၂၀၁၆ -၂၀၁၇
ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်
၁။ မူဝါဒ၊
ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲပြဋ္ဌာန်းခြင်း
(က) တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ ကနဦး မူကြမ်း (Zero Draft) ရေးဆွဲခဲ့ပြီး ယင်းမူကြမ်းအပေါ် ဆက်စပ် ပတ်သက်သူ (Stakeholder)များ ပူးပေါင်းပါဝင်ကြသည့် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို နေပြည်တော်ရှိ Royal President Hotel တွင် ၃၁-၁-၂၀၁၇ ရက်နေ့မှ ၁-၂-၂၀၁၇ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ရာ ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့်
အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာကော်မတီများမှ ကိုယ်စားလှယ်များ၊
ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊
နယ်စပ်ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်
မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်တို့မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာ
ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့ဝင်များ၊ တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်းများမှ
ကိုယ်စားလှယ်များနှင့်အတူ တိုင်းရင်းသားလူမျိုး
များရေးရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်၍ ကဏ္ဍအလိုက် အဖွဲ့ များခွဲကာ အကြံပြုဆွေးနွေးချက်များဖြင့် နည်းဥပဒေ ပထမမူကြမ်း (First Draft) အား ပြင်ဆင်ဖြည့်စွက် ရေးဆွဲနိုင်ရေးအတွက် ဆွေးနွေးနိုင်ခဲ့ကြပါသည်။
(
ခ ) ဌာနေတိုင်းရင်းသားလူမျိုးများအခွင့်အရေးဆိုင်ရာ
ကုလသမဂ္ဂကြေငြာစာတမ်း United Nations
Decalaration on the Rights of Indigenous Peoples (UNDRIP) တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများနှင့်ဆိုင်သော အချက် အလက်များအား ကောက်နုတ်စုစည်း ဆန်းစစ်ခြင်းကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။