တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
Jeng Phang နော်တောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး
ဦးအောင်ကြည်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များ၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ
တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ (၂၈) ရက်နေ့၊
နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အစည်းအဝေးခန်းမ၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့်
တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တွေ့ဆုံအမှာစကား ပြောကြားရာတွင်
မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို
ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကိုဆောင်ရွက်ခြင်းနှင့် စစ်မှန်သော
မျိုးချစ် စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာလာစေရေးအတွက် ကျန်းမာရေး၊
ပညာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းတာဝန်များကို နိုင်ငံတော်က
ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ
ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်အနက် လူမှုရေးဦးတည်ချက်ပါ
“တစ်နိုင်ငံလုံး အသိပညာအတတ်ပညာ မြင့်မားတိုးတက်စေရေး၊
ကုန်ထုတ်လုပ်မှု အထောက် အကူပြု ပညာရှင်များထွန်းကားလာစေရေးတို့အတွက် လူတိုင်းလက်လှမ်းမီသည့်
ဘက်စုံ ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ဆိုသည့် ဦးတည်ချက်ကို အထောက် အကူပြုစေရန်အတွက်
တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားဘာသာ
စာပေသင်ကြားမှုကို အမျိုးသားပညာရေးမူဝါဒ ပုဒ်မ (၄၄) နှင့်အညီ ကျောင်းသင် မူလတန်းပညာရေး
သင်ရိုးညွှန်းတမ်းကို ပေါင်းကူးအထောက်အကူပြု သင်ကြားနိုင်စေရန်အတွက် ပညာရေး ဝန်ကြီးဌာနနှင့်
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အစိုးရပညာကျောင်းများတွင် တိုင်းရင်းသား ဘာသာစာပေသင်ကြားရေး အထောက်အကူပြု ဆရာ/မ
(Teaching Assistant - TA) နှင့် တိုင်းရင်းသားစာပေသင် ဆရာ/မ (Language Teacher - LT) များအဖြစ် ခန့်ထားနိုင်ရန်အတွက် ၂၀၁၇ ခုနှစ်မှ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အထိ ပညာရေးဝန်ကြီးဌာနမှ
ပညာရေးမူဝါဒများနှင့်အညီ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
TA/LT တိုင်းရင်းသား ဘာသာသင် ဆရာ/ဆရာမပေါင်း (၁၈၄၂၇) ဦး ခန့်အပ်ခဲ့ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု
အသင်းအဖွဲ့များ အနေ ဖြင့် တရားဝင်သတ်မှတ်ချက် ဥပဒေနှင့်အညီ
မှတ်ပုံတင်ထားရှိရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်
အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်နိုင်ရေးကိစ္စနှင့်
တိုင်းရင်းသားများအတွက် တိုက်ရိုက်အကျိုးခံစားရစေမည့်လုပ်ငန်းများကို နိုင်ငံတော်၏လုံခြုံရေးနှင့်
အမျိုးသားအကျိုးစီးပွားတို့ကို မထိခိုက်စေဘဲ ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသ
များတွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌
မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် ဆောင်ရွက်မည့်လုပ်ငန်းများတွင်လည်း တိုင်းရင်းသားများ၏
ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ သက်ဆိုင်သည့်မြေများ
ပါဝင်မှုရှိ/မရှိ အချိန်နှင့်တစ်ပြေးညီ ကွင်းဆင်းစိစစ်ပြီး ဥပဒေ၊ နည်းဥပဒေ၊
လုပ်ထုံး လုပ်နည်းများနှင့်အညီ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲမှု ဗဟိုကော်မတီသို့
သဘောထားမှတ်ချက်များ ပြန်ကြားဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊
တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကို
ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံတော်နှင့် တိုင်းရင်းသားလူမျိုးများ၏အကျိုးစီးပွားကို
ရှေးရှု၍ တင်ပြဆောင်ရွက်နိုင်ပါကြောင်း၊ ယနေ့
တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တင်ပြသည့်အချက်များကို စနစ်တကျ
သေချာမှတ်သားပြီး သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ
အဖွဲ့များတို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်ပါကြောင်း၊
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတည်ငြိမ်အေးချမ်းမှုရှိရန်လိုပါကြောင်း၊
တိုင်းရင်းသား ဒေသများဖွံ့ဖြိုးတိုးတက်မှ တိုင်းပြည်အေးချမ်းသာယာဝပြောမည်ဖြစ်ပါကြောင်း၊
တိုင်းရင်းသားတိုင်းသည် နိုင်ငံသားများဖြစ်သကဲ့သို့ နိုင်ငံသားတိုင်းသည် တိုင်းရင်းသားလူမျိုးများ
မဟုတ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၀) ကျော် စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံတော်ကြီး ဖြစ်သည်နှင့်အညီ စစ်မှန်သော မျိုးချစ် စိတ်ဓာတ်ဖြစ်သည့်
