တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး တောင်ကြီး ဖေဖော်ဝါရီ (၆)
ရှမ်းပြည်နယ် 2025-02-07
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီလ ၅ ရက်နေ့ နေ့လယ်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ နင့် သက်မွေးပညာသင်တန်းစင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ပထမဦးစွာ အလုပ်ရုံဆောင်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသည့် မော်တော်ဆိုင်ကယ်အဆင့်မြင့်စက်ပြင်သင်တန်း (၁/၂၀၂၅)၊ Bakery & Snack အမျိုးမျိုးထုတ်လုပ်မှု သင်တန်း(၁/၂၀၂၅)နှင့် ကွန်ပျူတာအဆင့်မြှင့်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း (၁/၂၀၂၅) များသို့ တက်ရောက်နေကြသည့် သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းကြီးကြပ် အုပ်ချုပ်သူများ၊ နည်းပြဆရာ၊ ဆရာမများ၏ သင်တန်းချိန်အတွင်း လုပ်ငန်းဆောင်ရွက်နေမှု များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများနေထိုင်ရာ အဆောင်အိပ်ခန်းများနှင့်စားရိပ်သာဆောင်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၊ သင်တန်းသား/သင်တန်းသူများနှင့်တွေ့ဆုံကာ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းကျောင်း၏ ရေပေးဝေရေးစနစ်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆိုင်ကယ်ပြင်သင်တန်းဆင်း တိုင်းရင်းသားတစ်ဦး၏ သင်တန်းကျောင်းမှ သင်ပေးလိုက်သောပညာဖြင့် အသက်မွေး ဝမ်းကျောင်းပြုလုပ်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Image
Image