တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ သတ္တမအကြိမ်မြောက် ကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ အေးမြရွှေပြည်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။
ပထမဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ခဲ့ပြီး ဒုတိယဝန်ကြီးနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က အေးမြရွှေပြည်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမဉ္ဇူသကထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇျ္စာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြပါသည်။
၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အေးမြရွှေပြည်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမဉ္ဇူသကထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ပြီး ကြွရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်းတို့က ဆရာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က အေးမြရွှေပြည် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမဉ္ဇူသကထံ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ ဗုဒ္ဓသာသနံစိရံတ္တို (၃)ကြိမ် ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အခမ်းအနားအပြီးတွင် ဆရာတော် သံဃာတော်များအား ဒုတိယဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ယနေ့ကျင်းပပြုလုပ်သည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ သတ္တမ အကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားတွင် ပစ္စည်းတန်ဖိုးနှင့် ငွေသားတန်ဖိုး စုစုပေါင်း ကျပ် (၄၃၆၃,၈၀ဝိ/-) ဖြစ်ကြောင်း သိရှိရပါသည်။