အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ဘားအံမြို့တွင် ကျင်းပပြုလုပ် ဘားအံ၊ နိုဝင်ဘာ ၂၁
ကရင်ပြည်နယ်၊ ဘားအံ 2024-11-29
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ “အခြေခံလူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၂၁-၁၁-၂၀၂၄) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဒုံရင်းကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင် ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ဝန်ကြီးဌာနအကြောင်း မိတ်ဆက် ပြောကြားခြင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ပါသည်။ 

(၂၁-၁၁-၂၀၂၄) ရက်နေ့မှ (၂၅-၁၁-၂၀၂၄) ရက်နေ့အထိ (၅) ရက်ကြာဖွင့်လှစ်မည့်  လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းတွင်   ဆပ်ပြာရည်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာ များ၊ ဆပ်ပြာအကြည်ခဲထုတ်လုပ်မှု နည်းပညာများကို သင်တန်းသား/သူ (၂၀) ဦးတို့က တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။ 

Image
Image
Image
Image