ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်တိုင်းရင်းသားရေးရာဝန်ကြီး၏လမ်းညွှန်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာအသိပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်း အစီအစဉ်ကို ၃၁-၁၂-၂၀၂၄ ရက်နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ နမ့်လစ်ကျေးရွာအုပ်စု၊ လွယ်ဆိုင်ကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ နမ့်စန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေး မှူးရုံးမှ ညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများပါ အချက်အလက်များ၊ တိုင်းရင်းသားရေးရာ အသိပညာ ပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံ ခြင်းအစီအစဉ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းဖုန်းကျော်က တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များ ခန့်အပ်ထားမှု ကိစ္စများနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ အကြောင်း ကိုလည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မူးယစ်ရဲတပ်ဖွဲ့မှ ရဲမှူးအေးမင်းကျော်က မူးယစ် ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာအန္တရာယ်တို့ကိုလည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှူး တင်မောင်မြင့်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာကိစ္စရပ်များ အကြောင်းကိုလည်းကောင်း၊ နမ့်စန်မြို့၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆုဝေဝေဖြိုးက အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့် အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးကိစ္စရပ်များနှင့် လူမှုရေးပင်စင်တို့နှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ အကြောင်းကိုလည်း ကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစည်သူနိုင်က ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များ အကြောင်းကိုလည်းကောင်း အသီးသီးအသိ ပညာပေး ရှင်းလင်းပြောကြားခဲ့ကြပါသည်။
ထို့နောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ဒေသခံများထံ ထောက်ပံ့ပေး အပ်ခဲ့ပြီး ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူခြင်းကို တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားသို့ နမ့်စန်မြို့နယ်အတွင်းရှိ ယင်းကြားတိုင်းရင်းသား စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ပြီး စစ်တမ်းစောင်ရေ (၁၀၀) ကောက်ယူရရှိခဲ့ကြောင်း သိရှိရပါသည်။