တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ် ဧရာဝတီ၊ ဇန်နဝါရီ ၉
ဧရာဝတီ 2025-01-14
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် “တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို (၉.၁.၂၀၂၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် သာပေါင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်က မိတ်ဆက်စကား ပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်မြမာလာစိုးက အမျိုးသမီးရေးရာ၊ မသန်စွမ်းရေးရာ၊ ကလေးသူငယ်ရေးရာနှင့် လူမှုရေးပင်စင်စသည့် လူမှုဝန်ဆောင်မှုဆိုင်ရာများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေပါ သိမှတ်ဖွယ်ရာများ၊ ကလေးအလုပ်သမားနှင့်သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက်ပါ ကောက်နုတ်ချက်များ၊ ပြည်ထောင်စုစိတ်ဓါတ်ရှင်သန်ရေး၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့်တာဝန်များ၊ အမုန်းစကားနှင့် လူမျိုးပြုန်းစေမှု တားဆီးရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်မောင်မောင်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ သာပေါင်းမြို့နယ် ဦးစီးမှူး ဦးမျိုးမြင့်လွင်က မိုးစပါး၊ နွေစပါး စိုက်ပျိုးရေးနည်းစနစ်များနှင့် နေကြာ၊ နှမ်း၊ ပဲသီးနှံများ သီးထပ်စိုက်ပျိုးနိုင်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်နည်းများစသည့် စိုက်ပျိုးရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန သာပေါင်းမြို့နယ်၊ ဒုတိယကြီးကြပ်ရေးမှူး ဒေါ်ကျော့ကျော့ခိုင်က ကျွဲ၊ နွား၊ ဝက် မွေးမြူရေးလုပ်ငန်းများအကြောင်းနှင့် ကျရောက်လာနိုင်မည့် ရောဂါကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများစသည့် မွေးမြူရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကိုလည်းကောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် စစ်တမ်းများကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား(၇၇)ဦးတို့မှ ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။


Image
Image
Image
Image
Image