တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသားအရေးကိစ္စရပ်များကို အဓိကဆောင်ရွက်ရပြီး ထိလွယ်ရှလွယ်သည့်အတွက် အထူးဂရုပြုဆောင်ရွက်ကြရမည် နေပြည်တော် နိုဝင်ဘာ (၂၂)
Image

 မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် အဓိက ပင်မဦးစီးဌာန (၂)ခု ရှိပြီး တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားများ၏ အခွင့်အရေး ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားအရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ထိလွယ်ရှလွယ်သည့်အတွက် အထူးဂရုပြုဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် လုပ်ငန်းစီမံကိန်းများဖော်ဆောင်ရာ၌ မြေယာ များကို သေချာကွင်းဆင်းစိစစ်ကြရန် မှာကြားလိုပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှုးနှင့် လက်ထောက် ညွှန်ကြားရေးမှူးအဆင့်သို့ တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ခြင်းခံရသည့် အရာထမ်းများနှင့် နိုဝင်ဘာလ ၂၂ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ သည့် တွေ့ဆုံလမ်းညွှန်ခြင်းအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

 အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများသည် ပါတီနိုင်ငံရေး ကင်းရှင်းပြီး ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ပါ အချက်များကိုလိုက်နာ၍ ကြိုးစားအကောင် အထည်ဖော်ကြရန် ထပ်မံမှာကြားလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသား လူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေး လက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားများအခွင့်အရေး များကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝမြင့်မားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး စသည့်လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးကို ဦးတည်ချက်ထားရှိပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားဘာသာသင် (TA/LT) လျှောက်ထားမှုများကို ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကဆောင်ရွက်နေသည့်“ပန်းခင်းစီမံချက်”ဖြင့် 

နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ထုတ်ပေးခြင်း လုပ်ငန်းသည် လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် လွန်စွာအရေးကြီး သဖြင့် အားလုံးဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ တိုင်းရင်းသားများ၏ ပညာရည်မြင့်မားရေးကိုလည်း ကူညီဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ခေါင်းဆောင်မှု အရည်အချင်းပြည့်ဝသော ခေါင်းဆောင်ကောင်းများဖြစ်ရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

 ထို့နောက် ဒုတိယဝန်ကြီး  ဦးဇော်အေးမောင်က ယခု တစ်ဆင့်မြှင့်ရာထူးကို ဒုတိယ ညွှန်ကြားရေးမှူး (၂)ဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး (၂၉) ဦး တိုးမြှင့်ပေးခဲ့ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိအရည်အသွေးမြင့်မားစေရန် အမြဲကြိုးစား ကြံဆကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားအရေးကိစ္စရပ်များကို အဓိကထား ဆောင်ရွက်ရသည့်ဌာန ဖြစ်သည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက် သည့်ဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို သေချာစွာလေ့လာထားကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့်လည်း တိုင်းဒေသကြီး/ပြည်နယ်ရှိ ဥပဒေများ၊ မြေယာဥပဒေများကို သေချာသိရှိထားကြရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအား အဓိက (၃)ချက် လမ်းညွှန်မှာကြား လိုပါကြောင်း၊ ပြည်ထောင်စုစိတ်ဓါတ်မွေးမြူကြရန်၊ မိမိနိုင်ငံအပေါ် သစ္စာရှိကြရန်နှင့် မိမိတို့၏ ဝန်ကြီးဌာန တိုးတက်အောင် အမြဲကြံစည် လုပ်ကိုင်ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။ 

 ၎င်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနား ကိုရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ခြင်းခံရသည့်ဝန်ထမ်းများ၊ အခြားအရာထမ်း အမှုထမ်းများနှင့်အတူ ခင်မင်ရင်းနှီးစွာ နေ့လယ်စာအတူတကွ သုံးဆောင်ကြပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။


Image
Image
Image
Image
Image
Image
Image