တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား ရန်ကုန် ဩဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး 2024-09-06
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တာဝန်ရှိ သူများလိုက်ပါလျက် ဩဂုတ်လ (၃၀) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၏ လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများကို  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား ခဲ့ပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်း တိုင်းရင်းသားများ၏ ရိုးရာနေအိမ်များ တည်ဆောက်ရေးပြုပြင်မှုလုပ်ငန်း များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားယဉ်ကျေးမှုရိုးရာအိမ်များအား ၎င်းတို့၏မူလရိုးရာအစဉ် အလာများမပျောက်ပျက်အောင် ဂရုပြုထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရန်လည်း စဉ်ဆက်မပြတ်ပြုပြုမွမ်းမံ ထိန်းသိမ်းရမည်ဖြစ်ပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများကို တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင်နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည် အသွေးပြည့်မီအောင် ဆောင်ရွက်ရန်ကြရန် မှာကြားခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ နံနက်ပိုင်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားရိုးရာအိမ်များ ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်း၊ အုပ်ချုပ်မှုရုံးအဆောက်အအုံများ ဆေးသုတ်ခြင်းလုပ်ငန်း၊ ကပွဲခန်းမ၊ ပြည်ထောင်စုခန်းမ ပြုပြင်ခြင်းလုပ်ငန်းနှင့် ရေ၊ မီးရရှိရေး စသည့်ဆောက်ရွက်ဆဲလုပ်ငန်းများ၊ သောင်တူးခြင်း လုပ်ငန်းနှင့် အရာထမ်း၊ အမှုထမ်းအိမ်ရာများ စနစ်တကျသန့်ရှင်းသာယာလှပမှုရှိစေရေး တို့အား အသေးစိတ်ကြည့်ရှုစစ်ဆေးတည့်မတ်ညွှန်ကြားခဲ့ပါသည်။ ယင်းနောက် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကသင်တန်းနှင့် ကီးဘုတ်တီးခတ်ခြင်းသင်တန်းဖွင့်လှစ်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပါသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် တိုင်းရင်းသားလူမျိုး များ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် အချို့သော သမိုင်းဝင်မှတ်တမ်းများကို တစ်နေရာတည်းတွင်စုစည်း၍ လေ့လာသိရှိမှတ်သားနိုင်စေရန် မီးမှောင်းထိုး ပြသဖော်ကျူးထားသည့်နေရာဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ယခုထက် ပိုမိုကောင်းမွန်အောင် စောင့်ကြပ်ကြည့်ရှုပြုပြင်ထိန်းသိမ်းခြင်း၊ မွမ်းမံခြင်းနှင့် လာရောက် လေ့လာကြည့်ရှုသည့် ပြည်သူလူထုများကိုလည်း စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စနစ်တကျရှင်းလင်းတင်ပြတတ်ရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို ယခင်က ဒီရေတောနယ်မြေဖြစ်နေသော်လည်း ဥယျာဉ်သဖွယ် စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် နည်းပညာများဖြင့်ဆောင်ရွက်နိုင်ရန် ယခုထက်ပိုမို ပြုပြင်ထိန်းသိမ်းရန်လိုအပ်သည့်လုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်တွင် တင်ပြတောင်းခံသွားရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့် လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျမှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြုလိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်း ဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး(၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံလျက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့က မျှော်လင့် တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများ အားလုံးက မိမိတို့ကျရာကဏ္ဍမှ  အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်  တိုက်တွန်း ပြောကြားခဲ့ပါသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပါသည်။

၎င်းနောက် ဝန်ထမ်းများက လုပ်ငန်းလိုအပ်ချက်များကို အထွေထွေဆွေးနွေးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ တင်ပြချက်များနှင့် ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရပါသည်။


Image
Image
Image