တိုင်းရင်းသားရေးရာနှင့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ် မကွေး၊ ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး 2025-01-14
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှဦးစီး၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် “တိုင်းရင်းသားရေးရာနှင့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနား”ကို (၇-၁-၂၀၂၅) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ ကန်ပြားကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း ကံ့ကော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်သူဦးက အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြတ်သန္တာဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပေါ်ပေါက် လာပုံနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာအကြောင်းကိုလည်းကောင်း၊  တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မွန်မွန်အေးက ဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များနှင့် တိုင်းရင်းသားလူမျိုးစုများအကြောင်းကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ အားကစား နှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်က အားကစားပြုလုပ်ခြင်း၏ အကျိုး ကျေးဇူးများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနုထွေးက လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ကလေးအလုပ်သမားဆိုင်ရာ ဥပဒေများအားလည်းကောင်း၊ မကွေးမြို့နယ်၊ အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲမှူးကျော်လင်းက လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ 

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောသည့် အကြောင်းအရာများနှင့်စပ်လျဉ်းသည့် ဉာဏ်စမ်းမေးခွန်းများအား မေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သည့် ကျောင်းသား/သူများအား ဆုလက်ဆောင်များချီးမြှင့်ခြင်း၊ ကန်ပြားကျေးရွာ အထက်တန်းကျောင်းစာကြည့်တိုက်အတွက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေစာအုပ်များပေးအပ်ခြင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ စာသင်ကျောင်းအတွက် ဘောလုံး၊ ခြင်းလုံးစသည့် အားကစားပစ္စည်းများပေးအပ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ စာသင်ကျောင်းအတွက် အလှူငွေထောက်ပံ့ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။ 


Image
Image
Image
Image
Image