တိုင်းရင်းသားရေးရာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်(လာအို) သို့သွားရောက်မည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကိုယ်စားလှယ်အဖွဲ့ ပြည်ထောင်စုဝန်ကြီးထံမှ ဩဝါဒခံယူ နေပြည်တော် နိုဝင်ဘာ ၂၅
Image

 တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် သည် ယနေ့ နံနက်ပိုင်း၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၀) အထောက်အပံ့ဖြင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံတွင်  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့မှ ဒီဇင်ဘာလ (၃) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တိုင်းရင်းသားရေးရာယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ်သို့ တက်ရောက်မည့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဩဝါဒအမှာစကားပြောကြားသည့် အခမ်းအနားသို့ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့်အတူ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးမှ ဩဝါဒအမှာစကားပြောကြားရာ၌ ယခုခရီးစဉ်တွင် ရွေးချယ်ထား သောသူများသည် နောင်တစ်ချိန်တွင် အဆင့်မြင့်တာဝန် ထမ်းဆောင်နိုင်မည့်သူများကို ရွေးချယ်ပြီး နိုင်ငံခြားအတွေ့အကြုံရရှိရန် စေလွှတ်ခြင်းဖြစ်ပါကြောင်း၊  မဲခေါင်-လန်ချန်းနိုင်ငံ များအကြား တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကိုဖလှယ်ရန်၊ တိုင်းရင်းသား ရေးရာမူဝါဒနှင့် အခွင့်အရေးဆိုင်ရာများအား လေ့လာရန်နှင့်မျှဝေရန်၊ မဲခေါင်ဒေသအတွင်းရှိ တိုင်းရင်းသားလူမျိုးများအကြား ချိတ်ဆက်ဆောင်ရွက်နိုင်သော ကွန်ယက် တစ်ခုဖြစ်ပေါ် စေရန်၊ မဲခေါင်ဒေသအတွင်းရှိ နိုင်ငံများအကြား အပြန်အလှန်နားလည်မှု တိုးတက်လာစေရန် ရည်ရွယ်၍  ဝန်ကြီးဌာနမှကိုယ်စားလှယ်များအား စေလွှတ်ခြင်း ဖြစ်ပါကြောင်း၊ ယခုခရီးစဉ်သွား ရောက်မည့် ကိုယ်စားလှယ်များအနေဖြင့် ခရီးစဉ်တစ်လျှောက် စနစ်တကျ၊ စည်းကမ်းရှိရှိ နေထိုင်သွားလာပြီး အဆင်ပြေချောမွေ့စွာဖြင့် ပြန်လည်ရောက်ရှိစေလိုပါကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် သွားရောက်သည့်အတွက် အကျိုးရှိ ထိရောက်၍ မိမိနိုင်ငံ၊ မိမိဌာန၏ ပုံရိပ်ကိုမြှင့်တင်ရန် လိုအပ်ပါကြောင်း၊ ခရီးစဉ်တစ်လျှောက် အချင်းချင်း ဖေးမကူညီရန် လိုအပ်ပါကြောင်း၊ ပြန်လည်ရောက်ရှိလာလျှင် ကိုယ်စီကိုယ်စီ အစီရင်ခံစာ တင်ပြရမည်ဖြစ်ပြီး ဝန်ထမ်းများကို တစ်ဦးစီ ပြန်လည်ရှင်းလင်း တင်ပြရမည်ဖြစ်ပါကြောင်း၊ ပြည်ပတွင်ရောက်ရှိနေစဉ်ကာလအတွင်း  ဆောင်ရန်/ရှောင်ရန် ဆောင်ရွက်ရမည့်အချက်များ၊ လိုက်နာရမည့်အချက်များကို မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ခရီးစဉ်နှင့်ပတ်သက်၍ မှာကြား ရာတွင် ယခုခရီးစဉ်သည် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအရ သွားရောက်သည့် စီမံကိန်းဖြစ်ခြင်းကြောင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မိမိနိုင်ငံ၊ မိမိဌာနကို ကိုယ်စားပြု သွားခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွက် အကျိုးရှိ ထိရောက်ရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားရေးရာယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်ဖြစ်သည့်အတွက် ခေါင်းစဉ်၏ရည်ရွယ် ချက်နှင့်အညီ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊   မိမိတို့၏ရိုးရာယဉ်ကျေးမှုများကို ထုတ်ဖော် ပြသရမည်ဖြစ်ပါကြောင်း၊ ခရီးစဉ်နှင့်ပတ်သက်၍ ခရီးစဉ်ပြီးဆုံးချိန်တွင် တစ်ဦးချင်းစီ အစီရင်ခံ ရမည်ဖြစ်၍ ဆောင်ရွက်မှုများကို စနစ်တကျမှတ်တမ်းပြုရန်၊  လာအိုနိုင်ငံ၏ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုများကိုလည်း လေ့လာခဲ့ကြရန်လိုပါကြောင်း၊ အဆက်အသွယ်ကောင်းများ ရရှိအောင်ဆောင်ရွက်ရန်၊ ကိုယ်စားလှယ်အဖွဲ့များအနေနှင့် ညီအစ်ကို မောင်နှမစိတ်ထားကာ အချင်းချင်းမေတ္တာဖြင့် ဖေးမကူညီကြရန် လိုအပ်ပါကြောင်း၊ ခရီးစဉ်အတွင်း ကျန်းမာရေး၊ စားသောက်နေထိုင်ရေး၊ လုံခြုံရေးတို့နှင့်ပတ်သက်၍ ဂရုစိုက်ရန် လိုအပ်ပါကြောင်း မှာကြား ခဲ့ပါသည်။

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ခရီးစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ ခရီးစဉ်အဆင်ပြေချောမွေ့စွာ သွားရောက်နိုင်ရေး ဆုမွန်ကောင်းတောင်း ပေးကာ အခမ်းအနားကို  ရုပ်သိမ်းခဲ့ပါသည်။

Image
Image
Image
Image