တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ ရန်ကုန် ဒီဇင်ဘာ ၇ ရက်
ရန်ကုန် 2024-12-09
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ ရာထူး အဆင့်နှင့်လျော်ညီစွာ အရည်အသွေး ပြည့်ဝပြီး စွမ်းဆောင်ရည် မြင့်မားကြရန် လိုအပ်ပါကြောင်း ၊ နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျ မှန်ကန်စွာ သုံးစွဲရေး၊  အလေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ ရုံးတွင်းရုံးပြင်သန့်ရှင်း‌ရေး၊ လျှပ်စစ် မီးချွေတာသုံးစွဲကြရန်၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်း ဉပဒေနှင့် နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဌာန်(၆)ချက်နှင့် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်များကို အလေးထား လိုက်နာဆောင်ရွက်ကြရန်၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့်အညီ ဝန်ကြီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေသည့် အမျိုးသားစီမံကိန်း(၁၈)ချက်တွင် ပါဝင်သည့် ဦးစီးဌာနများမှ ဆောင်ရွက်ရမည့် လုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန်၊ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းအဖွဲ့များကို အသင်းအဖွဲ့ဆိုင်ရာ ဥပဒေနှင့်အညီ မှတ်ပုံတင်ထားရှိနိုင်ရေး စိစစ် ပူးပေါင်းကူညီဆောင်ရွက်ရန်၊ နိုင်ငံတော်အခမ်းအနားများတွင် တိုင်းရင်းသား ရိုးရာအကများ ဖျော်ဖြေတင်ဆက်နိုင်ရေး သက်ဆိုင်ရာ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အသင်းများအား အကြောင်းကြားဆောင်ရွက်ထားရန်၊ ဝန်ထမ်းများ သက်သာ ချောင်ချိရေးအတွက် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဝန်ဆောင်မှုပေးသည့် ဝန်ကြီးဌာနဖြစ်ပါသဖြင့် တိုင်းရင်းသား ပြည်သူများ၏ လိုအပ်ချက်များကို အဆင်အပြေအောင် ပူးပေါင်းကူညီအကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်း သားရေးရာဝန်ကြီး၏ အနီးကပ် ကြီးကြပ်မှုဖြင့် စည်းလုံးညီညွတ်စွာ ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Image
Image
Image
Image
Image
Image