တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ (၂) ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ရုံးအဆောက်အအုံအတွင်း မိုးရာသီတွင် ရေလျှံမှုဖြစ်ပွားခြင်းကြောင့် ကျောက်စီမြေထိန်းနံရံပြုလုပ်ခြင်း၊ အုတ်ခြံစည်းရိုး၊ အုတ်ရေမြောင်း၊ လူကူးတံတားတပ်ဆင်ခြင်းနှင့် တံခါးတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထိုသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်ထားရှိမှုအပေါ် ရှင်းလင်း တင်ပြခဲ့ကြပြီး ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား များစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုမပြိုကွဲရေးသည် နိုင်ငံသားတိုင်း၏ မွေးရာပါ တာဝန်ပင်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဘာသာစွဲနှင့် လူမျိုးစွဲ မထားဘဲ မည်သည့်အစိုးရအုပ်ချုပ်သည်ဖြစ်စေ နိုင်ငံတော်က ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးသည် အလွန်အရေးကြီးသည့်အတွက် တိုင်းရင်းသားများအားလုံး ကျရာ ကဏ္ဍတွင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများဖော်ဆောင်ရာ၌ စီမံကိန်းမြေယာများဖြစ်သည့် မြေလွတ်၊ မြေလတ်၊ မြေရိုင်း များနှင့်ပတ်သက်၍ ပြဌာန်းထားသည့်ဥပဒေများနှင့်အညီ ကွင်းဆင်းစစ်ဆေးရာတွင် မှန်မှန် ကန်ကန်ဖြင့် အချိန်မီပြီးစီးအောင်ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် မိမိဘဝတိုးတက်စေရန်၊ မိမိတို့ဝန်ကြီးဌာနတိုးတက်စေရန်နှင့် တိုင်းပြည် တိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အရေအတွက်မှ အရည်အချင်း ပြည့်မီစေရန် ဝန်ကြီးဌာနမှလည်း သင်တန်းများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ကြိုးစားသည့်အလျောက် အကျိုးခံစားခွင့်များရရှိမည်ဖြစ်ပါကြောင်း၊ မိုးကုန်၍ ခြောက်သွေ့ ရာသီရောက်ရှိပြီဖြစ်သည့်အတွက်မီးဘေးအန္တရာယ်ကို အထူးဂရုပြုကြရန်လည်း မှာကြား လိုပါကြောင်း၊ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီဖြစ်ပေါ်လာစေရေးနှင့် ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဖြစ်ပေါ်လာစေရေး ဦးတည်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။