကြည်လေးစားမှုနှင့် ရိုင်းပင်းကူညီမှုတို့ တိုးတက်ဖြစ်ထွန်း စေရေး ဆောင်ရွက်ခြင်း
တိုင်းရင်းသားအချင်းချင်း
စည်းလုံးညီညွတ်မှု၊ ချစ်ကြည်လေးစားမှု
နှင့်ရိုင်းပင်း ကူညီမှုတို့ ပိုမိုတိုးတက်ဖြစ်ထွန်းစေလျက် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအပေါ်
အထောက်အကူ ဖြစ်စေရေးအတွက် တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်အထိမ်းအမှတ် အခမ်းအနားများကျင်းပရာတွင် အားပေးကူညီခြင်း လုပ်ငန်း များကိုလည်း ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အောက်ပါအတိုင်း
ဆောင်ရွက်နိုင်ခဲ့ပါသည်-
(က) ရှမ်းပြည်နယ်အတွင်း ညောင်ရွှေမြို့တွင် ၅-၁၀-၂၀၁၉
ရက်နေ့၌ အင်းလေး ဖောင်တော်ဦးဘုရား ရုပ်ပွားတော်များ ဒေသစာရီ လှည့်လည်ပူဇော်ခံခြင်း
အခမ်း အနားနှင့် ရိုးရာလှေပြိုင်ပွဲသို့လည်းကောင်း တောင်ကြီးမြို့နယ်၊
ပုံအင်းဒေသတွင် ၆-၁၀-၂၀၁၉ ရက်နေ့၌ ကျင်းပပြုလုပ်သည့် ရှမ်းရိုးရာ လှေပြိုင်ပွဲသို့
လည်းကောင်း၊ ၁၉-၁၁-၂၀၁၉ ရက်နေ့တွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူထုတွေ့ဆုံပွဲသို့ လည်းကောင်း၊ ၇-၂-၂၀၂၀ ရက်နေ့တွင် တောင်ကြီးမြို့၌ ကျင်းပပြုလုပ်သည့်
(၇၃)နှစ်မြောက် ရှမ်းပြည်နယ် နေ့အခမ်းအနားသို့
လည်းကောင်း၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ
တက်ရောက်အားပေးခဲ့ကြပြီး ၂၅-၂-၂၀၂၀ ရက်နေ့တွင်
ညောင်ရွှေ မြို့နယ်၊ ကျားတွန်ကျေးရွာ၌ ကျင်းပပြုလုပ်သည့် (၁၁)
ကြိမ်မြောက် တောင်ရိုး အမျိုးသားနေ့အခမ်းအနားသို့ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ
အရာထမ်း၊ အမှု ထမ်းများနှင့်အတူ ပြည်ထောင်စုဝန်ကြီးရုံးမှ ညွှန်ကြားရေးမှူးချုပ်
တက်ရောက် ကာ ပြည်ထောင်စုဝန်ကြီး၏ သဝဏ်လွှာကို ဖတ်ကြားပေးခဲ့ပါသည်။
(ခ) ၂၇-၁၁-၂၀၁၉ ရက်နေ့တွင် ထားဝယ်မြို့၊ ရှေးဟောင်းသုတေသနနှင့်
အမျိုးသား ပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမှုပြတိုက်တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ထားဝယ်အမျိုးသားနေ့ အခမ်းအနား၊ ထားဝယ်ရိုးရာလှေလှော်
သရုပ်ပြပွဲနှင့်ပြိုင်ပွဲသို့ ပြည်ထောင်စုဝန်ကြီး
နိုင်သက်လွင် တက်ရောက်အားပေး ချီးမြှင့်ခဲ့ပြီး ထောက်ပံ့ငွေ ကျပ် ၁၀၀၀၀၀၀/-(ကျပ်တစ်ဆယ်သိန်း)ကို ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။
(ဂ) မွန်တိုင်းရင်းသားလုပ်ငန်းရှင်အဖွဲ့(ဗဟို)မှ ကြီးမှူး၍ ၂-၁၁-၂၀၁၉
ရက်နေ့မှ ၃-၁၁-၂၀၁၉ ရက်နေ့အထိ
မော်လမြိုင်မြို့၊ တော်ဝင်ဟင်္သာဟိုတယ်တွင် ပထမအကြိမ် ကျင်းပသည့် 2019 MON
BUSINESS FORUM အခမ်းအနားသို့ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ပါဝင်တက်ရောက်
ဆွေးနွေးခဲ့ပါသည်။
(ဃ) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်
၁၅-၁၁-၂၀၁၉ မှ ၁၆-၁၁-၂၀၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းဖွင့်ပွဲနှင့် စီးပွားရေး
(Forum)သို့ ပြည်ထောင်စုဝန်ကြီး
နိုင်သက်လွင်နှင့်အတူ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊
ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက် အားပေးခဲ့ပြီး ထောက်ပံ့ငွေကျပ် ၁၀၀၀၀၀၀/-(ကျပ်တစ်ဆယ်သိန်း) ကို ထောက်ပံ့ ပေးအပ်နိုင်ခဲ့ပါသည်။
(င) မွန်ပြည်နယ်နှင့်
ကရင်ပြည်နယ်ဒေသတွင်း လူမျိုးစုများ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းဖလှယ်ခြင်း
အစီအစဉ်အဖြစ် ကရင်ပြည်နယ်၊ ဘားအံ မြို့၊ Queen Hotel ၌
၂၃-၁၁-၂၀၁၉ ရက်နေ့မှ ၂၇-၁၁-၂၀၁၉
ရက်နေ့အထိ ကျင်းပ ပြုလုပ်သည့် စုစည်းညီညာတွဲလက်ခိုင်မာ အပတ်စဉ်(၂) Regional Integration Fellowship Program Phase II အစီအစဉ်သို့ လည်းကောင်း၊ ကယန်းစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့က ဦးစီး၍
ကရင်ပြည်နယ်၊ လိပ်သိုမြို့၌ ၂၆-၁၁-၂၀၁၉ မှ ၂၈-၁၁-၂၀၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်သည့်
ကယန်းနှစ်သစ် ကူးပွဲတော် အခမ်းအနားသို့လည်းကောင်း၊ ၈-၃-၂၀၂၀ ရက်နေ့၌ ကရင်ပြည်နယ်တွင် ကျင်းပ ပြုလုပ်သည့် ပအိုဝ်းအမျိုးသားနေ့
အခမ်းအနားသို့လည်းကောင်း ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်အားပေးခဲ့
ပါသည်။
(စ) ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဝါရီကောခူကျေးရွာတွင်
၂၇-၁၁-၂၀၁၉ ရက်နေ့၌ ကျင်းပပြုလုပ်သည့် ကယန်းနှစ်သစ်ကူးမင်္ဂလာနေ့ အခမ်းအနားသို့လည်းကောင်း၊
ကယားပြည်နယ်အတွင်း ၃-၁-၂၀၂၀ ရက်နေ့တွင် ကျင်းပသည့် (၇) ကြိမ်မြောက်
မနုမနော(ကော်ယော်) အမျိုးသားနေ့အခမ်းအနားသို့လည်းကောင်း၊ ၈-၃-၂၀၂၀ ရက်နေ့၌ ကျင်းပသည့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့လည်းကောင်း၊
ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်းအမှုထမ်းများ တက်ရောက်အားပေးခဲ့ ကြပါသည်။
(ဆ) တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊
ဒုတိယဝန်ကြီး ဦးလှမော်ဦးနှင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ တိုင်းရင်းသားစာပေနှင့်
ယဉ်ကျေးမှုအသင်းအဖွဲ့များ တွေ့ဆုံပွဲကို ၁၈-၁၁-၂၀၁၉ ရက်နေ့တွင်လည်းကောင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့်
တွေ့ဆုံပွဲကို ၂၇-၁၂-၂၀၁၉ ရက်နေ့တွင်လည်းကောင်း၊
ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး ဝန်ကြီးဌာနနှင့် တိုင်းရင်းသား
အသင်းအဖွဲ့များကြား ပူးပေါင်းဆောင်ရွက်ရန်လို အပ်သည့် ကိစ္စရပ်များ တိုင်းရင်းသားစာပေအသင်းအဖွဲ့များ၏
တင်ပြချက်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါသည်။
(ဇ) တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
နိုင်သက်လွင်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံတိုင်းရင်းသားများ၊ တိုင်းရင်းသားစာပေနှင့်
ယဉ်ကျေးမှုအသင်းအဖွဲ့များ တွေ့ဆုံပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီး
အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ၁၄-၁၂-၂၀၁၉
ရက်နေ့တွင် ကျင်းပပြုလုပ် နိုင်ခဲ့ပါသည်။
(ဈ) ၁၅-၁၂-၂၀၁၉ ရက်နေ့တွင် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပပြုလုပ်သည့် (၄၅) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားသို့
ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးအနေဖြင့် တက်ရောက်အားပေးချီးမြှင့်ခဲ့ပါသည်။
(ည) ၂၆-၁၂-၂၀၁၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်း၌ ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့
အခမ်းအနား ကျင်းပရေးအတွက် ထောက်ပံ့ငွေ
ကျပ် ၁၀၀၀၀၀၀/- (ကျပ်တစ်ဆယ်သိန်း)ကို ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တက်ရောက်ချီးမြှင့်ကာ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့သည့် သဝဏ်လွှာကို
ဖတ်ကြားပေးခဲ့ပါသည်။
(ဋ) ရန်ကုန်မြို့၊
တိုင်းရင်းသားကျေးရွာ၌ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက်
ထောက်ပံ့ငွေကျပ် ၁၀၀၀၀၀၀/- (ကျပ်တစ်ဆယ် သိန်း) ကိုလည်းကောင်း၊ နောင်ချိုမြို့တွင် ဒုတိယအကြိမ် ဓနုအမျိုးသားနေ့ ကျင်းပ နိုင်ရေးအတွက်
ထောက်ပံ့ငွေကျပ် ၁၀၀၀၀၀၀/- (ကျပ်တစ်ဆယ်သိန်း)ကို လည်းကောင်း၊ ချင်းပြည်နယ် တီးတိန်မြို့ ရိုးရာခွာဒိုပွဲတော် အခမ်းအနား ကျင်းပ နိုင်ရေးအတွက် ကျပ် ၁၀၀၀၀၀၀/-(ကျပ်တစ်ဆယ်သိန်း)
ကိုလည်းကောင်း၊ မြန်မာ နိုင်ငံတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ပွဲတော် အဖြစ်ကျင်းပသည့် သွေးချင်းတို့ရဲ့ပွဲတော် ကျင်းပနိုင်ရေးအတွက် ထောက်ပံ့ငွေ ကျပ် ၅၀၀၀၀၀၀၀/- (ကျပ်သိန်းငါးရာ) ကိုလည်းကောင်း၊ နာဂရိုးရာ နှစ်သစ်ကူး အခမ်းအနားသို့ ထောက်ပံ့ငွေ ၁၀၀၀၀၀၀/- (ကျပ်တစ်ဆယ်သိန်း) ကို လည်းကောင်း၊ ဟိုပန်ခရိုင် ဟိုပန်မြို့တွင် ၄၄ ကြိမ်မြောက် “ဝ” တိုင်းရင်းသားများ စုပေါင်းနှစ်သစ် ကူးပွဲတော် အခမ်းအနား ကျင်းပနိုင်ရေးအတွက် ထောက်ပံ့ငွေ ၁၀၀၀၀၀၀/-
(ကျပ်တစ်ဆယ်သိန်း)ကိုလည်းကောင်း၊
၂၀၂၀
ပြည့်နှစ်
ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျရောက်သည့် (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်း အနားကို မော်လမြိုင်မြို့တွင် ကျင်းပနိုင်ရေးအတွက် ထောက်ပံ့ငွေ ၃၅၀၀၀၀၀/- (ကျပ်သုံးဆယ့်ငါးသိန်း) ကိုလည်းကောင်း၊ (၇၂)နှစ် မြောက် ချင်းအမျိုးသားနေ့အား နေပြည်တော်တွင် ကျင်းပနိုင်ရေးအတွက် ထောက်ပံ့ငွေ ၅၀၀၀၀၀၀/- (ကျပ်သိန်း ငါးဆယ်)နှင့် ချင်းပြည်နယ် ထန်တလန်မြို့တွင် ကျင်းပ နိုင်ရေးအတွက် ငွေကျပ် ၁၀၀၀၀၀၀/- (ကျပ်တစ်ဆယ်သိန်း) တို့ကို လည်းကောင်း အသီးသီး ထောက်ပံ့ပေး အပ်နိုင်ခဲ့ပါသည်။
(ဌ) နေပြည်တော် ပြည်ထောင်စုနယ်မြေ
နန်းလွင်စန်းကျေးရွာ၌ ကယန်းနှစ်သစ်ကူး ပွဲတော် ကျင်းပနိုင်ရေးအတွက် ထောက်ပံ့ငွေကျပ်
၂၀၀၀၀၀၀/- (ကျပ်နှစ်ဆယ် သိန်း) ကိုပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး
ဌာနမှ ညွှန်ကြားရေးမှူးချုပ် တက်ရောက်ချီးမြှင့်အားပေးခဲ့ပါသည်။
(ဍ) နေပြည်တော်၊
ပျဉ်းမနားမြို့နယ်၊ မဲပေါက်ကျေးရွာအုပ်စု ဂမုန်းတောင်ကျေးရွာ၌ ၂၆-၁၂-၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကရင်အမျိုးသား
နှစ်သစ်ကူးနေ့ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် တက်ရောက်၍
