တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိသားစုများ၏ နဝမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ နေပြည်တော် ဩဂုတ် ၃၀
နေပြည်တော် 2024-08-30
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိသားစုများ၏ နဝမအကြိမ်မြောက် ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည်ညိုကြပါ သည်။ 

အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဆရာဒကာကျောင်း ဖြစ်သည့် ဥတ္တရသီရိမြို့နယ်၊ မသိမ်ကျေးရွာ၊ မသိမ်ကျောင်းသစ်ကျောင်း ဆရာတော် ဦးသောဘဏထံမှ ဒုတိယဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်များမှ ပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့် တော်မူကြပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပါသည်။

ထို့နောက် ဆရာတော်ထံမှ အနုမောဒနာတရားများ နာယူကြပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ သာဓုအနုမောဒနာခေါ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းပါသည်။

အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်  (၅)ပါးအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီးနောက် ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး နေ့လယ်စာကို လက်ရည်တပြင်တည်း အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Image
Image
Image