ပဲခူးမြို့၊ မြို့တော်ခန်းမ၌ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်၍ ကျင်းပပြုလုပ်သည့် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ပဲခူး၊ သြဂုတ်၂၉
ပဲခူးတိုင်းဒေသကြီး 2024-09-05
Image

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ရန်ပုံငွေဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်၍ ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို (၂၉.၈.၂၀၂၄) ရက်နေ့က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊  ပြည်ထောင်စု ဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး  တရားလွှတ်တော် တရားသူကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင် ရာများ၊ ကရင်၊ အရှို(ချင်း)၊ မွန်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ကရင်တိုင်းရင်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ ပါသည်။  

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့က ကရင်ဖားစည်အား (၉)ချက်တီး၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ကရင်ရိုးရာချည်ဖြူဖွဲ့ခြင်းဖြစ်ပေါ်လာပုံနှင့် ပတ်သက် ၍ ကရင်တိုင်းရင်းသားဘာသာစာပေသင် ဆရာမတစ်ဦးက ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် သရက်ကုန်း၊ ညောင်အင်း၊ ပျဉ်းမငူကျေးရွာများမှ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူ လေးများက ဖဲကြိုးကျစ်အက၊ ကရင်ရိုးရာအကများဖြင့်  ဖျော်ဖြေခဲ့ကြပါသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးက ဦးဆောင်၍ လက်ချည်ဖွဲ့ပစ္စည်း များနှင့် ဘိုးဘွားများ သတ်မှတ်နေရာများတွင် နေရာယူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများအား ချည်ဖြူဖွဲ့ပေးကြပြီး ကရင်အဘိုးအဘွားများအတွက် ထောက်ပံ့ငွေအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ကလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအတွက် ထောက်ပံ့ငွေအား ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ ကရင် ရိုးရာအကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ကျေးဇူးတင်စကား ပြောကြားပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနား တက်ရောက်လာကြ သူများအား နေလယ်စာဖြင့်  တည်ခင်းဧည့်ခံခဲ့ပါသည်။ ဒုတိယပိုင်း အခမ်းအနားအစီအစဉ်တွင် ကရင်ရိုးရာဒုံးအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


Image
Image
Image
Image
Image
Image