ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်တိုင်းရင်းသားရေးရာဝန်ကြီး၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်း အစီအစဉ်ကို ၃၀-၁၂-၂၀၂၄ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကွန်ဟိန်းမြို့၊ နမ့်ခုံးပရဟိတခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည် ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများပါ အချက်အလက်များ၊ တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ် ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းဖုန်းကျော်က တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များခန့်အပ်ထားမှုကိစ္စများနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက် နေမှုများအကြောင်းကိုလည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မူးယစ်ရဲတပ်ဖွဲ့မှ ရဲမှူးတင်စိုးက မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာအန္တရာယ်တို့ကိုလည်း ကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှူး တင်မောင်မြင့်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာကိစ္စရပ်များ အကြောင်းကိုလည်းကောင်း၊ ကွန်ဟိန်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှိုင်ဇင်ဝင်းက အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေး အလုပ်သမားများ ဖယ်ရှားရေးကိစ္စရပ်များနှင့် လူမှုရေးပင်စင်တို့နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ အကြောင်းကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစည်သူနိုင်က ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များအကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြပါသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ဒေသခံများထံ ထောက်ပံ့ ပေးအပ်ခဲ့ပြီး ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူ သည့် အစီအစဉ်ကို တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်း များက ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားသို့ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ဗမာ၊ ရှမ်း၊ လားဟူ၊ အာခါ၊ တအာင်း(ပလောင်) တိုင်းရင်းသား စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ပြီး စစ်တမ်း စောင်ရေ (၁၀၀) ကောက်ယူရရှိခဲ့ကြောင်း သိရှိရပါသည်။