တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး ဝန်ထမ်းများနှင့်တွေ့ဆုံ၊ မွန်ပြည်နယ် တိုင်းရင်းသားယဉ်ကျေးမှုဗဟိုဌာန (Ethnic Cultural Center) ရှိ လုပ်ငန်းဆောင်ရွက်နေမှု များအား ကြည့်ရှုစစ်ဆေး မော်လမြိုင် နိုဝင်ဘာ (၈)
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် 2024-11-11
Image

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုနှင့် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာလ (၇) ရက်နေ့ နေ့လယ်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများနှင့် အဆိုပါ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာ စကားပြောကြားခဲ့ပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများ ကိုလည်း အထူးအလေးဂရုပြုလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက် ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ မှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်း များပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး (၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့က မျှော်လင့်တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင်  ဝန်ထမ်းများအနေဖြင့် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဉပဒေ ၊ ဘဏ္ဍာရေး စည်းမျဉ်း (၃၅/ ၂၀၁၇) နှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ၏ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဉပဒေနှင့် နည်းဉပဒေကို အမြဲ လေ့လာ ဖတ်မှတ်ထားရန် ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ/ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန် မိမိတို့၏ ရာထူးအဆင့်နှင့် လျော်ညီစွာ အရည်အသွေးပြည့်ဝပြီးစွမ်းဆောင်ရည်မြင့်မား ကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများကို ဘဏ္ဍာရေး စည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ သုံးစွဲကြရန်၊ ဝန်ကြီးဌာနမှပေးအပ်သောတာဝန်များကို ကျေပွန်စွာ တာဝန်ထမ်းဆောင်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ၏အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့်  ကြိုးစားဆောင်ရွက် ကြရန် ပြောကြားခဲ့ပါသည်။

၎င်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဝန်ထမ်းများက အထွေထွေဆွေးနွေး တင်ပြကြရာ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

နိုဝင်ဘာလ (၈) ရက်နေ့ နေ့လယ်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ရောက်ရှိပြီး တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး  တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများနှင့် အဆိုပါ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား ရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများ ကိုလည်း အထူးအလေးဂရုပြုလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက် ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စနစ်တကျ မှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်း များပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး (၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံလျက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့က မျှော်လင့်တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ  အစွမ်းကုန်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်  တိုက်တွန်းပြောကြားခဲ့ပါသည်။

၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင်  ဝန်ထမ်းများအနေဖြင့် (၂၀၀၈)  ဖွဲ့စည်းပုံ အခြေခံဉပဒေ ၊ ဘဏ္ဍာရေး စည်းမျဉ်း (၃၅/ ၂၀၁၇)နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေကို အမြဲလေ့လာ ဖတ်မှတ်ထားရန်၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ/ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန် မိမိတို့၏ ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီးစွမ်းဆောင်ရည်မြင့်မားကြရန်လိုအပ် ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများကို ဘဏ္ဍာရေး စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲကြရန်၊ ဝန်ကြီးဌာနမှပေးအပ်သောတာဝန်များကို ကျေပွန်စွာ တာဝန်ထမ်းဆောင် ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့်  ကြိုးစားဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။

၎င်းနောက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဝန်ထမ်းများက အထွေထွေဆွေးနွေး တင်ပြကြရာ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မော်လမြိုင်မြို့နယ် မင်းရွာကျေးရွာရှိ  မွန်ပြည်နယ် တိုင်းရင်းသားယဉ်ကျေးမှုဗဟိုဌာန (Ethnic Cultural Center)  သို့ သွားရောက်၍ ၂၀၂၃ -၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြု ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့်လုပ်ငန်းများဖြစ်သော အဝင်မုခ်ဦး၊ လေးထပ် မျှော်စင်၊ ဝန်ထမ်းအိမ်ရာ ၊ဝင်းခြံစည်းရိုးစသည့် လုပ်ငန်းများနှင့် ၂၀၂၄ -၂၀၂၅ ခုနှစ် ခွင့်ပြုဘဏ္ဍာငွေဖြင့် ဆောင်ရွက် လျက်ရှိသော ယဉ်ကျေးမှုပြတိုက် အဆောက်အဦနှင့် အခြားဆက်စပ်လုပ်ငန်းများ ဆောင်ရွက် နေမှုများကို သွားရောက်ကြည့်ရှုခဲ့ရာ မွန်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး လိုအပ်သည်များကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ တိုင်းရင်းသားယဉ်ကျေးမှုဗဟိုစင်တာသည် မွန်ပြည်နယ်အတွင်းရှိ မွန် ၊ ဗမာ ၊ ပအိုဝ်း နှင့် ကရင် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာများကို တစ်နေရာတည်းတွင် အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ရန်နှင့် ပြည်နယ်ဂုဏ်ဆောင် ပြယုဂ်တစ်ခုလည်း ဖြစ်လာနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်

Image
Image
Image
Image
Image
Image
Image