တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေ
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် နှင့် ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးပွဲအခမ်းအနားကို နိုဝင်ဘာလ (၅) ရက်နေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ တက်ရောက်ကြပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းအမွေ အနှစ်တို့ကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝမြင့်မားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့်လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးကို ဦးတည်ချက်ထားရှိပြီး လုပ်ငန်းများဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းရင်းသားဒေသများမှာနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်တွင်ပါဝင်သော လူမှုရေးဦးတည်ချက် (၃)ရပ်ထဲမှ “တိုင်းရင်းသား လူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုသည့် ဦးတည်ချက်အတိုင်း မိမိတို့ဝန်ကြီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များအနေဖြင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားဘဲ မိမိတို့တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်ရေးကိုသာ အဓိကာထားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ စာပေနှင့် ဘာသာစကားပျောက်လျှင် လူမျိုးပါပျောက်ကွယ်သွားနိုင်သဖြင့် မိမိတို့၏ စာပေ၊ ဘာသာ စကား၊ ယဉ်ကျေးမှုနှင့် မိမိတို့၏ ရိုးရာအမွေအနှစ်များကို လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးသည် အလွန်အရေးကြီးပါသဖြင့် တိုင်းရင်သားစည်းလုံးညီညွတ်မှု ရရှိစေရေး အားလုံးဝိုင်းဝန်း ကြိုးစာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများစည်း လုံးညီညွတ်မှ နိုင်ငံတော်ငြိမ်းချမ်းမည်၊ နိုင်ငံတော်ငြိမ်းချမ်းမှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက် မည်ဖြစ်ပါကြောင်း၊ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ခေါင်းဆောင်များဖြစ်ကြသဖြင့် လူငယ်များ၏ ပညာရေးကို ဦးစားပေးကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ဆောင်ရွက် နေသည့် “ပန်းခင်းစီမံချက်” အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးခြင်းလုပ်ငန်းသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် လွန်စွာအရေးကြီးသဖြင့် တိုင်းရင်းသားများအားလုံး ဝိုင်းဝန်းပါဝင်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးသည်လည်း ဝိုင်းဝန်းတည်ဆောက် ကြရမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
၎င်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ကရင်းပြည်နယ်အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့် ကရင်၊ မွန်၊ ဗမာ၊ ပအိုဝ်းနှင့် ရှမ်း စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက အထွေထွေ ဆွေးနွေးတင်ပြကြပါသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များအား ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image