နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄)ကျင်းပ နေပြည်တော်၊ စက်တင်ဘာ (၃)
နေပြည်တော် 2024-09-05
Image

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄) ကို (၃-၉-၂၀၂၄) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာတိုင်းဒေသကြီးနှင့်ပြည်နယ်ဒေသဆိုင်ရာသာသနာရေးနှင့်ယဉ်ကျေးမှုဆပ်ကော်မတီ၊ ဥက္ကဌများ၊လုပ်ငန်းဆပ်ကော်မတီဝင် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ စစ်သမိုင်းပြတိုက်နှင့်တပ်မတော်မော်ကွန်းတိုက်မှူးရုံး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊သာသနာရေး ဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ 

အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အဖွင့်အမှာစကား ပြောကြားရာတွင်နယ်စပ်ဒေသများမှာရှိတဲ့ ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦများ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အဓိကဆောင်ရွက်နေကြသည့် ဦးစီးဌာနများအနေဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်း များကို အကောင်အထည်ဖေါ် ဆောင်ရွက်ကြရာမှာ တိုင်းဒေသကြီး/ ပြည်နယ်အားလုံး အချိုးမျှတစွာ ရှိစေရေးနှင့် ဌာန၏လိုအပ်ချက်တို့ကို ပေါင်းစပ်ပြီး စီမံကိန်းများကို ဦးစားပေးအဆင့် သတ်မှတ်ဆောင်ရွက်ခြင်း အားဖြင့် နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါကြောင်း၊ ဆပ်ကော်မတီဝင်ဦးစီးဌာနများအနေနဲ့ မိမိတို့ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းစီမံကိန်းများကို ဦးစားပေး(၁)၊ ဦးစားပေး(၂)နဲ့ ဦးစားပေး(၃) ခွဲခြားပြီး နယ်စပ်ဒေသများတွင် သာသနာရေးနှင့်ယဉ်ကျေးမှု ဆိုင်ရာလုပ်ငန်းများအတွက် အကျိုးရှိမဲ့ လုပ်ငန်းစီမံကိန်းများကိုသာ ရွေးချယ် လျာထားတင်ပြရန်လို ကြောင်း၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနဲ့ အကောင်အထည်ဖေါ်မဲ့ လုပ်ငန်းများနဲ့ တိုင်းဒေသကြီး/ ပြည်နယ် ရန်ပုံငွေနဲ့ အကောင်အထည်ဖေါ်ဆောင် ရွက်မည့်လုပ်ငန်းများ မထပ်စေရန်အတွက်လည်း ဂရုပြုဆောင်ရွက်ကြစေလိုကြောင်း၊နိုင်ငံတော်ကဆောင်ရွက်အကောင်အထည်ဖေါ်လျက်ရှိသည့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်သာသနာရေးနှင့်ယဉ်ကျေးမှု၏အခန်းကဏ္ဍသည်အရေးကြီးကြောင်း၊သာသနာရေးနှင့်ယဉ်ကျေးမှုသည်အပြန်အလှန်အကျိုးပြုလျက်ရှိကြောင်း၊ထို့ကြောင့် မိမိတို့လုပ်ငန်းဆပ်ကော်မတီဝင်ဦးစီးဌာနများအနေဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှု ကို ဖွံ့ဖြိုးတိုးတက် စေမည့်လုပ်ငန်းစီမံကိန်းများကိုသတ်မှတ်စီမံကိန်းဝင်ဒေသများတွင်အကောင်အထည်ဖေါ်ကြရန်တိုက်တွန်းပါကြောင်း စသည်ဖြင့်ဆွေးနွေးမှာကြားခဲ့ပါသည်။

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဒေသ ဆိုင်ရာသာသနာရေးနှင့်ယဉ်ကျေးမှုဆပ်ကော်မတီဥက္ကဌများ၊ဆပ်ကော်မတီဝင်ဌာနများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ပထမ ၄ လပါတ်ကာလအတွင်း အကောင်အထည်ဖေါ်ဆောင်ရွက်ပြီးစီး သည့်လုပ်ငန်းများအခြေအနေနှင့်၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်ရန်လျာထားသည့်လုပ်ငန်း စီမံကိန်းများအားရှင်းလင်းတင်ပြကြရာဒုတိယဝန်ကြီးနှင့်အစည်းအဝေးတက်ရောက်လာသူများကအကြံပြုဆွေးနွေးကြပြီးနောက်ဒုတိယဝန်ကြီးကနိဂုံးချုပ်အမှာစကားပြောကြားကာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုရပ်နားခဲ့ကြောင်းသိရှိရပါသည်။


Image
Image