ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးက ကြီးမှူး ကျင်းပသော “တိုင်းရင်းသားရေးရာအသိပညာပေးခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်နှင့် အခြေခံခြင်းရက်သင်တန်း” ဖွင့်ပွဲအခမ်း အနားကို (၁၂-၇-၂၀၂၅) ရက်နေ့တွင် တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။
အခမ်းအနားတွင် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးမောင်မောင်လတ်က အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးငါးရယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မှော်ဘီခရိုင်မှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွဋ်အောင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနမှ ခရိုင်မှူး ဦးမြင့်ဇော်ဦး၊ သမဝါယမဦးစီးဌာနမှ မှော်ဘီမြို့နယ်ဦးစီးမှူး ဦးအုန်းထွန်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်း တို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးအသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြပါသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခြင်းနှင့် စုပေါင်းအမှတ်တရဓါတ်ပုံများ ရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။
ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်း များက တိုင်းရင်းသားဒေသများ၏ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာ (၆၀) အား ရှင်းလင်းခြင်းနှင့် စစ်တမ်းကောက်ယူခြင်းကို ဆောင်ရွက်ခဲ့ရာ ကျား(၃၂) ဦး၊ မ( ၂၈) ဦး စုစုပေါင်း (၆၀) ဦးတို့က ဖြေဆိုခဲ့ကြပါသည်။
အခြေခံခြင်းရက်သင်တန်းကို (၁၂-၇-၂၀၂၅) ရက်နေ့မှ (၁၆-၇-၂၀၂၅) ရက်နေ့အထိ (၅) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသူ (၂၀) ဦးတို့က တက်ရောက်သင်ကြားသွား မည်ဖြစ်ကြောင်း သိရှိရပါသည်။