တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ရှမ်ပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ အဆောက်အအုံ တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး တောင်ကြီး နိုဝင်ဘာ (၁၇)
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာလ (၁၇) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် တည်ဆောက်လျက်ရှိသည့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာ သင်တန်းစင်တာအဆောက်အအုံ တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ပမထဦးစွာ ရှင်းလင်းဆောင်၌ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာ သင်တန်းစင်တာအဆောက်အအုံကို တာဝန်ယူတည်ဆောက်လျက်ရှိသည့် မိုးယံဝင့်ချီ ကုမ္ပဏီလိမိတက်မှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ်သည် အေးချမ်းသည့် အတွက် ဤအဆောက်အအုံကို ပထမဦးဆုံး အကောင်အထည်ဖော်တည်ဆောက်ရခြင်း ဖြစ်ပါကြောင်း၊ သင်တန်းစင်တာသည် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ကနဦးအစပြုသည့် အမှတ်အသားတစ်ခုဖြစ်သဖြင့် သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် တည်ဆောက်သွားရန် မှာကြားလိုပါကြောင်း၊ အဆောက်အအုံကို တာဝန်ယူတည်ဆောက်နေသည့် ကုမ္ပဏီ အနေဖြင့်လည်း အခက်အခဲများရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများကို တင်ပြဆွေးနွေး နိုင်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အဆောက်အအုံတည်ဆောက်မှုနှင့် ပတ်သက်ပြီး မှန်ရမည်၊ မြန်ရမည်၊ Quality ကောင်းရမည်ဖြစ်ပါကြောင်း၊ မဲခေါင်-လန်ချန်း (၆)နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ဤအဆောက်အအုံ သည် နိုင်ငံတော်၏ ပြယုဒ်တစ်ခုလည်းဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဆောက်အအုံတည်ဆောက်နေမှုအား လာရောက်ကြည့်ရှုစစ်ဆေးမှု များနှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးကာ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ဆွေးနွေးတင်ပြခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းခွင်အတွင်း အဆောက်အအုံတည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည် များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပါသည်။
ရှမ်းပြည်နယ်၊ တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာစင်တာကို တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံတည်ဆောက်ပြီးစီး ပါက ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် ကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်း၊ မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်း၊ မိုဘိုင်းဖုန်းပြုပြင်သင်တန်းစသည်ဖြင့် သက်မွေးပညာကာလတိုသင်တန်းများကို ဖွင့်လှစ် ပေးသွားမည်ဖြစ်ပြီး တိုင်းရင်းသားများအချင်းချင်း တွေ့ဆုံနှီးနှော ဖလှယ်နိုင်မည့် အစည်းအဝေးများ၊ တွေ့ဆုံပွဲများနှင့် နေ့ထူးနေ့မြတ်အခမ်းအနားများကို ကျင်းပပြုလုပ် နိုင်မည်ဖြစ်ပါကြောင်း သိရှိရပါသည်။

Image
Image
Image
Image
Image