တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးကျင်းပသော “အခြေခံခြင်းတောင်း ရက်လုပ်ခြင်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကျင်းပ ကော့မှူး၊ ဒီဇင်ဘာ ၉
ကော့မှူး 2024-12-12
Image

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသ ကြီးညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် “အခြေခံခြင်းတောင်းရက်လုပ်ခြင်းသင်တန်း” ဖွင့်ပွဲ အခမ်းအနားကို (၉-၁၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တွံတေးခရိုင်၊ ကော့မှူး မြို့နယ်၊ ရှာဘွားအုပ်စု၊ ဘောလုံးကွင်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန် တိုင်း ဒေသကြီးညွှန်ကြားရေးမှူးရုံးမှ၊  ညွှန်ကြားရေးမှူးဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ပြောကြားခြင်း၊  တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးရွှေဘော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂) ဦးမြင့်ဦးနှင့် ကော့မှူးမြို့နယ် အုပ်ချုပ်ရေးမှူးဦးမျိုးမင်းတို့က သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းပြောကြားခဲ့ကြ ပြီးနောက် စုပေါင်းအမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။ 

အဆိုပါ အခြေခံခြင်းတောင်းရက်လုပ်ခြင်းသင်တန်းကို (၉-၁၂-၂၀၂၄) ရက်နေ့မှ (၁၃-၁၂-၂၀၂၄) ရက်နေ့အထိ (၅) ရက်ကြာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/သူ (၂၁) ဦးတို့က တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။ 


Image
Image
Image
Image
Image
Image