သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီများ၏ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် လုပ်ငန်းစီမံကိန်းများ လျာထားခြင်းနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော် စက်တင်ဘာ (၂၄)
နေပြည်တော် 2024-09-27
Image

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီနှင့်တိုင်းဒေသကြီးနှင့်ပြည်နယ်သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီများ၏ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ် လုပ်ငန်းစီမံကိန်းများ လျာထားခြင်းနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၂၄-၉-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာသာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်း ဆပ်ကော်မတီဥက္ကဌ၊တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဇော်အေးမောင်က တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့တိုင်းဒေသကြီး နှင့်ပြည်နယ်ဒေသ 

ဆိုင်ရာသာသနာရေးနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ၊ ဥက္ကဌများ၊လုပ်ငန်းဆပ်ကော်မတီဝင် တိုင်းရင်း သားလူမျိုးများရေးရာ ဝန်ကြီးဌာန၊တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသား အခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြပါသည်။ 

အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အဖွင့်အမှာစကား ပြောကြားရာတွင်နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖေါ်ရေး လုပ်ငန်းကော်မတီ၏၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်လျာထားစီမံကိန်းလုပ်ငန်းများလျာထားခြင်းနှင့် စပ်လျဉ်း၍ လိုအပ်သည်များကိုတိုင်းဒေသကြီးနှင့်ပြည်နယ် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော် မတီများနှင့်ညှိနှိုင်းဆွေးနွေးစိစစ်နိုင်ရန်ယခုအစည်းအဝေးကိုကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ တိုင်းဒေ သကြီးနှင့်ပြည်နယ်သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီများ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်လျာထားလုပ်ငန်းစီမံကိန်းများကို ဆောင်ရွက်ရာတွင် နေရာဒေသအားလုံးအချိုးမျှတစွာ လျာ ထားဆောင်ရွက်စေလိုကြောင်း၊ မိမိတို့အကောင်အထည်ဖေါ်ဆောင်ရွက်လိုသည့် လုပ်ငန်းစီမံကိန်းများ ကို သတ်မှတ်ထားသည့်စီမံကိန်းဝင်ဒေသ ၁၆၉ မြို့နယ်တွင် ထိရောက်စွာအကောင်အထည်ဖေါ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားလူမျိုးရေးရာကိစ္စများကိုထိရောက်စွာအကောင်အထည်ဖေါ်နိုင် ရေးအတွက် ယခုကဲ့သို့လုပ်ငန်းဆပ်ကော်မတီများဖွဲ့စည်းအကောင်အထည်ဖေါ်ပေးနေခြင်းဖြစ်ကြောင်း၊  တိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ထို့ကြောင့် တိုင်း ဒေသကြီးနှင့်ပြည်နယ်သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီများအနေဖြင့် မိမိတို့ ၏တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်းသာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းစီမံကိန်းများကိုနေရာ ဒေသအကြားအလပ်မရှိ ဆောင်ရွက်နိုင်ရန်အတွက် ပထမဦးစားပေး၊ဒုတိယဦးစားပေး စသည်ဖြင့်ခွဲခြား ၍လျာထားအကောင်အထည်ဖေါ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယင်းကဲ့သို့ဆောင်ရွက်ရာတွင်လည်း ပြည်ထောင်စုမှဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများနှင့်မထပ်စေရန်အတွက် သက်ဆိုင်ရာဌာနများ နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်ဖြစ်ကြောင်း စသည်ဖြင့်ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဒေသ ဆိုင်ရာသာသနာရေးနှင့်ယဉ်ကျေးမှုဆပ်ကော်မတီဥက္ကဌများနှင့်ဆပ်ကော်မတီဝင်များက၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန်လျာထားသည့်လုပ်ငန်းစီမံကိန်းများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးကအကြံပြုဆွေးနွေးပြီးနောက်ဒုတိယဝန်ကြီးကနိဂုံးချုပ်အမှာစကားပြောကြားကာ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကိုရပ်နားခဲ့ကြောင်းသိရှိရပါသည်။


Image
Image