တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် ပဲခူးမြို့နယ်အတွင်းရှိ တိုင်းရင်းသားကျောင်းသား လူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေး အသိပညာ ဟောပြောပွဲကို (၄-၁၂-၂၀၂၄) ရက်နေ့က ပဲခူးမြို့နယ်၊ ထုံးကြီးစံပြကျေးရွာ၊ အ.ထ.က(ထုံးကြီး) အမေ့ရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်း အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ပြောကြားခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေတို့နှင့် လူငယ်ရေးရာကဏ္ဍတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယတိုင်းပညာရေးမှူး ဦးခင်အောင်ရီက ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင့်ကျော်က ကလေးသူငယ်အခွင့်အရေးများနှင့် ကာကွယ်စောင့်ရှောက်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်က အစားအသောက်နှင့်ဆေးဝါး အရည်အသွေးပြည့်မီ၊ ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်အားကစားမှူး ဒေါ်သန္တာဝင်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သော်ထက်ထက်ကျော်က တိုင်းရင်းသားဘာသာစာပေသင်ကြားသည့် ကိစ္စနှင့်ပတ်သက်၍လည်းကောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။
ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ဟောပြောပို့ချပေးသော ဌာနဆိုင်ရာမှ တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီးနောက် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါက ကျောင်းစာကြည့်တိုက်အတွက် အလှူငွေ ကျပ်တစ်သိန်း ငါးသောင်း တိတိအား အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (ထုံးကြီး) မှ ကျောင်းအုပ်ဆရာကြီးထံ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။