ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးမှ ကြီးမှူး၍
ပဲခူးမြို့နယ်ရှိ
တိုင်းရင်းသား ကျောင်းလူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေ ရေး အသိပညာပေးဟောပြောပွဲကို
(၂၉-၁၀-၂၀၂၄)
ရက်နေ့က ပဲခူးမြို့၊ သရက်ကုန်းကျေးရွာ၊
အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သရက်ကုန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့
တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊
တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ
တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊
ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့
တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၊တိုင်းရင်းသားအခွင့်အရေးများကာကွယ်
စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး
ဒေါ်ခိုင်ရွှေဝါ မှ ဝန်ကြီးဌာန စတင်ဖြစ်ပေါ်လာပုံနှင့် ဝန်ကြီးဌာန၏မိတ်ဆက်၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်
အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများတွင် ပါဝင်သောအဓိကအခန်းကဏ္ဍများ နှင့်
လူငယ်နှင့်စာပေ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စည်းကမ်း၊
လူငယ်နှင့်အားကစား၊ လူငယ်နှင့် နည်းပညာအစရှိသည့် လူငယ့်ရေးရာကဏ္ဍတို့ကိုလည်းကောင်း၊
တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တက်ရောက်လာကြသည့် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒု-တိုင်းပညာရေးမှူး
ဦးခင်အောင်ရီက ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊
လူမှု ဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင့်ကျော်က
ကလေးများ၏ဖွံ့ဖြိုးမှု ခေါင်းစဉ် ဖြင့်လည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနများမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်က အစားအသောက် ဘေးကင်းလုံခြုံစိတ်ချစေရေးနှင့် ကျန်းမာကြံ့ခိုင်
ကာယဗလ မာန်တိုင်ဆက်နွယ်မှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ
ခရိုင်အား ကစားမှူး ဒေါ်သန္တာဝင်းက လူငယ်ဘဝခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်ကျော်ကျော်လတ်မှ
တိုင်းရင်းသားဘာသာစာပေသင်ကြားသည့် ကိစ္စ နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ပါသည်။
ဆက်လက်၍
တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ဟောပြောပို့ချပေးသော ဌာနဆိုင်ရာမှ တာဝန်ရှိသူများအား
အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊
ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြား ရေးမှူး ဒေါ်ခိုင်ရွှေဝါက ကျောင်းစာကြည့်တိုက်အတွက် အလှူငွေ ကျပ်တစ်သိန်း ငါးသောင်းတိတိအား အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သရက်ကုန်း ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းခဲ့ပါ
သည်။