တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်) ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် တင်ဒါခေါ်ယူ၍ ဆောင်ရွက်လျက် ရှိသော သောင်တူးခြင်းလုပ်ငန်း၊ ကပွဲခန်းမအထွေထွေပြုပြင်ခြင်းလုပ်ငန်း၊ အုပ်ချုပ်မှုရုံး အဆောက် အအုံဆေးသုတ်မွမ်းမံခြင်းလုပ်ငန်း၊ ပြည်ထောင်စုခန်းမအထွေထွေပြုပြင်ခြင်းလုပ်ငန်း၊ ရေရရှိရေး လုပ်ငန်း၊ မီးရရှိရေးလုပ်ငန်းနှင့် WIfi တပ်ဆင်ခြင်းလုပ်ငန်းတို့အား လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအားကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို သိရှိလိုက်နာ ရမည်ဖြစ်ပါကြောင်း မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ယာယီတာဝန်ခံဒေါ်မိမြတ်ခတ္တာသင်း (ဒုတိယညွှန်ကြားရေးမှူး)က လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်း ရေပန်းကန်တွင် ရေပန်းအလှပြသထားမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ ဝန်ထမ်းများအသုံးပြုသည့် ရှမ်းအိမ်အနီးရှိ ရေလှောင်ကန်နှင့် ရေမော်တာ တပ်ဆင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခြင်း၊ ဆိပ်ခံဗောတံတားအနီး သောင်းတူးခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခြင်း၊ ကပွဲခန်းမ အထွေထွေပြုပြင်ခြင်းလုပ်ငန်း၊ အုပ်ချုပ်မှုရုံးအဆောက်အအုံ ဆေးသုတ်မွမ်းမံခြင်းလုပ်ငန်း၊ ပြည်ထောင်စုခန်းမအထွေထွေ ပြုပြင်ခြင်းလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ဝင်ငွေပိုမိုရရှိရေးအတွက် အလေးထား၍ ဆက်လက်ဆောင်ရွက်သွားရန်နှင့် လာရောက်ပန်းဖြေ လေ့လာသည့် ဧည့်သည်တော်များ စိတ်အေးချမ်းသာစွာ အပန်းဖြေစေနိုင်ရေး ဂရုတစိုက်ဆောင်ရွက်သွားရန်၊ ဝန်ထမ်းများမှ ဝန်ဆောင်မှု အကောင်းဆုံး ပေးကြရန်နှင့် ပြည်ထောင်စုခန်းမအတွင်း အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖျော်ဖြေတင်ဆက်မည့် တိုင်းရင်းသား/တိုင်းရင်းသူများ၏ တိုင်းရင်းသားရိုးရာအကအလှများကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။