၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်
Image

၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်

၁။      မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲပြဋ္ဌာန်းခြင်း

                   တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ ဆိုင်ရာ ဒုတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌
၂၂--၂၀၁၇ ရက်နေ့မှ ၂၃--၂၀၁၇ ရက်နေ့အထိ ကျင်းပခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များက နည်းဥပဒေဒုတိယမူကြမ်း (Second Draft) အပေါ် အတည်ပြု နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါသည်။

၂။       လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခြင်း

          (က)    ၂၀၀၆ ခုနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်မူးယစ်အထူးအဖွဲ့က သိမ်းဆည်း ခဲ့ပြီးအခြားသူများအား သီးစားချထားသည့် ရှမ်းပြည်နယ် အမှတ် () ရပ်ကွက်ရှိ .၃၈၅ ဧကခန့်ကျယ်ဝန်းသော မန်နောင်ကချင်နှစ်ချင်းသုဿန်အား ရွာ၏လူမှုရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုသွားနိုင်မည့် အများပိုင်သာရေးနာရေး ခန်းမဆောင် ဆောက်လုပ်အသုံးပြုရန် မူလပိုင်ရှင်များထံပြန်လည်  စွန့်လွှတ်ပေး အပ်နိုင်ရေး  မန်နောင်ကျေးရွာလူထုမှ အသနားခံတင်ပြလာသည့်အပေါ် စိစစ် ဆောင်ရွက်ပေးနိုင်ရေးအတွက် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီသို့ ညှိနှိုင်းတင်ပြပေးခဲ့ပါသည်။

          ( )    ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တံတားကျိုးကျေးရွာရှိ လယ်မြေ ၃၉ ဧကအား ၁၉၉၂ ခုနှစ်တွင် အမှတ် (၂၃၀) တပ်ရင်းမှ လျော်ကြေးနှင့် အခြားမြေအစားပေးခြင်း မရှိဘဲ သိမ်းဆည်းခဲ့ကြောင်း၊ တပ်ရင်းအတွက်အကျိုးရှိသော လုပ်ငန်းများလည်း ဆောင်ရွက်ခြင်းမရှိကြောင်း၊ လုပ်ကိုင်စားသောက်ခွင့်လည်း မပြုသည့်အတွက် တိုင်းရင်းသားလယ်သမားများ နစ်နာလျက်ရှိကြောင်းနှင့် တိုင်းရင်းသားလယ်သမား များအား ပြန်လည်လုပ်ကိုင်ခွင့် ပြုပေးနိုင်ရန် တင်ပြလာသည့်ကိစ္စအပေါ် စိစစ် ကူညီဆောင်ရွက်ပေးရန် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်မတီသို့ တင်ပြ ညှိနှိုင်းပေးခဲ့ပါသည်။

၃။      နေ့ထူးနေ့မြတ်နှင့် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရာတွင်အားပေးကူညီခြင်း

          (က)    ၂၀-၁၀-၂၀၁၇ ရက်နေ့တွင် ကျရောက်သော ဒုတိယအကြိမ်မြောက် အင်းသား အမျိုးသားနေ့အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်၍ မိန့်ခွန်း ပြောကြားခဲ့ပါသည်။

          ()      ၂၆-၁၀-၂၀၁၇ ရက်နေ့တွင် ကျရောက်သော ပထမအကြိမ် ဓနုအမျိုးသား ညီလာခံ နှင့်၁၈-၁၁-၂၀၁၇ ရက်နေ့တွင် ကျရောက်သော ရှမ်းနှစ်သစ်ကူးနေ့သို့ ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်မှ ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ပါသည်။

          ()     ကရင်ပြည်နယ် ဘားအံမြို့၌ -၁၁-၂၀၁၇ နေ့တွင် ကျင်းပခဲ့သည့် ၆၂ ကြိမ် မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးယိမ်းအက ဖျော်ဖြေပွဲနှင့် ကာယ အလှမယ်ပြိုင်ပွဲ အခမ်းအနားများသို့ နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်အတူ ပြည်ထောင်စုဝန်ကြီး တက်ရောက် အားပေးကြည့်ရှုခဲ့ပါသည်။

          ()    --၂၀၁၈ ရက်နေ့တွင် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ()
၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပပြုလုပ်ရာတွင် ဝန်ကြီးဌာန အနေဖြင့်ပါဝင် ကူညီထောက်ပံ့ပေးခဲ့ပါသည်။

          ()      ၁၆--၂၀၁၈ ရက်နေ့မှ ၁၈--၂၀၁၈ ရက်နေ့ထိ ကျင်းပပြုလုပ်သည့် လီဆူ တိုင်းရင်းသားနှစ်သစ်ကူး (ခေါ့ရှိ) ပွဲတော်နှင့် ပူတာအိုမြို့ လီဆူတိုင်းရင်းသား ယဉ်ကျေးမှုကော်မတီနှစ် (၆၀) ပြည့် ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါဝင်တက်ရောက်ခဲ့ပါသည်။

            ()     နှစ် (၇၀) ပြည့် ချင်းအမျိုးသားနေ့အခမ်းအနားကို ၂၀--၂၀၁၈ နေ့တွင် ဟားခါးမြို့ ဝမ္မသူးမောင်းအားကစားကွင်း၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် နှင့်အတူ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက် အားပေးခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထံမှပေးပို့သော ချင်းအမျိုးသားနေ့ သဝဏ်လွှာကို ဖတ်ကြားပေးခဲ့ပါသည်။

          ()    --၂၀၁၈ ရက်နေ့တွင် ကျရောက်သည့် (၆၉) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျောက်ရေတွင်းကျေးရွာတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင် တက်ရောက်၍ အမှာစကား ပြောကြား ခဲ့ပါသည်။

          ()     ၁၉--၂၀၁၈ ရက်နေ့တွင် ၄၄ နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားကို မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်း မြွက်ကြားပေးခဲ့ပါသည်။

Image