တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာလ (၉) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)သို့ လုပ်ငန်းဆောင်ရွက်နေမှု များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုခန်းမပြုပြင်ခြင်းလုပ်ငန်းများ၊ အုပ်ချုပ်မှု ရုံးအဆောက်အအုံများ၊ ကပွဲခန်းမ၊ အဆောက်အဦဆေးသုတ်ခြင်းလုပ်ငန်းများနှင့် ရေ၊ မီးရရှိရေး စသည့်ဆောက်ရွက်ဆဲလုပ်ငန်းများတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လုပ်ငန်းများ အရည်အသွေးပြည့်မီစေရန်၊ အချိန်မီပြီးစီးအောင်ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို အသေးစိတ်ကြည့်ရှုစစ်ဆေး မှာကြားခဲ့ပါသည်။ ယင်းနောက် အရာထမ်း၊ အမှုထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အိမ်ရာများ စနစ်တကျသန့်ရှင်း သာယာလှပမှုရှိစေရေးအတွက် အပတ်စဉ်ပုံမှန်ဆောင်ရွက်ကြရန် အသေးစိတ်ကြည့်ရှု စစ်ဆေးတည့်မတ်ညွှန်ကြားခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာ ဝန်ကြီးနှင့်အဖွဲ့တို့သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်း တိုင်းရင်းသားများ၏ ရိုးရာနေအိမ်များ တည်ဆောက်ရေးပြုပြင်မှုလုပ်ငန်းများအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တိုင်းရင်းသားယဉ်ကျေးမှုရိုးရာအိမ်များအား ၎င်းတို့၏ မူလရိုးရာအစဉ် အလာများမပျောက်ပျက်အောင် ဂရုပြုထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရန်လည်း စဉ်ဆက်မပြတ်ပြုပြုမွမ်းမံ ထိန်းသိမ်းရမည်ဖြစ်ပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများကို တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည် အသွေးပြည့်မီအောင် ဆောင်ရွက်ရန်ကြရန် မှာကြားခဲ့ပါသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးတိုင်းရင်းသား ရေးရာဝန်ကြီးနှင့်အဖွဲ့တို့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် တာဝန် ထမ်းဆောင်နေသောဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တွေ့ဆုံအမှာစကားပြောကြားရာတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် အချို့သော သမိုင်းဝင်မှတ်တမ်းများကို တစ်နေရာတည်းတွင်စုစည်း၍ လေ့လာသိရှိမှတ်သားနိုင်စေရန် မီးမှောင်းထိုး ပြသဖော်ကျူးထားသည့်နေရာဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ယခုထက် ပိုမို ကောင်းမွန်အောင် စောင့်ကြပ်ကြည့်ရှုပြုပြင်ထိန်းသိမ်းခြင်း၊ မွမ်းမံခြင်းနှင့် လာရောက် လေ့လာကြည့်ရှုသည့် ပြည်သူလူထုများကိုလည်း စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စနစ်တကျရှင်းလင်းတင်ပြတတ်ရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို ယခင်က ဒီရေတောနယ်မြေဖြစ်နေသော်လည်း ဥယျာဉ်သဖွယ် စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် နည်းပညာများဖြင့်ဆောင်ရွက်နိုင်ရန် ယခုထက်ပိုမို ပြုပြင်ထိန်းသိမ်းရန်လိုအပ်သည့်လုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တင်ပြတောင်းခံသွားရန်နှင့် ဆောင်ရွက်လိုသည့်လုပ်ငန်းများကို သက်ဆိုင်ရာ ဦးစီးဌာနသို့ အချိန်မီတင်ပြသွားရန်လိုအပ်ကြောင်း၊ နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျမှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများ ကိုလည်း အထူးအလေးဂရုပြုလိုက်နာဆောင်ရွက်ရန်လိုအပ်သကဲ့သို့ လျာထားရငွေများကို လည်း ပြည့်မီစေရန် အထူးတိုက်တွန်းမှာကြားလိုပါကြောင်း၊ ဝန်ထမ်းများသည် မိမိတို့ ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်း ဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တွေ့ဆုံအမှာစကားပြောကြားရာတွင် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသည် တိုင်းရင်းသားများအားလုံး၏ အဓိကပြုယုဒ်တစ်ခု ဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများအနေဖြင့် မိမိကိုယ်ကို ဂုဏ်ယူစွာ တာဝန်ထမ်းဆောင် ကြရမည်ဖြစ်ပါကြောင်း၊ ယခုဘဏ္ဍာနှစ်အတွင်း တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိသည့် ဘယ်ရီဂိတ်တပ်ဆင်ခြင်းလုပ်ငန်း၊ ဝင်္ကပါပတ်လမ်းလုပ်ငန်း၊ ရေပန်းအလှတပ်ဆင်ခြင်းလုပ်ငန်း၊ အဆောက်အဦဆေးသုတ်ခြင်းလုပ်ငန်းနှင့် အများပြည်သူ သုံးသန့်စင်ခန်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို သတ်မှတ်အချိန်ကာလအတွင်း အချိန်မီ ပြီးစီးအောင်ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများအရည်အသွေးပြည့်မီစေရေးတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကွပ်ကဲကြရန် မှာကြားလိုပါကြောင်း၊ လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်း ပြည်သူများပိုမိုစိတ်ချမ်းသာစွာ အပန်းဖြေနိုင်ရန်အတွက် ဖူဆယ်ဘောလုံးကွင်း၊ အရုပ်ကောက်စက်နှင့် ရေကူးကန်လုပ်ငန်း စသည်များကို ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေ ၊ ဘဏ္ဍာရေးစည်းမျဉ်း (၃၅/ ၂၀၁၇) နှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ၏ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေကို အမြဲလေ့လာ ဖတ်မှတ်ထားရန် ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ/ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်နှင့် ဝန်ကြီးဌာနမှပေးအပ်သောတာဝန်များကို ကျေပွန်စွာ တာဝန် ထမ်းဆောင်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် ကြိုးစားဆောင်ရွက် ကြရန် ပြောကြားခဲ့ပါသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေများဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးမှုများနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးပါသည်။
ထို့နောက် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်လို သည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဖြည့်စွဥက်ရှင်းလင်းဆွေးနွေးပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အဖွဲ့တို့သည် ကမာရွတ်မြို့နယ်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေး ပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေ များကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာ သုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာ ရေးမူများကိုလည်း အထူးအလေးဂရုပြုလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက် ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စနစ်တကျ မှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်း များပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး (၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်း စဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့က မျှော်လင့်တောင့်တနေသည့် တိုင်းပြည် သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
၎င်းနောက်ဝန်ထမ်းများက ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်း ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။