ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ၌ ငှက်ပျောပင်မှ တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီး၊ နိုဝင်ဘာလ(၂၀)
ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့နယ် 2024-11-29
Image

       တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ “ငှက်ပျောပင်မှတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်း” သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေး ပညာသင်တန်းစင်တာ အစည်းအဝေးခန်းမ၌   ကျင်းပပြုလုပ်ခဲ့ပါသည်။ 

 အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ၊ သင်တန်းတွင်လိုက်နာရမည့် စည်းကမ်းများနှင့် သင်တန်းအား ပြီးမြောက်အောင် တက်ရောက်သင်ကြားကြရန် ပြောကြားခဲ့ပါသည်။

   ထို့နောက် Green Banana Myanmar မှ သင်တန်းနည်းပြဆရာ ဦးမြင့်သိန်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းနည်းပြဆရာ၊ ဆရာမ တစ်ဦးချင်းစီမှ အသီးသီး မိတ်ဆက်စကားပြောကြားခြင်း၊ သင်တန်းသား၊ သင်တန်းသူများမှ တစ်ဦးချင်း မိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။ 

     အဆိုပါ ငှက်ပျောပင်မှတန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်း သင်တန်းကို (၂၀-၁၁-၂၀၂၄) ရက်နေ့မှ (၄-၁၂-၂၀၂၄) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ရှမ်းပြည်နယ် အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ ယင်းကြား၊ လီဆူ၊ ချင်း၊ ဗမာ စသည့် တိုင်းရင်းသားမျိုးနွယ်စုမှ သင်တန်းသူ/သား စုစုပေါင်း (၂၀) ဦးတို့က တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။  

Image
Image
Image
Image
Image
Image
Image
Image
Image