တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)ရှိ ဝန်ထမ်းများ တွေ့ဆုံပွဲ အခမ်းအနား ရန်ကုန်၊ အောက်တိုဘာလ (၁၉)ရက်
ရန်ကုန်တိုင်းဒေသကြီး 2024-10-15
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည်             ၁၉-၁၀-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ ဝန်ထမ်းများ နှင့် တွေ့ဆုံပြီး ဝန်ထမ်းစည်းမျဉ်း၊ စည်ကမ်းများ၊ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ တာဝန်ထမ်းဆောင်ကြရန်၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လေလွင့်မှုမရှိစေရေး ဂရုပြုဆောင်ရွက်ကြရန်၊ ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် ၂၀၂၄-၂၀၂၅ စီမံကိန်းပါ လုပ်ငန်းများကို အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် မိမိတို့နိုင်ငံအပေါ်  နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ထားရှိကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ ခု  ဘဏ္ဍာရေးနှစ် ဈေးနှုန်းနှိုင်းယှဉ်ချက်ဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်း(၇)မျိုးနှင့် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သော လုပ်ငန်း(၆)မျိုး ၏ လုပ်ငန်းဆောင်ရွက်လျှက်ရှိသည့် အခြေအနေများနှင့် ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။

ထို့နောက် ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ နှင့်ပတ်သက်၍ တာဝန်ရှိသူများ၊ တင်ဒါအောင်မြင်သည့် လုပ်ငန်းရှင်များက ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ 

ထို့နောက် ဒုတိယဝန်ကြီးသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ် မြောက် အမျိုးသားအားကစားပွဲတော်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု ဘောလုံး (အမျိုးသား)အသင်းနှင့် ဖူဆယ် (အမျိုးသား)အသင်းတို့၏ လေ့ကျင့်နေမှုအား ကြည့်ရှု့အားပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

Image
Image