ရွာ (ရန်ကုန်)၌ ဆိပ်ခံဗောတံတား တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆိပ်ခံဗောတံတား ကို တာဝန်ယူတည်ဆောက်နေသည့် Regal Strength Co.,Ltd မန်နေဂျင်းဒါရိုက်တာက တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီး အောင်တည်ဆောက်သွားရန်၊ ရေထဲတွင် ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်သည့်အညီ စံချိန်စံညွှန်းများနှင့်အညီတည်ဆောက်ပြီး ကြံ့ခိုင်မှုရှိစေရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် အများပြည်သူအားလပ်ရက်များ၌ အပန်းဖြေလာရောက်ရာတွင် ကုန်းလမ်းအပြင် ရေလမ်းဖြင့်လည်း လာရောက်လည်ပတ် နိုင်ရန်အတွက် ဆိပ်ခံဗောတံတားတစ်စင်းကို ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် Regal Strength Co.,Ltd က ကျပ် (၄၄၉.၅၀၅) သန်းဖြင့် တင်ဒါအောင်မြင်ကာ တာဝန်ယူတည်ဆောက်ပေးလျက် ရှိပါသည်။ ထို ဆိပ်ခံဗောတံတားတည်ဆောက်ပြီးစီးပါက ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်)သို့ ကုန်လမ်း၊ ရေလမ်းဖြင့် လမ်းနှစ်သွယ်ဝင်ရောက်နိုင်သည့်အတွက် အများပြည်သူ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာနိုင်တော့မည်ဖြစ်ကြောင်း သိရှိ ရပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း များနှင့် တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် စည်းစည်းလုံးလုံးနှင့်လုပ်ငန်းတာဝန် များကို အောင်မြင်အောင်လုပ်ဆောင်သွားကြရန်၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်ပွဲများအား အောင်အောင်မြင်မြင်ဖြစ်စေရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားခဲ့ပြီး ဝန်ထမ်းများက အထွေထွေတင်ပြကြပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက် ပေးနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရှိရပါသည်။