အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး 2025-07-15
Image

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို (၁၅-၇-၂၀၂၅) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ဘောလုံးကွင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် လူမှုဝန်ထမ်းဦးစီးဌာနမှ သင်တန်းနည်းပြ ဒေါ်သီတာထိုက်က သင်တန်းနှင့် ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီးနောက် အခမ်း အနားကို ရုပ်သိမ်းခဲ့ပါသည်။ 

အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို (၁၅-၇-၂၀၂၅) ရက်နေ့မှ (၁၄-၈-၂၀၂၅) ရက်နေ့ အထိ (၁) လကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသူ (၂၀) ဦးတက်ရောက်ကြမည်ဖြစ် ကြောင်း သိရှိရပါသည်။  



Image
Image
Image