တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တိုင်းရင်းသားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး တတိယအကြိမ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/ ၂၀၂၂)ကျင်းပ နေပြည်တော် နိုဝင်ဘာ ၁၁
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် တိုင်းရင်းသားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး တတိယအကြိမ် ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကားပြောကြားရာ၌ ယခင်ကျင်းပခဲ့သည့် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအား ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Teaching Assistant-TA နှင့် Language Teacher-LT ဆရာ/ဆရာမများ ခန့်ထားရေးနှင့် အခြားသောစိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်ရန် အတွက် ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် (၂၇-၁၀-၂၀၂၂) ရက်နေ့တွင် ကျင်းပခဲ့ ပါကြောင်း၊ အဆိုပါအစည်းအဝေးတွင် Teaching Assistant-TA နှင့် Language Teacher-LT ဆရာ/ဆရာမများ ရွေးချယ်ခန့်ထားရေးဆိုင်ရာမူ (SoP) စံပြုလုပ်ထုံးလုပ်နည်းများကို ပြန်လည် ပြင်ဆင်ရန်ဆွေးနွေးခဲ့ကြပါကြောင်း တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်များ၊ ဆန်းစစ်ခြင်း နှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းသင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများအနေဖြင့် ရန်ပုံငွေကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များသို့ တင်ပြဆောင်ရွက်စေလိုပါကြောင်း၊ ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရေးစခန်း (IDP Camp)များရှိ တိုင်းရင်းသားများနှင့်ပတ်သက်၍ ဘဏ္ဍာရန်ပုံငွေ လျာထားနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ တိုင်းရင်းသားလူမျိုး များနေထိုင်ရာဒေသအတွင်း ဖော်ဆောင်မည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ၅၊ တိုင်းရင်းသားလူမျိုး များ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများပါ နည်းဥပဒေ၂၀၊ ၂၁ တို့နှင့် အညီ စိစစ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အစိုးရက ခွင့်ပြုသည့်ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများအတွက် အသုံးပြုရန်လျှောက်ထား လာသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရှိ တိုင်းရင်းသား ရေးရာဝန်ကြီးများမှ ကွင်းဆင်းစိစစ်ရန်လိုအပ်ပါကြောင်း၊ မကြာမီကာလတွင် တိုင်းရင်းသား ဘာသာ စာပေသင် Teaching Assistant(TA)နှင့် Language Teacher(LT)ဆရာ/ဆရာမများ ရွေးချယ်ခန့်ထားရာတွင် ကြုံတွေ့ရသည့်အခက်အခဲများကို ဖြေရှင်းနိုင်မည့် အကောင်းဆုံး နည်းလမ်းများရရှိရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပညာရေးဝန်ကြီးဌာန နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများအပြင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်း/အဖွဲ့ ကိုယ်စားလှယ်များပါဝင်သည့်အစည်းအဝေးကို ကျင်းပဆောင်ရွက်ရန် စီစဉ်လျက် ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် တိုင်းရင်းသားများအတွက် ဆောင်ရွက်ပေးခဲ့သည့် အချက်များ၊ ဆက်လက်ဆောင်ရွက်ရမည့်အချက်များအား တိုင်းရင်းသားပြည်သူများ ပိုမို သိရှိလာပြီး တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်ရေးတို့အတွက် ပိုမို ပူးပေါင်းပါဝင်လာကြမည်ဟု ယုံကြည်ပါကြောင်း၊ တာဝန်ရှိသူများအားလုံးက တိုင်းရင်းသားများ အကျိုးကိုရှေ့ရှုပြီး ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) အခန်း(၁)၊ နိုင်ငံတော်အခြေခံမူများ ခေါင်းစဉ်အောက်ရှိ ပုဒ်မ ၂၂ (က)တွင် “နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်၊ ပုဒ်မ ၂၂ (ခ)တွင် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်လေးစားရေး၊ စည်းလုံးညီညွတ်ရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်၊ ပုဒ်မ ၂၂ (ဂ) တွင် တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ ပါဝင်သော လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်မည်ဟူ၍ ပြဋ္ဌာန်းထားပါကြောင်း၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေတွင် တိုင်းရင်းသားရေးရာဆိုသည်မှာ တိုင်းရင်းသားတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့် ဘာသာ၊ သမိုင်းအမွေအနှစ်၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါအခွင့်အရေးများ ရရှိရေး တို့အပါအဝင် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး စသည့်ကိစ္စရပ်များကို ဆိုခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ယနေ့ညှိနှိုင်းအစည်းအဝေးတွင် တိုင်းရင်းသားရေးရာများအား မည်ကဲ့သို့ပူးပေါင်း ဆောင်ရွက်ကြမည်ကို ညှိနှိုင်းဆွေးနွေးသွားကြမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်နည်းဥပဒေအရ ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များနှင့်ညှိနှိုင်းပြီး လုပ်ပိုင်ခွင့်များ အပ်နှင်းထားပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်၊ လူမှုရေးဦးတည်ချက် (က)တွင် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးဟုပါရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁ နှစ်နှင့် ၆ လ (၁၈လ) ပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့နိုင်ငံ လွတ်လပ်ရေးရယူရာတွင် ပင်လုံစာချုပ်နှင့် ပြည်ထောင်စု တစ်ခုလုံးကိုစုစည်းပြီး လွတ်လပ်ရေး ရယူခဲ့ပါကြောင်း၊ ပင်လုံစာချုပ်ဟုဆိုရာတွင် အနှစ်သာရမှာ ပင်လုံစိတ်ဓာတ်ပင်ဖြစ်ပါကြောင်း၊ ပင်လုံစိတ်ဓာတ်ဆိုသည်မှာ ပြည်ထောင်စုစိတ်ဓာတ်ဖြစ်ပါကြောင်း၊ ဤစိတ်ဓာတ်သည်အရင်းခံ ဖြစ်သလို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် အနာဂတ်ပြည်ထောင်စုကြီး တည်ဆောက်ရေး၏အခြေခံအုတ်မြစ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြစ်ပါကြောင်းကို ထည့်သွင်းပြောကြားခဲ့ပါကြောင်း၊ လူမှုရေးဦးတည်ချက်(ခ)တွင် တိုင်းရင်းသားလူမျိုးအပေါင်း တို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက် လက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေးဟု ပါရှိသကဲ့သို့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် စတုတ္ထအချက်ဖြစ်သည့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှအလေးထား လုပ်ဆောင်သွားမည်ဟုပါရှိပါသဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် အတူ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများနှင့်လည်း သက်ဆိုင်လျက် ရှိပါကြောင်း၊ ၂၉-၁၀-၂၀၂၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် (၄၇/၂၀၂၂)ဖြင့် အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေပြဌာန်းခဲ့ပါကြောင်း၊ အမျိုးသားပညာရေးဥပဒေပုဒ်မ ၄၄ ကို ပြင်ဆင်အစားထိုးရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် တိုင်းရင်းသားစာပေနှင့် ဘာသာစကားသင်ကြား သင်ယူမှုကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အခြေခံမူလတန်းအဆင့်တွင် ဆောင်ရွက်နိုင်သည်ဟုပါရှိသဖြင့် Teaching Assistant-TA နှင့် Language Teacher-LT ဆရာ/ဆရာမများ ခန့်ထားရေးနှင့်ပတ်သက်၍ မိမိတို့နှင့် တိုက်ရိုက်သက်ဆိုင်သည်ကို သိရှိစေ လိုပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် ကြုံတွေ့ ရသည့် စိန်ခေါ်မှုများနှင့် လိုအပ်မှုများကို တင်ပြဆွေးနွေးကြစေလိုပါကြောင်း ပြောကြားခဲ့ ပါသည်။

ယင်းနောက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ ဖြစ်ကြသော ဦးကျော်မင်းခိုင်၊ ဦးတင်လှ၊ ဦးစန်းကို၊ ဦးစိန်ထွန်းလှ၊ ဦးစိုင်းနိုင်နိုင်ကျော်၊ ဦးစောမာတင်လူသာ၊ ဦးစောလင်းအောင်၊ ဦးထွန်းခင်၊ ဦးစိုင်းနွမ်၊ ဦးခင်မောင်ဦး၊ ဦးတင်လှ၊ ဦးစောဂျက်ကော့ထူး၊ ဦးအောင်ကြည်ဝင်း၊ ဦးစောလင်းခယ်တို့က မိမိတို့တာဝန်ယူ ဆောင်ရွက် လျက်ရှိသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က အထွေထွေ ဆွေးနွေးတင်ပြခဲ့ကြပါသည်။

၎င်းနောက် ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအ‌ဝေးကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Image
Image