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုဝန်ကြီးထံမှပေးပို့သည့်
သဝဏ်လွှာ များအား ဖတ်ကြားပေးခဲ့ပြီး ပျော်ပွဲရွှင်ပွဲများတွင် ဝန်ကြီးဌာနမှ
အရာထမ်း၊ အမှုထမ်းများ တက်ရောက်ပါဝင်ဆင်နွှဲခဲ့ပြီး အခမ်းအနားကျင်းပရေး ထောက်ပံ့ငွေ
ကျပ် ၅၀၀၀၀၀၀/-
(ကျပ် သိန်းငါးဆယ်) ကိုပေးအပ်ထောက်ပံ့နိုင်ခဲ့
ပါသည်။
(ဎ) ၂၈-၁၂-၂၀၁၉ ရက်နေ့တွင် ကျင်းပသည့် (၄၅) ကြိမ်မြောက် အာခါအမျိုးသားနေ့ ကျင်းပရေးအတွက် ထောက်ပံ့ငွေ ကျပ် ၁၀၀၀၀၀၀/- (ကျပ်တစ်ဆယ်သိန်း) ကို ထောက်ပံ့ပေးအပ်နိုင်ခဲ့ပြီး အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးလှမော်ဦး တက်ရောက်ချီးမြှင့်ခဲ့ပါသည်။
(ဏ) တိုင်းရင်းသားအဖွဲ့အစည်းများ၏ အသင်းအဖွဲ့ဆိုင်ရာလုပ်ငန်းများ ပိုမိုအားကောင်း လာစေရေးအတွက် တိုင်းရင်းသားစာပေနှင့်
ယဉ်ကျေးမှုအသင်း (၁၉) သင်းတို့အား ထောက်ပံ့ငွေ ကျပ် ၃၄၀၀၀၀၀/-
(ကျပ်သုံးဆယ့်လေးသိန်း) ကို ထောက်ပံ့ပေးအပ် ခဲ့ပါသည်။
(တ) တိုင်းရင်းသားလူမျိုးများအကြား အမြင်ချင်း
ဖလှယ်နိုင်ပြီး ဒေသန္တရဗဟုသုတများ ရရှိကာ ချစ်ကြည်လေးစားမှုနှင့် ရိုင်းပင်းကူညီမှုတို့
တိုးတက်ဖြစ်ထွန်းစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးနှင့်
ဧရာဝတီတိုင်းဒေသကြီးရှိ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ
ကိုယ်စားလှယ် ၁၀၁ ဦးတို့အတွက် နေပြည်တော်နှင့် ရန်ကုန်လေ့လာရေးခရီးစဉ်ကို ၂၇-၁၁-၂၀၁၉
ရက်နေ့မှ ၁-၁၂-၂၀၁၉ ရက်နေ့ထိ လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ နေပြည်တော်နှင့်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ
ကိုယ်စားလှယ် ၉၆ ဦးတို့အတွက် နေပြည်တော်၊
ရန်ကုန်လေ့လာရေး ခရီးစဉ်ကို ၄-၃-၂၀၂၀ ရက်နေ့မှ ၈-၃-၂၀၂၀ ရက်နေ့ထိလည်းကောင်း
စီစဉ်ဆောင်ရွက်ပေး နိုင်ခဲ့ပါသည်။
(ထ) မွန်ပြည်နယ်၊
မော်လမြိုင်မြို့တွင် ၉-၂-၂၀၂၀ ရက်နေ့၌
ကျင်းပပြုလုပ်သည့် (၇၂) ကြိမ်မြောက် မွန်အမျိုးသားနေ့
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်
ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်အားပေးခဲ့ပါသည်။
(ဒ) မွန်ပြည်နယ် သထုံမြို့တွင် ၈-၃-၂၀၂၀ ရက်နေ့၌ ကျင်းပခဲ့သည့် (၇၁)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးရုံးမှ ညွှန်ကြားရေး
မှူးချုပ် တက်ရောက်အားပေး၍ ပြည်ထောင်စုဝန်ကြီး၏ သဝဏ်လွှာကို ဖတ်ကြား ပေးခဲ့ပြီး
ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ ပါသည်။
(ဓ) ပဲခူးတိုင်းဒေသကြီးတွင်
၈-၃-၂၀၂၀ ၌ ကျင်းပသည့်
ပအိုဝ်းအမျိုးသားနေ့ အခမ်း အနားသို့ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊
အမှုထမ်းများ တက်ရောက်အားပေးခဲ့ပါသည်။
(န) ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ကျားတွန်ကျေးရွာတွင် ၂၅-၂-၂၀၂၀ ရက်နေ့တွင် ကျင်းပသည့် (၁၁)ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးရုံးမှ
ညွှန်ကြားရေးမှူးချုပ် တက်ရောက်၍ အခမ်းအနား ကျင်းပနိုင်ရေးအတွက် ငွေကျပ် ၁၀၀၀၀၀၀/- (ကျပ်တစ်ဆယ်သိန်း)ကို ပေးအပ် ထောက်ပံ့နိုင်ခဲ့ပါသည်။