အလက(ညောင်အင်း)၊ ညောင်အင်းကျေးရွာ၊ ပဲခူမြို့နယ်ရှိ တိုင်းရင်းသားကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေး အသိပညာပေးဟောပြောပွဲ ပဲခူး၊ စက်တင်ဘာလ ၂၆ ရက်
ပဲခူးတိုင်းဒေသကြီး 2024-10-10
Image

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးက ကြီးမှူး၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ  ပဲခူးမြို့နယ်ရှိ တိုင်းရင်းသား ကျောင်းလူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား လူငယ်များဖြစ်စေရေး အသိပညာပေးဟောပြောပွဲကို (၂၆-၉-၂၀၂၄)ရက်နေ့က ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ညောင်အင်းကျေးရွာအုပ်စု၊ အ.လ.က-(ညောင်အင်း) တွင်  ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အ.လ.က(ညောင်အင်း)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများ၊  ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် တိုင်းရင်းသားအခွင့်အ‌ရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါက ဗလငါးတန် နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်ပေါ်စေရေးနှင့် လူငယ်ရေးရာကဏ္ဍ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းသန်းက တိုင်းရင်းသားဘာသာ စာပေသင်ကြားရေးဆိုင်ရာလုပ်ငန်းများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းဒေသ ကြီးပညာရေးမှူးရုံးမှ ဒုတိယတိုင်းပညာရေးမှူး ဦးခင်အောင်ရီက ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ  တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင်က အစားအသောက်နှင့် ဆေးဝါးအရည်အသွေးပြည့်မီ၊ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပဲခူးခရိုင်အားကစားမှူး ဒေါ်သန္တာဝင်းက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက ကလေးသူငယ်အခွင့်အရေးအများနှင့် ကာကွယ်စောင့်ရှောက်ရေး  ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြပါသည်။

ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ဟောပြောပို့ချပေးသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါက ကျောင်းစာကြည့်တိုက်အတွက် အလှူငွေ ကျပ်တစ်သိန်းငါးသောင်းတိတိအား အ.လ.က(ညောင်အင်း) ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

Image
Image
Image
Image
Image