ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ၌ သက်မွေးပညာသင်တန်းဆင်းပွဲများကျင်းပ ရှမ်း၊ ဇန်နဝါရီလ ၁၀
ရှမ်းပြည်နယ် 2025-01-14
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အဆင့်မြင့်မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းအမှတ်စဉ် (၁/၂၀၂၄)၊ ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာ သင်တန်း(၁/၂၀၂၄) နှင့် အခြေခံလူသုံးကုန်ပစ္စည်းများထုတ်လုပ်မှုနည်းပညာသင်တန်း(၁/၂၀၂၅) သင်တန်းများဆင်းပွဲကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ အေးသာယာမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာ နှင့် သက်မွေးပညာသင်တန်းစင်တာ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ကထောက်ပံ့သည့် ထောက်ပံ့ပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား/သူများအား ပေးအပ်ခဲ့ပါသည်။ ထို့နောက်  သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက သင်တန်းမှ ထွက်ရှိသည့် ဝါးလက်မှုပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုများကို လှည့်လှည်ကြည့်ရှုရာ သင်တန်းနည်းပြနှင့် သင်တန်းသား/သူများမှ ကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ လိုက်လံရှင်းလင်းပြသခဲ့ပါသည်။

အဆိုပါ သင်တန်းများတွင် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများဖြစ်ကြသည့် ယင်းကြား၊ ရှမ်း၊ ပအိုဝ်း၊ ထနော့၊ တောင်ရိုး၊ လီဆူ၊ ဗမာ၊ ရခိုင်၊ ကရင်နှင့် ကချင်မျိုးနွယ်စုများမှ တိုင်းရင်းသား/သူ စုစုပေါင်း (၆၀) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရှိရပါသည်။ 

Image
Image
Image
Image