“တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်နှင့် အခြေခံခြင်းရက်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်
ရန်ကုန် 2025-05-29
Image

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး၏ ကြီးကြပ်မှုနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ “တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ် ချက်တို့ကို ဆန်းစစ်စီမံခြင်း” အစီအစဉ်နှင့် အခြေခံခြင်းရက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ရန်ကုန် တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ဘောလုံးကွင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေဘော်က အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးငါးရယ်၊ ကော့မှူးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန၊ ဦးစီးမှူး ဦးလှမင်းဦး၊  လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်သန္တာမိုး၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှငြိမ်း၊ သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုစုထွေး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းတို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးအသိပညာပေး ဟောပြောခဲ့ကြပြီး ကော့မှူးမြို့နယ်၊ ဘောလုံးကွင်းကျေးရွာ သင်းအုပ်ဆရာတော်မှ ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်း များက တိုင်းရင်းသားဒေသများ၏ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာ(၆၀) အား ရှင်းလင်းပြီးနောက် စစ်တမ်းကောက်ယူခဲ့ကြောင်း သိရှိရပါသည်။ 


Image
Image
Image
Image