၂၀၁၈
-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်
၁။ မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများ
ရေးဆွဲပြဋ္ဌာန်းခြင်း
(က) တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများ ထုတ်ပြန်နိုင်ရန် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၆/၂၀၁၉) သို့ တင်ပြခဲ့ပြီး ၂၃-၈-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၉) ဖြင့် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများ ကိုထုတ်ပြန်နိုင်ခဲ့ပါသည်။
(ခ) တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာမဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲကို တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနက ဦးစီး၍ ၁၉-၉-၂၀၁၉ ရက်နေ့တွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပနိုင်ခဲ့ရာ ဝန်ကြီးဌာနမှ ဝန်ထမ်းများအပါအဝင် ၁၃၆ ဦး တက်ရောက်၍ ဆွေးနွေးခဲ့ကြပါသည်။
၂။ အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ
အခြားလုပ်ငန်းများ
လူနည်းစုဖြစ်သော တိုင်းရင်းသားမျိုးနွယ်စုများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုနှင့်ရိုးရာဓလေ့ထုံးတမ်းတို့ကို ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်း၊ စောင့်ရှောက်ခြင်း၊ အခွင့်အရေးဆုံးရှုံးနစ်နာမှုများမဖြစ်ပေါ်စေရန်
ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း
အောက်ပါလုပ်ငန်းများကို ဆောင်ရွက် နိုင်ခဲ့ပါသည်-
(က) တိုင်းရင်းသားဘာသာ စာပေသင်ကြားမည့် နေ့စားလပေး ဆရာ/ဆရာမ Teaching Assistant နှင့် တိုင်းရင်းသားဘာသာ သင်ကြားမည့် Language Teacher များ ရွေးချယ်ခန့်ထားရာတွင် သင်ယူလိုသူ မူလတန်းအဆင့်ကျောင်းသား ၁၀ ဦးမှ ၁၀၀ ဦးထိရှိပါက ဆရာ ၁ ဦးနှုန်း၊ ၁၀၁ ဦးမှ ၂၀၀ ဦး ထိရှိပါက ဆရာ ၂ ဦးနှုန်း ခန့်ထားပေးနိုင်ရေး မူဝါဒချမှတ်နိုင်ရန် ပညာရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများနှင့် တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးခြင်းကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါသည်။
(ခ)
တိုင်းရင်းသားပြည်သူများအတွင်း ကျယ်ကျယ်ပြန့်ပြန့်
နားလည်သိရှိနိုင်စေရန် အတွက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနက
သက်ဆိုင်ရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ချိတ်ဆက်၍ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို
ဂျိန်းဖောတိုင်းရင်းသား ဘာသာ၊ ပအိုဝ်း တိုင်းရင်းသားဘာသာ၊ ဂုံရှမ်း တိုင်းရင်းသား ဘာသာနှင့်
တအာင်း(ပလောင်)
တိုင်းရင်းသားဘာသာများဖြင့် ပြန်ဆို ဖြန့်ဝေနိုင် ခဲ့ပါသည်။
(ဂ) တီးတိန် စာပေနှင့်ယဉ်ကျေးမှုဗဟိုအသင်း၊ ဇိုတုန်(ဇိုတုံး) စာပေနှင့်ယဉ်ကျေးမှု အဖွဲ့၊ ကျေးလက်တိုင်းရင်းသား ရေရှည်ပညာရေးအသင်းအဖွဲ့၊ မြန်မာအက္ခရာ ကယန်းစာပေပြန့်ပွားရေးအသင်း၊ လီဆူ
မြန်မာအက္ခရာစာပေနှင့် ရိုးရာယဉ်ကျေးမှု အသင်း၊ မြန်မာနိုင်ငံ
ရဝမ်နှစ်ခြင်းခရစ်ယာန် ဘာသာဝင်များ၏ လူမှုကူညီရေး အသင်း၊ နိုးရုဒ် ချင်းလူသားချင်းစာနာမှုဆိုင်ရာ
ဖောင်ဒေးရှင်း၊ မတူစာပေနှင့် ယဉ်ကျေးမှုအသင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ လားဟူစာပေနှင့်ယဉ်ကျေးမှုအသင်းချုပ်၊
အရှို(ချင်း) အမျိုးသားစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ(ရန်ကုန်)၊ ထာဒိုချင်း စာပေနှင့်ယဉ်ကျေးမှုအသင်း၊
