တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ ဆိပ်ခံဗောတံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေး နိုဝင်ဘာလ (၆) ၊ ရန်ကုန်
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် တည်ဆောက်လျှက်ရှိသည့် ဆိပ်ခံဗောတံတားစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့ နိုဝင်ဘာလ(၆)ရက်နေ့ နေ့လည် ( ၁၃:၃၀ ) အချိန်၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ တာဝန်ရှိသူများ လိုက်ပါလျက်သွားရောက်စစ်ဆေးခဲ့ရာ တင်ဒါအောင်မြင်သော တည်ဆောက်ရေး ကုမ္ပဏီဖြစ်သည့် Regal Strength Co.,Ltd. တာဝန်ရှိသူမှ ဆိပ်ခံဗောတံတားတည်ဆောက်ရေး ပိုင်ရိုက်ခြင်းလုပ်ငန်း (၂၂)တိုင် ပိုင်ရိုက်ထားမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် တည်ဆောက်ရေးလုပ်ငန်းများအား စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်အချိန်ကာလအတွင်း အပြီးဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သတိပြုဆောင်ရွက်သွားကြရန်မှာကြားခဲ့ပြီး လိုအပ်သည်များ အားပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

Image
Image
Image
Image
Image