ပြည်ထောင်စုစိတ်ဓာတ်ထားရှိကြရန်လိုအပ်ပါကြောင်း၊ ပြည်ထောင်စု စိတ်ဓာတ်ဆိုသည်မှာ တိုင်းရင်းသားများအားလုံး “တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်
တို့အားလုံးသည် တိုင်းရင်းသားညီအစ်ကိုများဖြစ်ပြီး အရေးကြီးလျှင် သွေးနီးကြမည်” ဆိုသည့်စိတ်ဓာတ်၊
“တောင်ပေါ်မြေပြန့်မခွဲခြား၊ တို့အားလုံးသည် သားချင်းများဖြစ်ကြပြီး နိုင်ငံတော်ကိုပူးပေါင်းကာကွယ်စောင့်ရှောက်ကြမည်”
ဆိုသည့်စိတ်ဓာတ်၊ “မရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ၊ ဥမကွဲ သိုက်မပျက် ချစ်ကြည်ရင်းနှီးစွာ
အတူတကွလက်တွဲနေထိုင်ကြသည့် မိသားစုများ”ဆိုသည့် စိတ်ဓာတ်များပင်ဖြစ်ပါကြောင်း၊
တိုင်းရင်းသားလူမျိုးများအနေဖြင့် တစ်ဦးနှင့်တစ်ဦး၊
တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်မျိုးနှင့်တစ်မျိုး အမုန်းမပွား အညှိုးမထားဘဲ ချစ်စကို ရှည်စေ
မုန်းစကိုတိုစေ၊ အမိနိုင်ငံတော်၏ စစ်မှန်သောအကျိုးစီးပွားကို ဦးတည်ချက်ထားရှိ နိုင်သည့်
ချစ်ကြည်ရင်းနှီး သွေးစည်းညီညွတ်မှုများဖြင့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ် ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို
အခြေခံ၍ ဒို့တာဝန်အရေးသုံးပါးကိုမထိခိုက်စေဘဲ နိုင်ငံသူ နိုင်ငံသားများနှင့် တိုင်းရင်းသားပြည်သူများအားလုံး
မျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရေးလုပ်ငန်း များတွင် မိမိတို့ကျရာကဏ္ဍမှ
ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အားကြိုးမာန်တက်
အစွမ်းကုန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး
ဦးအောင်ကြည်ဝင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးတို့က ရှမ်းပြည်နယ် အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသတွင်း ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့်
တိုင်းရင်းသားစာပေယဉ်ကျေးမှု ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
၎င်းနောက်
တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊
ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးတင်ပြကြရာ
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်
ဦးမင်းအေးကိုနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက
လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်
တိုင်းရင်းသား ရေးရာဝန်ကြီးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ
ပိုမိုထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်
တိုင်းရင်းသား ရေးရာဝန်ကြီးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့
ဥက္ကဋ္ဌတို့က ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအား
ထောက်ပံ့ငွေများ ပေးအပ်ထောက်ပံ့ခဲ့ပါသည်။
နေ့လယ်ပိုင်းတွင်
ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊
အေးသာယာမြို့၊ ခပေါင်းရေကြည်ရပ်ကွက်ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာသို့
သွားရောက်ပြီး သင်တန်းခန်းမ၊ သင်တန်းသား အိပ်ဆောင်၊ ထမင်းစားဆောင်၊ အလုပ်ရုံအဆောက်အဦတို့ကို
သွားရောက်ကြည့်ရှုပြီး သန့်ရှင်းသပ်ရပ်မှုရှိရေး၊ သတ်မှတ်ထားရှိသည့် သင်တန်းများကို
စဉ်ဆက်မပြတ်ဖွင့်လှစ်၍ စနစ်တကျသင်ကြားပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိရန် မှာကြားခဲ့ပါသည်။
ညနေပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သစ်ပင်ထောင်ရေထွက်မှ သက်မွေးပညာသင်တန်းစင်တာသို့
သင်တန်းသားများ သုံးရေလုံလောက်စွာရရှိနိုင်ရေးအတွက် ရေသွယ်တန်းထားရှိမှုများ၊ ရေစက်အတွက်
လျှပ်စစ်ဓာတ်အားခွဲရုံ (Transformer) တည်ဆောက်ပြီးစီးမှု၊ ဆိုလာစနစ်ဖြင့် ရေပို့လွှတ်ဆောင်ရွက်နေမှုအခြေအနေများကို
ကြည့်ရှု စစ်ဆေးခဲ့ပြီး ရေစုကန်သန့်ရှင်းရေး၊ ရေပိုက်လိုင်းများ၊ ရေလှောင်ကန်များနှင့်
ဆိုလာပြားများ လုံခြုံမှုရှိစွာဖြင့် ရေရှည်အသုံးပြုနိုင်ရေးတို့အတွက် မှာကြားခဲ့ပါသည်။
ရှမ်းပြည်နယ်
တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ၌ စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၂၄ ခုနှစ်၊
ဖေဖော်ဝါရီမှ အောက်တိုဘာလအထိ ဒေသခံ တိုင်းရင်းသားများအား အသက်မွေးဝမ်းကျောင်းဆိုင်ရာ
သင်တန်းများ (၁၂)ကြိမ်ထိ၊ သင်တန်းသားဦးရေ (၂၆၀) ဦးတို့အား စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီး
ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်
အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်ရေးတို့အတွက် ဆက်စပ်သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်
သင်ကြားပေးနိုင်ရေး စနစ်တကျစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။