တာရွှန်းစာပေနှင့်ယဉ်ကျေးမှုအသင်း၊ ကရင်အမျိုးသား မျိုးနွယ်စုများအသင်း စသည့်တိုင်းရင်းသားအသင်းအဖွဲ့ စုစုပေါင်း ၁၃ ဖွဲ့တို့အား အသင်းအဖွဲ့မှတ်ပုံတင်ခွင့် ရရှိနိုင်ရေးအတွက်
သက်ဆိုင်ရာဌာနများသို့ စိစစ်တင်ပြ ပေးနိုင်ခဲ့ပါသည်။
၃။ စည်းလုံးညီညွတ်မှု
ချစ်ကြည်လေးစားမှုနှင့် ရိုင်းပင်းကူညီမှုတို့ တိုးတက်ဖြစ်ထွန်းစေရေး
ဆောင်ရွက်ခြင်း
တိုင်းရင်းသားအချင်းချင်းစည်းလုံးညီညွတ်မှု၊ ချစ်ကြည်လေးစားမှုနှင့်ရိုင်းပင်းကူညီမှု
တို့ပိုမိုတိုးတက်ဖြစ်ထွန်းစေလျက် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အပေါ်
အထောက်အကူဖြစ်စေရေးအတွက် တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရာတွင် အားပေးကူညီခြင်းနှင့် အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ
လုပ်ငန်းများကိုလည်း ၂၀၁၈−၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အောက်ပါအတိုင်း ဆောင်ရွက်နိုင်ခဲ့ပါသည်-
(က) ၂၀-၁၀-၂၀၁၈ ရက်နေ့တွင် တောင်ငူမြို့နယ်၊
ရွှေလေးအင်း ကျေးရွာအုပ်စု၊ ကြူဇောင်းကျေးရွာတွင် ကျင်းပပြုလုပ်သည့် ကယားရိုးရာ
အဲဒိုပေါ်မီ(ခ)ဒီးကူး ပွဲတော်အခမ်းအနားသို့
ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့်အတူ တိုင်းရင်း သားအခွင့်အရေးများ
ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း များပါဝင်တက်ရောက်ခဲ့ပါသည်။
(ခ) ၇-၁၁-၂၀၁၈ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကျင်းပပြုလုပ်သည့် (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တက်ရောက်အားပေးခဲ့ပါသည်။
(ဂ) တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးလှမော်ဦးသည် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်
များနှင့် ၁၃-၁၁-၂၀၁၈ ရက်နေ့တွင် ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များနှင့် ၂၄-၁၁-၂၀၁၈ ရက်နေ့တွင် ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံး
(ယာယီ)အစည်းအဝေးခန်းမ၌လည်းကောင်း၊ ကချင်ပြည်နယ်အတွင်းရှိ
တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုကော်မတီ ၁၂ ဖွဲ့တို့နှင့် ၁၆-၁-၂၀၁၉ ရက်နေ့တွင်
ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းဝေးခန်းမ(၂)၌လည်းကောင်း တွေ့ဆုံ၍
တိုင်းရင်းသားရေးရာ ကိစ္စရပ်များအပေါ် ရင်းရင်းနှီးနှီး လက်ခံဆွေးနွေးခဲ့ပါသည်။
(ဃ) စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၌ ၇-၁၂-၂၀၁၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် ၂၁၁၃ နှစ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော်သို့ ဒုတိယဝန်ကြီး ဦးလှမော်ဦး တက်ရောက်အားပေးခဲ့ပါသည်။
(င) ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၌ ၈-၁၂-၂၀၁၈ ရက်နေ့တွင် ကျင်းပပြု လုပ်သည့် ၂၁၁၃ နှစ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော်သို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တက်ရောက်
အားပေးခဲ့ပါသည်။
(စ) ၂၈-၁၂-၂၀၁၈ ရက်နေ့တွင် ကျိုင်းတုံမြို့၌ကျင်းပပြုလုပ်သည့်
အာခါနှစ်သစ်ကူး စုပေါင်းပွဲတော်၊ အာခါအမျိုးသားနေ့ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးလှမော်ဦး တက်ရောက် အားပေးခဲ့ပါသည်။
(ဆ)
(၆၇)နှစ်မြောက်ကယားပြည်နယ်နေ့အထိမ်းအမှတ်
