တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပရိဝုဏ်၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။
အဆိုပါအခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့်ဇနီးက ငါးသားပေါက်များကို ဝန်ကြီးဌာနရှိ တစ်ဖက်ပိတ်ဆည်အတွင်းသို့ ဦးစွာစိုက်ထည့်ပေးပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ငါးသားပေါက် များကို စိုက်ထည့်ပေးပြီးနောက် ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာထမ်းများက ငါးလုပ်ငန်း ဦးစီးဌာနမှ ပံ့ပိုးသည့် ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၅၀၀၀)ကို စိုက်ထည့်ပေးကြကြောင်း သတင်းရရှိပါသည်။