အခမ်းအနားကို တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက
ဦးဆောင်၍ ကယား ပြည်နယ်၊ လွိုင်ကော်မြို့၌ ၁၅-၁-၂၀၁၉ ရက်နေ့တွင်
စည်ကားသိုက်မြိုက်စွာ ကျင်းပပေးနိုင်ခဲ့ပါသည်။
(ဇ) ၂၀-၁-၂၀၁၉ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး
နိုင်သက်လွင်က ကချင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ
၁၂ ဖွဲ့တို့ကို ကချင် ပြည်နယ် အစိုးရအဖွဲ့ရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌
လက်ခံတွေ့ဆုံခဲ့ပါသည်။
(ဈ) ၂၅−၁−၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊
ကျိုက္ကဆံကွင်း၌ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ကြီးမှူး၍ ကျင်းပပြုလုပ်သည့် သွေးချင်း တို့ရဲ့ပွဲတော်ဆီ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်
ညွှန်ကြားရေးမှူးချုပ် ၂ ဦး တို့ တက်ရောက်အားပေးခဲ့ပါသည်။
(ည) ၂၀-၂-၂၀၁၉ ရက်နေ့တွင် ပဲခူးမြို့၌ကျင်းပသည့် (၇၂) ကြိမ်မြောက် မွန်အမျိုးသား နေ့(ဗဟို) အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။
(ဋ) နေပြည်တော်တွင်
ကရင်နှစ်သစ်ကူးအခမ်းအနား၊ ချင်းအမျိုးသားနေ့အခမ်းအနား၊ ပအိုဝ်းအမျိုးသားနေ့(အကြို)
အခမ်းအနားများ ကျင်းပပြုလုပ်နိုင်ရေးအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ စီနှင့်
ပဲခူးမြို့တွင် (၇၂)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပရန်အတွက်
ထောက်ပံ့ငွေ ကျပ် ၃၅ သိန်းတို့ကို ပေးအပ်ခဲ့ရာ အခမ်းအနားများ ကျင်းပနိုင်ရေးအတွက်
စုစုပေါင်းထောက်ပံ့ငွေ ကျပ် ၁၈၅ သိန်းကို ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါသည်။
(ဌ) ၉-၄-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ် ကယားပြည်နယ်လုံး ဆိုင်ရာ စုပေါင်းကေ့ထျိုးဘိုး (ခေါ်) ဂန်းခွမ့်တံခွန်တိုင်ပွဲတော် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တက်ရောက်၍ ကမ္ဗည်းမော်ကွန်း ကျောက်စာ တိုင်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အမှာစကားပြောကြားပေးခဲ့ပါသည်။
(ဍ) ၁၀-၄-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊
ဒီမော့ဆိုမြို့နယ်၌ ကျင်းပပြု လုပ်သည့် (၁၉)ကြိမ်မြောက် ကယန်းအမျိုးသားနေ့
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင် တက်ရောက်၍
အမှာစကားပြောကြားပေးခဲ့ပါသည်။
(ဎ) ၂၉-၄-၂၀၁၉
ရက်နေ့တွင် ချင်းပြည်နယ်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ ကိုယ်စား လှယ်များနှင့်
တာဝန်ရှိသူများအား တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊
ယာယီရုံးခန်း၌တွေ့ဆုံ၍ ဒုတိယဝန်ကြီး ဦးလှမော်ဦးက လိုအပ်သည်များကို
ဆွေးနွေးလမ်းညွှန်မှာကြားခဲ့ပါသည်။
(ဏ) အချင်းချင်း ချစ်ကြည်ရင်းနှီးမှု
ရရှိစေရန်နှင့် နေပြည်တော်၏ ဖွံ့ဖြိုးတိုးတက်မှု များကို သိရှိလေ့လာနိုင်ရေးအတွက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ် တို့ရှိ တိုင်းရင်းသားစာပေနှင့်
ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ် ၉၃ ဦး ပါဝင်သည့် အဖွဲ့ကို ၁၄-၂-၂၀၁၉ ရက်နေ့မှ ၁၈-၂-၂၀၁၉ ရက်နေ့အထိ
လည်းကောင်း၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ တိုင်းရင်းသား
စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ် ၉၄ ဦး ပါဝင်သည့် အဖွဲ့ကို ၂၇-၅-၂၀၁၉ ရက်နေ့မှ ၃၁-၅-၂၀၁၉ ရက်နေ့အထိ လည်းကောင်း၊ ကယား ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့
များမှ တိုင်းရင်းသားကိုယ်စားလှယ် ၁၀၇ ဦးပါဝင်သည့် အဖွဲ့ကို ၂၁-၇-၂၀၁၉ ရက် နေ့မှ ၂၅-၇-၂၀၁၉ ရက်နေ့အထိ လည်းကောင်း နေပြည်တော်သို့ လေ့လာရေးခရီး
စဉ် ၃ ကြိမ် ဖိတ်ခေါ်ခဲ့ပြီး ခရီးစဉ်တွင် ကိုယ်စားလှယ်အဖွဲ့ဝင်များအား Junction
Center၊ ရေပန်းဥယျာဉ်၊ ငလိုက်ဆည်ဆင်စခန်း၊ ဗုဒ္ဓဂါယာ၊ မဟာသကျရံသီ
ရုပ်ရှင်တော်မြတ်၊ ဥပ္ပါတသန္တိစေတီတော်၊ အမျိုးသားအထိမ်းအမှတ် ဥယျာဉ်၊
စစ်သမိုင်းပြတိုက်၊ ဆာဖာရီဥယျာဉ်၊ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်၊ လွှတ်တော်၊
အမျိုးသားပြတိုက်၊ ကျောက်မျက်ရတနာပြတိုက်နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
(တပ်ကုန်း) အစရှိသည့်နေရာများသို့ပို့ဆောင်ပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်
စုဝန်ကြီးက လေ့လာရေးအဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ၍ ဝန်ကြီးဌာန၏ ဆောက်ရွက်ချက်များနှင့်
ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဂုဏ်ပြုညစာစားပွဲ များဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
(တ) ၄-၆-၂၀၁၉ ရက်နေ့တွင် လာရောက်လေ့လာကြသည့်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အခြေပြု လူ့စွမ်းအားအရည်အသွေးမြှင့် အဖွဲ့အစည်း
(National Enlightenment Instistute)မှ သင်တန်းသား သင်တန်းသူများကို
ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က လက်ခံတွေ့ဆုံ၍ ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်
ရှိသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍
ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
(ထ) ၂၇-၆-၂၀၁၉
ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်သည် ရှမ်းပြည်နယ်၊ ကိုးကန့်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်ရှိ ဒေသခံတိုင်းရင်းသား
များနှင့် အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။
(ဒ) ကရင်ပြည်နယ် တိုင်းရင်းသား
လူမျိုးရေးရာရုံးတွင် ၂၀-၇-၂၀၁၉ ရက်နေ့မှ ၂၁-၇-၂၀၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်သည့်
ပအိုဝ်းအမျိုးသားလူငယ် ညီလာခံသို့ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊
ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း ၂ ဦး တက်ရောက်အားပေးခဲ့ပါသည်။
(ဓ) ၉-၈-၂၀၁၉ ရက်နေ့တွင် ပဲခူးမြို့၊
မြို့တော်ခန်းမ၌ မြန်မာနိုင်ငံဌာနေတိုင်းရင်းသား များကွန်ရက်မှ ကြီးမှူးကျင်းပသည့်
အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများ နေ့အခမ်းအနားသို့
တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်
တက်ရောက်ခဲ့ပါသည်။
(န) ၁၁-၈-၂၀၁၉
ရက်နေ့တွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ပြည်နယ်ကရင်စာပေနှင့်
ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းက ဦးဆောင်ကျင်းပသည့် ၄၂ ကြိမ်မြောက် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသို့
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ
အရာထမ်း ၁ ဦးနှင့် အမှုထမ်း ၁ ဦးတို့ တက်ရောက်ခဲ့ပြီး အခမ်းအနားကျင်းပပုံ
မှတ်တမ်းတင်ဓာတ်ပုံ များရိုက်ကူးခြင်းကိုလည်း ဆောင်ရွက်ခဲ့ပါသည်။